နာေရးကားေမာင္းတဲ့ မႏၲေလးၿမိဳ႕က မိန္းမသား

နာေရးယာဥ္ေမာင္း ေဒၚဝါဝါခိုင္ကို ေတြ႕ရစဥ္။
မႏၲေလးၿမိဳ႕၏ အစည္ကားဆုံးေနရာထဲမွာ ပါဝင္သည့္မဟာေအာင္ေျမေက်ာက္မ်က္ဝိုင္းအနီးမွာ “ေဒဝယာနိက” နာမွုကူညီေရးအသင္း ရွိသည္။ အသက္ ၄၉ ႏွစ္အရြယ္ ေဒၚဝါဝါခိုင္မွာ ေဒဝယာနိက အသင္း၏ တစ္ဦးတည္းေသာအမ်ိဳးသမီး နာေရးယာဥ္ေမာင္းတစ္ဦး ျဖစ္သည္။

နာေရးကားေမာင္းတဲ့ မႏၲေလးၿမိဳ႕က မိန္းမသား 1

“မသာတစ္ေခါက္ ေက်ာင္းဆယ္ေခါက္”ဟု ဆိုရိုးစကားရွိသည္။ အသုဘရွုတစ္ေခါက္သြားရာတြင္ ေလာက၏ မျမဲတဲ့ျဖစ္ပ်က္သေဘာတရားကို ကြင္းကြင္းကြက္ကြက္ ျမင္နိုင္တာေၾကာင့္ဘုန္းႀကီးေက်ာင္းကို ဆယ္ေခါက္သြားတာႏွင့္ ညီသည္ဟု ဆိုလိုရင္း ျဖစ္သည္။ သို႔ေသာ္ တခ်ိဳ႕က အသုဘကို နိမိတ္မေကာင္း၊ ကံမေကာင္းဟု ယူဆေရွာင္ရွားၿပီး မလႊဲမေရွာင္သာသည့္ လူမွုေရးအေၾကာင္းေၾကာင့္ သြားေရာက္ၾကသူမ်ား ရွိသည္။

ယခင္က နာေရးအိမ္က ေကၽြးသည့္အစားအစာကို မသတီတတ္ခဲ့ေသာ္လည္း ယခုေတာ့ အသုဘအိမ္မွာ အေလာင္းကို …

ေဒၚဝါဝါခိုင္ကမူ ေယာက်ာ္းသား နာေရးယာဥ္ေမာင္းမ်ားႏွင့္ ရင္ေပါင္တန္းၿပီး နာေရးကားကို ေမာင္း႐ုံသာမဟုတ္ဘဲ အသုဘျပင္ေပးသည့္ အလုပ္ေတြကိုပါ မတြန္႔မဆုတ္ လုပ္တတ္သူတစ္ဦးျဖစ္သည္။

“ကၽြန္မအမ်ိဳးသားက လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ဆုံးသြားခဲ့ပါတယ္။ သူဆုံးသြားေတာ့ လူကခ်ဳံးခ်ဳံးက်သြားတယ္။ ငါးႏွစ္သား ကေလးငယ္နဲ႔ ဘာမွလည္း လုပ္မစားတတ္ဘူး။ ကိုယ့္ကိုယ္ကိုယ္ေတာင္ သတ္ေသခ်င္စိတ္ ေပါက္သြားခဲ့တာ။ ေဈးဖိုးဟင္းဖိုး၊ ဆန္ေဈး ဆီေဈးေတာင္ ဘာမွန္းသိခဲ့တာ မဟုတ္ေအာင္ ေယာက်ာ္းျဖစ္သူကပဲ အရာရာ အားကိုးအားထားျပဳနိုင္ခဲ့တာေလ။ ေယာက်ာ္းဆုံးၿပီး တစ္ႏွစ္ေလာက္အၾကာမွာ ဒီေဒဝယာနိက အသင္း စေထာင္ခ်ိန္မွာ ကၽြန္မ အသင္းဝင္ျဖစ္ခဲ့တာ”ဟု ေဒၚဝါဝါခိုင္က ေျပာသည္။

