ႏွစ္ေပါင္း ၂၀ အုပ္ခ်ဳပ္မႈ တိုင္းျပည္နိမ့္က်ၿပီး ထားစရာ မရွိေအာင္ ခ်မ္းသာသြား ဟု ေဟာေျပာ၍ တပ္မေတာ္က စာေရးဆရာမာန္ကို တရားစြဲဟုဆို

ရန္ကုန္၊ ဇြန္ ၆

တပ္မေတာ္အစိုးရလက္ထက္ ႏွစ္ေပါင္း ၂၀ အုပ္ခ်ဳပ္ၿပီးေနာက္ တိုင္းျပည္နိမ့္က်ၿပီး အုပ္ခ်ဳပ္သူမ်ား ထားစရာမရွိေအာင္ ခ်မ္းသာသြားဟု ေဟာေျပာၿပီး တပ္မေတာ္အႀကီးအကဲႏွင့္ တပ္မေတာ္သားမ်ားကို ပုတ္ခတ္သည့္အတြက္ စာေရးဆရာမာန္(ေတာင္လုံးျပန္) ကို တပ္မေတာ္က တရားစြဲဆိုျခင္းျဖစ္ေၾကာင္းကမ္း႐ိုးတန္း တိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး သန္႔ဇင္ဦးက ေျပာသည္။

၂၀၁၉ ခုႏွစ္ ၊ ေမလ ၉ ရက္ေန႔ ၊ ၿမိဳတ္ၿမိဳ႕တြင္ ျပဳလုပ္သည့္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး လူထုေဟာေျပာပြဲတြင္ စာေရးဆရာမာန္သည္ တပ္မေတာ္အႀကီးအကဲႏွင့္ တပ္မေတာ္သားမ်ားကို ပုတ္ခတ္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္က တရားစြဲဆိုျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“အဓိက ဖြံ႔ၿဖိဳးတိုးတက္မႈ နိမ့္က်ေနတယ္။ က်ေနာ္တို႔ တိုင္းျပည္ အစိုးရက အႏွစ္ ၂၀ အုပ္ခ်ဳပ္တာက စုတ္ျပတ္တက္ၿပီး ဘာမွ လုပ္လို႔မရတဲ့ တိုင္းျပည္ ျဖစ္သြားတာတို႔ ၊ ၿပီးရင္ အႏွစ္ ၂၀ အုပ္ခ်ဳပ္ၿပီး တိုင္းျပည္က ရစရာ မရွိတာတို႔ ၊ သူတို႔က ထားစရာ မရွိေအာင္ခ်မ္းသာသြားၾကတာတို႔ စသျဖင့္ အဲ့ဒါေတြ ေဟာေျပာခဲ့တယ္။ ေနာက္တစ္ခ်က္က တပ္မေတာ္က ဒီလိုအရည္အေသြးေတြ မရွိဘူး။ တပ္မေတာ္က ေရးထားတဲ့ အေနအထားက စစ္စည္းကမ္းက တပ္မေတာ္ရဲ႕ အသက္ ၊ တစ္ေသြးတစ္သံ တစ္မိန္႔ စစ္စည္ကမ္း အထက္ေအာက္ နာခံအမိန္႔ေတြနဲ႔ သြားရတာ။ ဒီမိုကေရစီ မရွိတဲ့သူေတြက ဒီမိုကေရစီ ရွိတဲ့ ျပည္သူေတြကို ဦးေဆာင္မယ္ဆိုေတာ့ စသျဖင့္ ေပါ့ အဲဒါေတြ ဟာေျပာသြားတယ္” ဟု ၎က ေျပာသည္။

ယင္းသို႔ ေဟာေျပာမႈမ်ားသည္ တပ္မေတာ္အေပၚ ေလးစားမႈက်င္ဆင္းၿပီး ျပည္သူလူထုက အထင္အျမင္ လြဲေစေၾကာင္း ၎က ဆိုသည္။

“က်ေနာ္တို႔ သူရဲ႕ေျပာဆိုခ်က္က တပ္မေတာ္အႀကီးအကဲ နဲ႔ တပ္မေတာ္သား ေတြရဲ႕ ဂုဏ္သိကၡာကို ထိခိုက္နစ္နာေစတယ္။ ၿပီးရင္ တပ္မေတာ္ထဲ တာဝန္ထမ္းေဆာင္ေနတဲ့ အရာရွိ စစ္သည္ေတြ က်ေနာ္တို႔တပ္မေတာ္အေပၚ ေလးစားမႈ က်ေစတယ္။ ျပည္သူ႔လူထုက အထင္ျမင္လြဲမွားေစတယ္” ဟု ဗိုလ္မွဴးႀကီးသန္႔ဇင္ဦးက ဆိုသည္။

