လူမဆန္စြာ အဓမၼက်င္႔ကာ သတ္ျပီး ေရကန္ထဲပစ္ခ်ခံခဲ႔ရတဲ႔ ေသဆုံုးသူ မႏွင္းကဗ်ာ သတင္းေနာက္ဆက္တြဲ

လူမဆန္စြာအဓမၼက်င္႔ကာသတ္ျပီး ေရကန္ထဲပစ္ခ်ခံခဲ႔ရတဲ႔ ေသဆုံုးသူ မႏွင္းကဗ်ာ သတင္းေနာက္ဆက္တြဲ

က်ိဳက္ခမီျမိဳ႕တြင္ျဖစ္ခဲ႔ေသာ ၄ ႏွစ္သမီးအား လူမဆန္စြာ အဓၶမ က်င္႔ကာသတ္ျပီး ေရကန္ထဲပစ္ခ်ခဲ႔တဲ႔ ျဖစ္စဥ္ ေနာက္ဆက္တြဲ

ယမန္ေန႔က က်ိဳက္ခမီျမိဳ႕မွာ ျဖစ္ခဲ႔တဲ႔ အဓမၼ ျပဳက်င့္၍ ေရကန္ထဲ ပစ္ခ်သတ္ျဖတ္ျခင္း ခံခဲ့ရေသာ သမီးေလး (မႏွင္းကဗ်ာ) ၏ အသုဘ အေလာင္းအား ရဲမႈခင္းဆိုင္ရာကိစၥရပ္မ်ားအတြက္ ရင္ခြဲစစ္ေဆး ၿပီး ျဖစ္၍ က်ိဳကၡမီၿမိဳ႕ျမန္မာသုသာန္၌ ဟိတကာရီဗုဒၶဘာသာလူငယ္မ်ား နာေရးကူညီမႈအသင္းမွေန၍ အစစအရာရာေဆာင္ရြက္ကူညီခဲ့ကာ မီးသၿဂိဳလ္ ၿပီးစီးခဲ့ပါၿပီး။

လူမဆန္စြာ အဓမၼက်င္႔ကာ သတ္ျပီး ေရကန္ထဲပစ္ခ်ခံခဲ႔ရတဲ႔ ေသဆုံုးသူ မႏွင္းကဗ်ာ သတင္းေနာက္ဆက္တြဲ 1

အျဖစ္မွန္မ်ားအား အမ်ားျပည္သူမ်ားသိရွိေစရန္ တင္ျပအပ္ပါသည္။လူမဆန္ေသာတရားခံ ၏နာမည္မွာ ခ်စ္ကို ျဖစ္ျပီး ဧရာဝတီတိုင္း ဖ်ာပံုၿမိဳ႕နယ္ အမာ ေက်းရြာပိုင္ က်ံုမေငး ဘက္မွဟု သိရကာ က်ိဳကၡမီၿမိဳ႕သို႔ေရႊ႕ေျပာင္း ေရလုပ္သားအျဖစ္လာေရာက္ လုပ္ကိုင္ခဲ့ပါသည္။

လူမဆန္စြာ အဓမၼက်င္႔ကာ သတ္ျပီး ေရကန္ထဲပစ္ခ်ခံခဲ႔ရတဲ႔ ေသဆုံုးသူ မႏွင္းကဗ်ာ သတင္းေနာက္ဆက္တြဲ 2

ေသဆံုးသူ မႏွင္းကဗ်ာ ၏ ေနအိမ္ ျခံတစ္ဝင္းထဲ၌ သီးျခားအိမ္ျဖင့္ ေနထိုင္ခဲ့ၿပီး ခင္မင္ေနၾကသူမ်ားျဖစ္ကာ(၅.၆.၂၀၁၉) ည ၇:၀၀ အခ်ိန္ခန္႔တြင္ အမျဖစ္သူ (၁၂)ႏွင့္ အတူ ေဆာ့ကစားေနေသာ မႏွင္းကဗ်ာအား မုန္႔ဝယ္ေကြ်းမည္ဟု ေျပာဆိုေခၚ ေဆာင္သြားခဲ့ေၾကာင္းသိရၿပီး