“အသင္းဝင္ျဖစ္တာက ပိုက္ဆံမကုန္တဲ့ ကုသိုလ္ဆိုတဲ့စိတ္ကူးနဲ႔ ဝင္လိုက္တာ။ ကိုယ့္အေနနဲ႔ဆို လ·နိုင္ဖို႔ဆိုတာအေတာ္ေဝးသြားၿပီေလ။ အသင္းထဲေရာက္ေတာ့ စိတ္လည္းေပါ့ပါးသြားတယ္။ အိမ္ပိုင္ေျမပိုင္ေလးရွိေနေတာ့သားအတြက္လည္း အခုမပူေတာ့ပါဘူး။ စိတ္ကို ဒုန္းဒုန္းခ်ပစ္လိုက္နိုင္ပါၿပီ။ ကိုယ္လည္း တစ္ေန႔ ဒီလမ္းကိုပဲ သြားရမွာဆိုတာလည္း စိတ္ထားတတ္ၿပီ”ဟု ေဒၚဝါဝါခိုင္က ေျပာသည္။

အသင္းစည္းကမ္းအရ အသင္းကို ေရာက္ေရာက္ခ်င္းတြင္ နာေရးကားကို ေဒၚဝါဝါခိုင္ မေမာင္းခဲ့ရေပ။ အရင္ကတည္းက ကားေမာင္းလိုင္စင္ရွိထားေပမဲ့ နာေရးကားဆိုေတာ့ ေမာင္းရင္ အမွားအယြင္းကင္းဖို႔ လိုသည္။ လမ္းေၾကာေတြ ကၽြမ္းက်င္ေအာင္ တစ္ႏွစ္ေလာက္လိုက္ၿပီးမွ စေမာင္းခြင့္ရသည္။

“အသင္းက လူႀကီးေတြကိုယ္တိုင္ ေဘးက လိုက္စီးၾကည့္ၿပီးစိတ္ခ်ရၿပီဆိုမွ လႊတ္ခဲ့တာပါ။ ပထမဆုံး ေတာင္အင္း ေျမာက္အင္း(သုသာန္) ဖြင့္ကာစ ညပိုင္းမွာ အေမာင္းျပရတယ္။ အသင္းပုံရိပ္မပ်က္ေအာင္၊ ေသေသသပ္သပ္ အမွားအယြင္းမျဖစ္ရေအာင္၊ အပူရွိေနတဲ့ နာေရးရွင္မိသားစုလည္း စိတ္ခ်မ္းသာရေအာင္ပါ။ အေလာင္းတင္ထားတဲ့ ကားနဲ႔က် အမွားအယြင္းျဖစ္လို႔ မရဘူး။ နာေရးလုပ္မယ္ဆို လမ္းအဝင္အထြက္ေတြ အရင္ဆုံး သြားၾကည့္ထားရပါတယ္။ အယူသီးတဲ့ ရပ္ကြက္ေတြရွိတယ္”ဟု ေဒၚဝါဝါခိုင္က ေျပာသည္။

အသင္းမွာ ေဒၚဝါဝါခိုင္အပါအဝင္ အမ်ိဳးသမီး ၁၅ ဦးေလာက္ရွိသည္။ ကားကိုေတာ့ ေဒၚဝါဝါခိုင္က ေမာင္းသည္။ ယခင္က နာေရးအိမ္က ေကၽြးသည့္အစားအစာကို မသတီတတ္ခဲ့ေသာ္လည္း ယခုေတာ့ အသုဘအိမ္မွာ အေလာင္းကို ေရခ်ိဳး၊ ျပင္ေပး၊ အေခါင္းသယ္ေပးေနတတ္ခဲ့ၿပီ။ အသင္းစဝင္ၿပီး တစ္လ၊ ႏွစ္လေလာက္က ေၾကာက္စိတ္ဝင္တတ္ခဲ့ေသာ္လည္း အခုေတာ့ ေအးစက္ၿပီး အနိ႒ာ႐ုံျမင္ကြင္းမ်ား ရွိေနေသာ ရင္ခြဲ႐ုံထဲဝင္ၿပီး အေလာင္းေကာက္တတ္ခဲ့ၿပီ။