ႏွစ္ေပါင္း ၂၀ အုပ္ခ်ဳပ္မႈ တိုင္းျပည္နိမ့္က်ၿပီး ထားစရာ မရွိေအာင္ ခ်မ္းသာသြား ဟု ေဟာေျပာ၍ တပ္မေတာ္က စာေရးဆရာမာန္ကို တရားစြဲဟုဆို 1

တပ္မေတာ္က စာေရးဆရာမာန္ႏွင့္ပတ္သက္၍ တရားစြဲရန္ ၿမိတ္ၿမိဳ႕နယ္ တရား႐ုံသို႔ ဦးတိုက္ေလွ်ာက္ထားၿပီး ပုဒ္မ မတပ္ရေသးေၾကာင္း သိရွိရသည္။

“တရားေရးကို က်ေန္ာတို႔က ၿမိဳ႕နယ္တရားသူႀကီးကို ဦးတိုက္ လွ်ာက္ထားတယ္။ ဦးတိုက္ေလွ်ာက္ထားတဲ့ အေပၚ မူတည္ၿပီး သူက သူဘာသာ ျမန္မာႏိ္ုင္ငံ ရဲတပ္ဖြဲကို ဒီဥစၥာက ဘာဥပေဒ ပုဒ္မနဲ႔ ၿငိစြန္းတယ္။ ျမန္မာႏိ္ုင္ငံ ရဲတပ္ဖဲြ ရဲစခန္းကေန ပုဒ္မ တပ္ေပးမယ္။ ဘာဆိုရင္ ဘာပုဒ္မ ၊ သြားၿပီး အက်ဳံးဝင္တယ္။ ဘယ္လို အမႈအခင္း ျဖစ္တယ္ ။ ဒီဟာဆိုရင္ ဘယ္လို ပုဒ္မ နဲ႔ တရားစြဲဆိုရမယ္ ။ ျမန္မာႏိုင္ငံ ၿမိဳ႕မ ရဲစခန္းကေန ဆက္လုပ္သြားလိမ့္မယ္။ ေလာေလာဆယ္ေတာ့ က်ေန္ာတို႔ အဲဒါကို ေဆာင္ရြက္ဆဲပဲ ရွိပါေသးတယ္” ဟု ဗိုလ္မႉးႀကီးသန္႔ဇင္ဦးက ဆိုသည္။

တပ္မေတာ္၏ တရားစြဲဆိုမႈႏွင့္ပတ္သက္ၿပီး စာေရးဆရာမာန္၏ သေဘာထားမွတ္ခ်က္ရရန္ ႀကိဳးပမ္းေသာ္လည္း အဆက္အသြယ္မရရွိေပ။

တပ္မေတာ္သည္ ဗိုလ္ႀကီးေဟာင္းေနမ်ဳိးဇင္၊ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး၊ ဒေါင္းတို႔မ်ဳိးဆက္သံခ်ပ္အဖြဲ႕ အပါအ၀င္ တက္ႂကြလႈပ္ရွားသူမ်ား၊ မီဒီယာမ်ားကို တရားစြဲဆိုမႈမ်ား လုပ္ေဆာင္လ်က္ရွိေနသည္။ Photo- Facebook/www.khitthitnews.com

 

Unicode Version ျဖင့္ဖတ္ရန္

 

ရန်ကုန်၊ ဇွန် ၆

တပ်မတော်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ အုပ်ချုပ်ပြီးနောက် တိုင်းပြည်နိမ့်ကျပြီး အုပ်ချုပ်သူများ ထားစရာမရှိအောင် ချမ်းသာသွားဟု ဟောပြောပြီး တပ်မတော်အကြီးအကဲနှင့် တပ်မတော်သားများကို ပုတ်ခတ်သည့်အတွက် စာရေးဆရာမာန်(တောင်လုံးပြန်) ကို တပ်မတော်က တရားစွဲဆိုခြင်းဖြစ်ကြောင်းကမ်းရိုးတန်း တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

၂၀၁၉ ခုနှစ် ၊ မေလ ၉ ရက်နေ့ ၊ မြိုတ်မြို့တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် စာရေးဆရာမာန်သည် တပ်မတော်အကြီးအကဲနှင့် တပ်မတော်သားများကို ပုတ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ႏွစ္ေပါင္း ၂၀ အုပ္ခ်ဳပ္မႈ တိုင္းျပည္နိမ့္က်ၿပီး ထားစရာ မရွိေအာင္ ခ်မ္းသာသြား ဟု ေဟာေျပာ၍ တပ္မေတာ္က စာေရးဆရာမာန္ကို တရားစြဲဟုဆို 1

