၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း
၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း 1
Unicode Version ဖြင့်ဖတ်ရန်
၁။ ၂၀၁၉ – ခုနှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကို (၈ – ၆ – ၂၀၁၉) ရက် ၊ စနေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။
၂။ အဆိုပါအောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပါသည်။ ၃။ ထို့အပြင် – အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊
၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း 1
– ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ – စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊
– လမ်းမတော်မြို့နယ် ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ – ဒဂုံမြို့နယ် ၊ အမှတ် ( ၂ ) အခြေခံပညာ အထက်တန်းကျောင်း နှင့်
– သင်္ကန်းကျွန်းမြို့နယ် ၊ အမှတ် ( ၁ ) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်း များကို ကပ်ထားပေးမည်ဖြစ်ပါသည်။
၄။ တိုင်းဒေသကြီး / ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း ၊ ခရိုင်အလိုက်သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ရုံးများတွင် လည်းကောင်း ၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် လည်းကောင်း (၈ -၆-၂၀၁၉) ရက်နေ့ နံနက်(၆)နာရီ နောက်ပိုင်းတွင်စုံစမ်းမေးမြန်းနိုင်ပါသည်။
၅။ အောင်စာရင်း ထုတ်ပြန်မည့် (၈ – ၆ – ၂၀၁၉) ရက်နေ နံနက်( ၆ ) နာရီ တွင် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက် ကြည့်ရှု နိုင်ရန် စီစဉ် ထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)