“ယာဥ္ေမာင္းဆိုေပမဲ့ မသာမကိုင္လို႔ မရဘူး။ လူ ရွစ္ေယာက္မတာေတာင္ ႁမြကတဲ့အေလာင္းေတြရွိတယ္။ ပုပ္ေစာ္နံရင္ သာေတာင္ဆိုးေသးတယ္။ ဒီေတာ့ အားလုံးလုပ္ေပးၾကရတာပဲ။ အေလာင္းျပဳတ္က်လို႔ မျဖစ္ဘူးေလ။ နာေရးဆို အရင္က စိတ္ထဲတစ္မ်ိဳးျဖစ္ေပမဲ့ အခုေတာ့ သုသာန္မွာေကၽြးတဲ့ လက္ဖက္သုပ္လည္းစားတယ္။နာေရးေခါင္းရင္းမွာ ငွက္ေပ်ာတစ္ဖီးဆိုတာ ပါတတ္တယ္။ အဲဒါလည္း ကၽြန္မတို႔ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စားၾကတာပဲ”ဟု ေဒၚဝါဝါခိုင္က ေျပာသည္။

ယုံၾကည္ရန္ခက္ခဲေသာ္လည္း နာေရးကိစၥ လုပ္ကိုင္ေပးေနသူမ်ား၌ ထူးျခားေသာအျဖစ္အပ်က္မ်ားႏွင့္ ၾကဳံရတတ္သည္။ ညႀကီးမင္းႀကီး နာေရးကားမ်ားတြင္ တပ္ထားသည့္ အေရးေပၚအခ်က္ျပကရိယာက သူ႔အလိုလို အသံထျမည္တာ၊ ဟြန္းသံျမည္တာေတြ ၾကဳံရတတ္သည္။

ထိုအျဖစ္အပ်က္မ်ိဳးကို ေဒၚဝါဝါခိုင္လည္း ၾကဳံရဖူးေပါင္းမ်ားသည္။ သို႔ေသာ္ မေၾကာက္တတ္ေတာ့ဘဲ အမၽွအတန္းသာ ေပးေဝျဖစ္ေၾကာင္း ၎က ဆိုသည္။

“တစ္ခါေတာ့ အေဝးေျပးလမ္းေပၚမွာ မိသားစုလိုက္ ကားအက္ဆီးဒင့္ျဖစ္လို႔ သြားသယ္ရပါတယ္။ ဓာတ္ပုံထဲမွာ ၾကည့္ရတာ အမ်ိဳးသမီးက ႐ုပ္ရည္ ေတာ္ေတာ္ေခ်ာပါတယ္။ ဒါေပမဲ့ အျပင္မွာ ေခါင္းကို ကားဘီးႀကိတ္ခံထားရေတာ့ မ်က္ႏွာက ျပားေနၿပီ။ အေလာင္းကို သၿဂႋဳဟ္ဖို႔ ေတာင္အင္းေျမာက္အင္းသုသာန္ကို အဝင္မွာ ကားေရွ႕ေခါင္းခန္းမွာရွိတဲ့ ကၽြန္မတို႔ အမ်ိဳးသမီးႏွစ္ေယာက္စလုံးရဲ့ ေပါင္ေတြကိုဆြဲထားသလို ခံစားၾကရတာ။ သူ႔ရဲ့႐ုပ္ကလာပ္ကို ေကာင္းေကာင္းမြန္မြန္ သၿဂႋဳဟ္ေပးမွာပါလို႔ ေျပာၿပီး ပ႒ာန္းရြတ္ဖတ္ေပးရပါတယ္”ဟု ေဒၚဝါဝါခိုင္က သူ႔အေတြ႕အၾကဳံတစ္ခုကို ေျပာျပသည္။

အသင္းကေန ကားမ်ားထြက္မည္ဆိုလၽွင္ ယုံၾကည္မွုအရ အေစာင့္အေရွာက္မ်ား ေစာင့္ေရွာက္ေပးပါရန္ တိုင္တည္ အမၽွေပးေဝရကာ၊ ကုသိုလ္ေကာင္းမွုလုပ္ၿပီး ကားတံခါးမ်ားဖြင့္ကာ အစာေကၽြးရေသာဓေလ့ရွိေၾကာင္း ၎က ေျပာသည္။