ည၈:၀၀ခန္႔မွ အေမျဖစ္သူႏွင့္ အိမ္နီးခ်င္း မ်ားသိရွိကာ လိုက္လံရွာေဖြခဲ့ေသာ္လည္း မေတြ႕ရသည့္ အတြက္ ရဲစခန္း၌ လူေျပာက္တိုင္ ခ်က္ဖြင့္ကာ ၎ တို႔ႏွစ္ဦးအား ထပ္မံရွာေဖြၾကစဥ္ တရားခံ ခ်စ္ကိုမွာ လံုခ်ည္ေရစို ျဖင့္ ျပန္လည္ ေရာက္ရွိလာၿပီး ၎ အားေမးျမန္းရာ သူမသိဟု သာျငင္းဆိုၿပီး ၎ကိုယ္တိုင္ပင္ ဟန္ေဆာင္ ရွာေဖြ ေပးခဲ့ေသးသည္။

လူမဆန္စြာ အဓမၼက်င္႔ကာ သတ္ျပီး ေရကန္ထဲပစ္ခ်ခံခဲ႔ရတဲ႔ ေသဆုံုးသူ မႏွင္းကဗ်ာ သတင္းေနာက္ဆက္တြဲ 3

ထို႔ေနာက္ ရပ္ကြက္တြင္း ေနထိုင္ သူအခ်ိဳ႕မွ တရားခံခ်စ္ကိုမွာ ခေလးခ်ီကာ ထြက္သြားသည္က္ုေတြ႕ရွိေၾကာင္းဝိုင္းဝန္းေျပာဆိုၾက၍ ၎ အားထပ္မံေမးျမန္းရာ ဆက္လက္ျငင္းဆိုေနသျဖင့္ တာဝန္ရွိ ရဲတပ္ဖြဲ႕ အားအေၾကာင္းၾကားၿပီး ဖမ္းဆီးစစ္ေဆးေမးျမန္း မွ ေရကန္ထဲသို႔ပစ္ခ်ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ပါသည္။

လူမဆန္စြာ အဓမၼက်င္႔ကာ သတ္ျပီး ေရကန္ထဲပစ္ခ်ခံခဲ႔ရတဲ႔ ေသဆုံုးသူ မႏွင္းကဗ်ာ သတင္းေနာက္ဆက္တြဲ 4

တရားခံ ပစ္ခ်ခဲ့ရာ ေရကန္အတြင္းသို႔ တာဝန္သိရပ္ကြက္ျပည္သူမ်ား ႏွင့္ ရပ္မိရပ္ဖမ်ား မွ ဆက္လက္ရွာေဖြ ရွာ ရာ ေရကန္ေထာင့္မွ ေပၚထြက္လာၿပီးဆယ္ယူခဲ့ခ်ိန္တြင္ အသက္မရွိေတာ့ပါ။ဆက္လက္၍ တရားခံ အား က်ိဳကၡမီရဲစခန္းသို႔လည္းေကာင္း Db အား ေဆးရံုသို႔လည္ေကာင္း ဟိတကာရီ လူနာတင္ယာဥ္ မ်ားျဖင့္ ကူညီပို႔ေဆာင္ေပးခဲပါသည္။