“အဓိက ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတယ်။ ကျနော်တို့ တိုင်းပြည် အစိုးရက အနှစ် ၂၀ အုပ်ချုပ်တာက စုတ်ပြတ်တက်ပြီး ဘာမှ လုပ်လို့မရတဲ့ တိုင်းပြည် ဖြစ်သွားတာတို့ ၊ ပြီးရင် အနှစ် ၂၀ အုပ်ချုပ်ပြီး တိုင်းပြည်က ရစရာ မရှိတာတို့ ၊ သူတို့က ထားစရာ မရှိအောင်ချမ်းသာသွားကြတာတို့ စသဖြင့် အဲ့ဒါတွေ ဟောပြောခဲ့တယ်။ နောက်တစ်ချက်က တပ်မတော်က ဒီလိုအရည်အသွေးတွေ မရှိဘူး။ တပ်မတော်က ရေးထားတဲ့ အနေအထားက စစ်စည်းကမ်းက တပ်မတော်ရဲ့ အသက် ၊ တစ်သွေးတစ်သံ တစ်မိန့် စစ်စည်ကမ်း အထက်အောက် နာခံအမိန့်တွေနဲ့ သွားရတာ။ ဒီမိုကရေစီ မရှိတဲ့သူတွေက ဒီမိုကရေစီ ရှိတဲ့ ပြည်သူတွေကို ဦးဆောင်မယ်ဆိုတော့ စသဖြင့် ပေါ့ အဲဒါတွေ ဟာပြောသွားတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ ဟောပြောမှုများသည် တပ်မတော်အပေါ် လေးစားမှုကျင်ဆင်းပြီး ပြည်သူလူထုက အထင်အမြင် လွဲစေကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ သူရဲ့ပြောဆိုချက်က တပ်မတော်အကြီးအကဲ နဲ့ တပ်မတော်သား တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ်။ ပြီးရင် တပ်မတော်ထဲ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ စစ်သည်တွေ ကျနော်တို့တပ်မတော်အပေါ် လေးစားမှု ကျစေတယ်။ ပြည်သူ့လူထုက အထင်မြင်လွဲမှားစေတယ်” ဟု ဗိုလ်မှူးကြီးသန့်ဇင်ဦးက ဆိုသည်။

တပ်မတော်က စာရေးဆရာမာန်နှင့်ပတ်သက်၍ တရားစွဲရန် မြိတ်မြို့နယ် တရားရုံသို့ ဦးတိုက်လျှောက်ထားပြီး ပုဒ်မ မတပ်ရသေးကြောင်း သိရှိရသည်။

“တရားရေးကို ကျနေ်ာတို့က မြို့နယ်တရားသူကြီးကို ဦးတိုက် လျှာက်ထားတယ်။ ဦးတိုက်လျှောက်ထားတဲ့ အပေါ် မူတည်ပြီး သူက သူဘာသာ မြန်မာနိ်ုင်ငံ ရဲတပ်ဖွဲကို ဒီဥစ္စာက ဘာဥပဒေ ပုဒ်မနဲ့ ငြိစွန်းတယ်။ မြန်မာနိ်ုင်ငံ ရဲတပ်ဖွဲ ရဲစခန်းကနေ ပုဒ်မ တပ်ပေးမယ်။ ဘာဆိုရင် ဘာပုဒ်မ ၊ သွားပြီး အကျုံးဝင်တယ်။ ဘယ်လို အမှုအခင်း ဖြစ်တယ် ။ ဒီဟာဆိုရင် ဘယ်လို ပုဒ်မ နဲ့ တရားစွဲဆိုရမယ် ။ မြန်မာနိုင်ငံ မြို့မ ရဲစခန်းကနေ ဆက်လုပ်သွားလိမ့်မယ်။ လောလောဆယ်တော့ ကျနေ်ာတို့ အဲဒါကို ဆောင်ရွက်ဆဲပဲ ရှိပါသေးတယ်” ဟု ဗိုလ်မှူးကြီးသန့်ဇင်ဦးက ဆိုသည်။

တပ်မတော်၏ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး စာရေးဆရာမာန်၏ သဘောထားမှတ်ချက်ရရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိပေ။

တပ်မတော်သည် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ မီဒီယာများကို တရားစွဲဆိုမှုများ လုပ်ဆောင်လျက်ရှိနေသည်။ Photo- Facebook/www.khitthitnews.com