ေဒၚဝါဝါခိုင္တို႔လို ေဒဝယာနိကအသင္း အသင္းဝင္မ်ားသည္ ပရဟိတစိတ္ႏွင့္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ကာ၊ အားလုံးနီးပါး လစာေငြ ခံစားမရရွိသလို မိမိေငြေၾကးႏွင့္ မိမိေစတနာ အရင္းခံလုပ္ကိုင္ေပးေနၾကျခင္းျဖစ္သည္။ ထိုသို႔ ေငြေၾကးမခ်မ္းသာနိုင္ဘဲ အိတ္စိုက္ရမည့္အျပင္ စိတ္ညစ္ညဴးစရာ အနိ႒ာ႐ုံေတြနဲ႔ ၾကဳံေနရသည့္ အလုပ္ကို က်န္းက်န္းမာမာ ရွိေနသေရြ႕ လုပ္ကိုင္သြားမည္ဟု ေဒၚဝါဝါခိုင္က ေျပာသည္။

“လူ႔ဘဝမွာ အခ်ိန္က ခဏေလးပါပဲ။ စိတ္ရွုပ္စရာေတြ ေခါင္းထဲ ဘာမွ ထည့္မထားေတာ့ဘူး။ ဒီအလုပ္ကို ဝါသနာလည္း ပါသြားၿပီ၊ သူမ်ားမလုပ္ခ်င္တဲ့ နိမ့္က်တဲ့အလုပ္ကို ျမင့္ျမတ္တဲ့သူေတြသာ လုပ္နိုင္တယ္လို႔ ဆရာေတာ္ေတြ ေဟာထားတာကို သေဘာက်မိပါတယ္။ ဒီအလုပ္မွာ မတတ္ေသးတဲ့သူေတြကို တြဲေခၚသြားမယ္။ ကုသိုလ္ဆိုတာ တစ္ေယာက္တည္းယူရတာမဟုတ္ဘူးေလဓဟု ေဒၚဝါဝါခိုင္က ေျပာသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

နာရေးယာဉ်မောင်း ဒေါ်ဝါဝါခိုင်ကို တွေ့ရစဉ်။
မန္တလေးမြို့၏ အစည်ကားဆုံးနေရာထဲမှာ ပါဝင်သည့်မဟာအောင်မြေကျောက်မျက်ဝိုင်းအနီးမှာ “ဒေဝယာနိက” နာမှုကူညီရေးအသင်း ရှိသည်။ အသက် ၄၉ နှစ်အရွယ် ဒေါ်ဝါဝါခိုင်မှာ ဒေဝယာနိက အသင်း၏ တစ်ဦးတည်းသောအမျိုးသမီး နာရေးယာဉ်မောင်းတစ်ဦး ဖြစ်သည်။

နာေရးကားေမာင္းတဲ့ မႏၲေလးၿမိဳ႕က မိန္းမသား 1

“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”ဟု ဆိုရိုးစကားရှိသည်။ အသုဘရှုတစ်ခေါက်သွားရာတွင် လောက၏ မမြဲတဲ့ဖြစ်ပျက်သဘောတရားကို ကွင်းကွင်းကွက်ကွက် မြင်နိုင်တာကြောင့်ဘုန်းကြီးကျောင်းကို ဆယ်ခေါက်သွားတာနှင့် ညီသည်ဟု ဆိုလိုရင်း ဖြစ်သည်။ သို့သော် တချို့က အသုဘကို နိမိတ်မကောင်း၊ ကံမကောင်းဟု ယူဆရှောင်ရှားပြီး မလွှဲမရှောင်သာသည့် လူမှုရေးအကြောင်းကြောင့် သွားရောက်ကြသူများ ရှိသည်။

ယခင်က နာရေးအိမ်က ကျွေးသည့်အစားအစာကို မသတီတတ်ခဲ့သော်လည်း ယခုတော့ အသုဘအိမ်မှာ အလောင်းကို …

ဒေါ်ဝါဝါခိုင်ကမူ ယောကျာ်းသား နာရေးယာဉ်မောင်းများနှင့် ရင်ပေါင်တန်းပြီး နာရေးကားကို မောင်းရုံသာမဟုတ်ဘဲ အသုဘပြင်ပေးသည့် အလုပ်တွေကိုပါ မတွန့်မဆုတ် လုပ်တတ်သူတစ်ဦးဖြစ်သည်။