ေနာက္တစ္ေန႔ နံနက္ ၁၀:၃၀ တြင္သံျဖဴဇရပ္ၿမိဳ႕ နယ္ေဆးရံုႀကီးသို႔ ပို႔ေဆာင္ ခဲ့ၿပီး ရင္ခြဲစစ္ေဆးခဲ့ရာ ေဆးမွတ္တမ္းေတြ႕ရွိခ်က္မ်ားအရ အဓမၼ ျပဳက်င့္ၿပီး ခေလးမွာေသဆံုးၿပီးေနာက္ မွ ေရကန္ထဲသို႔ ပစ္ခ်ခဲ့ေၾကာင္း သိရွိရ၍ လူမဆန္စြာ ရက္ရက္စက္စက္ ယုတ္မာခဲ့ ေသာ တရားခံ ခ်စ္ကိုအား အဓမၼျပဳက်င့္ လူသတ္မႈ အေလာင္း ေဖ်ာက္ဖ်က္ မႈျဖင့္ ထိုက္သင့္ေသာျပစ္ဒဏ္မ်ားက်ခံ ေစရန္ က်ိဳကၡမီ ရဲ တပ္ဖြဲ႕မွ ဆက္လက္ေဆာင္ရြက္ေနပါေၾကာင္း တင္ျပအပ္ပါသည္။

လူမဆန္စြာ အဓမၼက်င္႔ကာ သတ္ျပီး ေရကန္ထဲပစ္ခ်ခံခဲ႔ရတဲ႔ ေသဆုံုးသူ မႏွင္းကဗ်ာ သတင္းေနာက္ဆက္တြဲ 5

ဒီလိုအျဖစ္ဆိုးမ်ိဳး မွ ဘဝဆက္တိုင္းမၾကံဳရမဆံုရပါေစနဲ႔ သမီးေလး ႏွင္းကဗ်ာေရ ဝဋ္ေႂကြးေတြရွိရင္လဲ ေၾကပါေစလို႔ ဝမ္းနည္း စြာ ဆုေတာင္းလိုက္ပါတယ္ကြယ္။ Thet Win Paing

 

Unicode Version ျဖင့္ဖတ္ရန္

 

လူမဆန်စွာအဓမ္မကျင့်ကာသတ်ပြီး ရေကန်ထဲပစ်ချခံခဲ့ရတဲ့ သေဆုံုးသူ မနှင်းကဗျာ သတင်းနောက်ဆက်တွဲ

ကျိုက်ခမီမြို့တွင်ဖြစ်ခဲ့သော ၄ နှစ်သမီးအား လူမဆန်စွာ အဓ္ဓမ ကျင့်ကာသတ်ပြီး ရေကန်ထဲပစ်ချခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ

ယမန်နေ့က ကျိုက်ခမီမြို့မှာ ဖြစ်ခဲ့တဲ့ အဓမ္မ ပြုကျင့်၍ ရေကန်ထဲ ပစ်ချသတ်ဖြတ်ခြင်း ခံခဲ့ရသော သမီးလေး (မနှင်းကဗျာ) ၏ အသုဘ အလောင်းအား ရဲမှုခင်းဆိုင်ရာကိစ္စရပ်များအတွက် ရင်ခွဲစစ်ဆေး ပြီး ဖြစ်၍ ကျိုက္ခမီမြို့မြန်မာသုသာန်၌ ဟိတကာရီဗုဒ္ဓဘာသာလူငယ်များ နာရေးကူညီမှုအသင်းမှနေ၍ အစစအရာရာဆောင်ရွက်ကူညီခဲ့ကာ မီးသဂြိုလ် ပြီးစီးခဲ့ပါပြီး။

အဖြစ်မှန်များအား အများပြည်သူများသိရှိစေရန် တင်ပြအပ်ပါသည်။လူမဆန်သောတရားခံ ၏နာမည်မှာ ချစ်ကို ဖြစ်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာ ကျေးရွာပိုင် ကျံုမငေး ဘက်မှဟု သိရကာ ကျိုက္ခမီမြို့သို့ရွှေ့ပြောင်း ရေလုပ်သားအဖြစ်လာရောက် လုပ်ကိုင်ခဲ့ပါသည်။

သေဆုံးသူ မနှင်းကဗျာ ၏ နေအိမ် ခြံတစ်ဝင်းထဲ၌ သီးခြားအိမ်ဖြင့် နေထိုင်ခဲ့ပြီး ခင်မင်နေကြသူများဖြစ်ကာ(၅.၆.၂၀၁၉) ည ရ:၀၀ အချိန်ခန့်တွင် အမဖြစ်သူ (၁၂)နှင့် အတူ ဆော့ကစားနေသော မနှင်းကဗျာအား မုန့်ဝယ်ကျွေးမည်ဟု ပြောဆိုခေါ် ဆောင်သွားခဲ့ကြောင်းသိရပြီး

