ဒိုင္နာ ခရီးသည္တင္အရွိန္လြန္ဝင္တိုက္မွုေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူေသဆုံး၍ ယာဥ္ေပၚပါသူမ်ား ဒဏ္ရာရရွိ

အုတ္တြင္း ဇြန္ ၆
ေတာင္ငူခရိုင္၊ အုတ္တြင္းၿမိဳ့နယ္၊ ေညာင္ေျခေထာက္ၿမိဳ့ေတာင္ဘက္ ၂ ဖာလုံခန႔္အကြာ ရန္ကုန္ –မႏၲေလးကားလမ္းတြင္ ဇြန္ ၅ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန႔္က ဒိုင္နာခရီးသည္တင္ယာဥ္မွ အရွိန္ လြန္၍ေရွ႕မွသြားေနသည့္ ဆိုင္ကယ္အားဝင္ေရာက္တိုက္မိခဲ့ရာ ဆိုကယ္ေမာင္းႏွင္သူေသဆုံးခဲ့ၿပီး ယာဥ္ ေပၚပါခရီးသည္ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၂ ဦးတို့ဒါဏ္ရာမ်ားရရွိသြားခဲ့သည္။

ဒိုင္နာ ခရီးသည္တင္အရွိန္လြန္ဝင္တိုက္မွုေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူေသဆုံး၍ ယာဥ္ေပၚပါသူမ်ား ဒဏ္ရာရရွိ 1

အခင္းျဖစ္ပြားရာသို့ ေညာင္ေျခေထာက္နယ္ေျမရဲစခန္းမွ စခန္းမွူး ရဲအုပ္ မ်ိဳးမင္းျမတ္ ႏွင့္အဖြဲ႕ကသြားေရာက္စစ္ေဆးခဲ့ရာ ရန္ကုန္-မႏၲေလးကားအတိုင္း ေတာင္မွေျမာက္သို့ ျမင့္ေဆြ ၄၇ ႏွစ္၊ ကသစ္တန္းရပ္ကြက္၊ အုတ္တြင္းၿမိဳ့ ေနသူေမာင္ႏွင္လာသည့္ BGO-RA/——ဒိုင္နာယာဥ္သည္ခရီးသည္မ်ားတင္ေဆာင္၍ေမာင္းႏွင္လာစဥ္ ကားလမ္းမိုင္တိုင္အမွတ္ ၁၃၅/၅ ႏွင့္ ၆အၾကားအခင္းျဖစ္ေနရာ အေရာက္

ဒိုင္နာ ခရီးသည္တင္အရွိန္လြန္ဝင္တိုက္မွုေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူေသဆုံး၍ ယာဥ္ေပၚပါသူမ်ား ဒဏ္ရာရရွိ 2

ဒိုင္နာ ခရီးသည္တင္အရွိန္လြန္ဝင္တိုက္မွုေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူေသဆုံး၍ ယာဥ္ေပၚပါသူမ်ား ဒဏ္ရာရရွိ 3

အရွိန္လြန္ၿပီး ေရွ႕လမ္း ေၾကာင္းတူမွ ဦးေဌးဝင္း ၄၃ ႏွစ္၊ ဘုရားႏွစ္ဆူေက်းရြာ၊ အုတ္တြင္းၿမိဳ့နယ္ေနသူ စီးနင္းေမာင္ႏွင္လာ သည့္ ဆိုင္ကယ္အားဝင္ေရာက္တိုက္မိခဲ့သျဖင့္ ဆိုင္ကယ္ေမာင္းသူ ဦးေဌးဝင္း မွာရရွိသည့္ဒဏ္ရာမ်ား ျဖင့္ေနရာ၌ ေသဆုံးသြားခဲ့ၿပီး ယာဥ္ေပၚတြင္လိုက္ပါလာေသာ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၂ ဦးတို့ မစိုးရိမ္ရဒါဏ္ရာမ်ားရရွိသြားခဲ့ေၾကာင္းသိရ၍ ေညာင္ေျခ ေထာက္နယ္ေျမရဲစခန္းက အမွုဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။ ကိုလြင္(ဆြာ)

 

Unicode Version ျဖင့္ဖတ္ရန္

 

အုတ်တွင်း ဇွန် ၆
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့တောင်ဘက် ၂ ဖာလုံခန့်အကွာ ရန်ကုန် –မန္တလေးကားလမ်းတွင် ဇွန် ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဒိုင်နာခရီးသည်တင်ယာဉ်မှ အရှိန် လွန်၍ရှေ့မှသွားနေသည့် ဆိုင်ကယ်အားဝင်ရောက်တိုက်မိခဲ့ရာ ဆိုကယ်မောင်းနှင်သူသေဆုံးခဲ့ပြီး ယာဉ် ပေါ်ပါခရီးသည် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့ဒါဏ်ရာများရရှိသွားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ညောင်ခြေထောက်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မျိုးမင်းမြတ် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားအတိုင်း တောင်မှမြောက်သို့ မြင့်ဆွေ ၄၇ နှစ်၊ ကသစ်တန်းရပ်ကွက်၊ အုတ်တွင်းမြို့ နေသူမောင်နှင်လာသည့် BGO-RA/——ဒိုင်နာယာဉ်သည်ခရီးသည်များတင်ဆောင်၍မောင်းနှင်လာစဉ် ကားလမ်းမိုင်တိုင်အမှတ် ၁၃၅/၅ နှင့် ၆အကြားအခင်းဖြစ်နေရာ အရောက်

အရှိန်လွန်ပြီး ရှေ့လမ်း ကြောင်းတူမှ ဦးဌေးဝင်း ၄၃ နှစ်၊ ဘုရားနှစ်ဆူကျေးရွာ၊ အုတ်တွင်းမြို့နယ်နေသူ စီးနင်းမောင်နှင်လာ သည့် ဆိုင်ကယ်အားဝင်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းသူ ဦးဌေးဝင်း မှာရရှိသည့်ဒဏ်ရာများ ဖြင့်နေရာ၌ သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့ မစိုးရိမ်ရဒါဏ်ရာများရရှိသွားခဲ့ကြောင်းသိရ၍ ညောင်ခြေ ထောက်နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကိုလွင်(ဆွာ)