ည၈:၀၀ခန့်မှ အမေဖြစ်သူနှင့် အိမ်နီးချင်း များသိရှိကာ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရသည့် အတွက် ရဲစခန်း၌ လူပြောက်တိုင် ချက်ဖွင့်ကာ ၎င်း တို့နှစ်ဦးအား ထပ်မံရှာဖွေကြစဉ် တရားခံ ချစ်ကိုမှာ လုံချည်ရေစို ဖြင့် ပြန်လည် ရောက်ရှိလာပြီး ၎င်း အားမေးမြန်းရာ သူမသိဟု သာငြင်းဆိုပြီး ၎င်းကိုယ်တိုင်ပင် ဟန်ဆောင် ရှာဖွေ ပေးခဲ့သေးသည်။

ထို့နောက် ရပ်ကွက်တွင်း နေထိုင် သူအချို့မှ တရားခံချစ်ကိုမှာ ခလေးချီကာ ထွက်သွားသည်က်ုတွေ့ရှိကြောင်းဝိုင်းဝန်းပြောဆိုကြ၍ ၎င်း အားထပ်မံမေးမြန်းရာ ဆက်လက်ငြင်းဆိုနေသဖြင့် တာဝန်ရှိ ရဲတပ်ဖွဲ့ အားအကြောင်းကြားပြီး ဖမ်းဆီးစစ်ဆေးမေးမြန်း မှ ရေကန်ထဲသို့ပစ်ချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါသည်။

တရားခံ ပစ်ချခဲ့ရာ ရေကန်အတွင်းသို့ တာဝန်သိရပ်ကွက်ပြည်သူများ နှင့် ရပ်မိရပ်ဖများ မှ ဆက်လက်ရှာဖွေ ရှာ ရာ ရေကန်ထောင့်မှ ပေါ်ထွက်လာပြီးဆယ်ယူခဲ့ချိန်တွင် အသက်မရှိတော့ပါ။ဆက်လက်၍ တရားခံ အား ကျိုက္ခမီရဲစခန်းသို့လည်းကောင်း Db အား ဆေးရုံသို့လည်ကောင်း ဟိတကာရီ လူနာတင်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးခဲပါသည်။

နောက်တစ်နေ့ နံနက် ၁၀:၃၀ တွင်သံဖြူဇရပ်မြို့ နယ်ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ပြီး ရင်ခွဲစစ်ဆေးခဲ့ရာ ဆေးမှတ်တမ်းတွေ့ရှိချက်များအရ အဓမ္မ ပြုကျင့်ပြီး ခလေးမှာသေဆုံးပြီးနောက် မှ ရေကန်ထဲသို့ ပစ်ချခဲ့ကြောင်း သိရှိရ၍ လူမဆန်စွာ ရက်ရက်စက်စက် ယုတ်မာခဲ့ သော တရားခံ ချစ်ကိုအား အဓမ္မပြုကျင့် လူသတ်မှု အလောင်း ဖျောက်ဖျက် မှုဖြင့် ထိုက်သင့်သောပြစ်ဒဏ်များကျခံ စေရန် ကျိုက္ခမီ ရဲ တပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်နေပါကြောင်း တင်ပြအပ်ပါသည်။

ဒီလိုအဖြစ်ဆိုးမျိုး မှ ဘဝဆက်တိုင်းမကြံုရမဆုံရပါစေနဲ့ သမီးလေး နှင်းကဗျာရေ ဝဋ်ကြွေးတွေရှိရင်လဲ ကြေပါစေလို့ ဝမ်းနည်း စွာ ဆုတောင်းလိုက်ပါတယ်ကွယ်။ Thet Win Paing