“ကျွန်မအမျိုးသားက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆုံးသွားခဲ့ပါတယ်။ သူဆုံးသွားတော့ လူကချုံးချုံးကျသွားတယ်။ ငါးနှစ်သား ကလေးငယ်နဲ့ ဘာမှလည်း လုပ်မစားတတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်စိတ် ပေါက်သွားခဲ့တာ။ ဈေးဖိုးဟင်းဖိုး၊ ဆန်ဈေး ဆီဈေးတောင် ဘာမှန်းသိခဲ့တာ မဟုတ်အောင် ယောကျာ်းဖြစ်သူကပဲ အရာရာ အားကိုးအားထားပြုနိုင်ခဲ့တာလေ။ ယောကျာ်းဆုံးပြီး တစ်နှစ်လောက်အကြာမှာ ဒီဒေဝယာနိက အသင်း စထောင်ချိန်မှာ ကျွန်မ အသင်းဝင်ဖြစ်ခဲ့တာ”ဟု ဒေါ်ဝါဝါခိုင်က ပြောသည်။

“အသင်းဝင်ဖြစ်တာက ပိုက်ဆံမကုန်တဲ့ ကုသိုလ်ဆိုတဲ့စိတ်ကူးနဲ့ ဝင်လိုက်တာ။ ကိုယ့်အနေနဲ့ဆို လ·နိုင်ဖို့ဆိုတာအတော်ဝေးသွားပြီလေ။ အသင်းထဲရောက်တော့ စိတ်လည်းပေါ့ပါးသွားတယ်။ အိမ်ပိုင်မြေပိုင်လေးရှိနေတော့သားအတွက်လည်း အခုမပူတော့ပါဘူး။ စိတ်ကို ဒုန်းဒုန်းချပစ်လိုက်နိုင်ပါပြီ။ ကိုယ်လည်း တစ်နေ့ ဒီလမ်းကိုပဲ သွားရမှာဆိုတာလည်း စိတ်ထားတတ်ပြီ”ဟု ဒေါ်ဝါဝါခိုင်က ပြောသည်။

အသင်းစည်းကမ်းအရ အသင်းကို ရောက်ရောက်ချင်းတွင် နာရေးကားကို ဒေါ်ဝါဝါခိုင် မမောင်းခဲ့ရပေ။ အရင်ကတည်းက ကားမောင်းလိုင်စင်ရှိထားပေမဲ့ နာရေးကားဆိုတော့ မောင်းရင် အမှားအယွင်းကင်းဖို့ လိုသည်။ လမ်းကြောတွေ ကျွမ်းကျင်အောင် တစ်နှစ်လောက်လိုက်ပြီးမှ စမောင်းခွင့်ရသည်။

“အသင်းက လူကြီးတွေကိုယ်တိုင် ဘေးက လိုက်စီးကြည့်ပြီးစိတ်ချရပြီဆိုမှ လွှတ်ခဲ့တာပါ။ ပထမဆုံး တောင်အင်း မြောက်အင်း(သုသာန်) ဖွင့်ကာစ ညပိုင်းမှာ အမောင်းပြရတယ်။ အသင်းပုံရိပ်မပျက်အောင်၊ သေသေသပ်သပ် အမှားအယွင်းမဖြစ်ရအောင်၊ အပူရှိနေတဲ့ နာရေးရှင်မိသားစုလည်း စိတ်ချမ်းသာရအောင်ပါ။ အလောင်းတင်ထားတဲ့ ကားနဲ့ကျ အမှားအယွင်းဖြစ်လို့ မရဘူး။ နာရေးလုပ်မယ်ဆို လမ်းအဝင်အထွက်တွေ အရင်ဆုံး သွားကြည့်ထားရပါတယ်။ အယူသီးတဲ့ ရပ်ကွက်တွေရှိတယ်”ဟု ဒေါ်ဝါဝါခိုင်က ပြောသည်။

အသင်းမှာ ဒေါ်ဝါဝါခိုင်အပါအဝင် အမျိုးသမီး ၁၅ ဦးလောက်ရှိသည်။ ကားကိုတော့ ဒေါ်ဝါဝါခိုင်က မောင်းသည်။ ယခင်က နာရေးအိမ်က ကျွေးသည့်အစားအစာကို မသတီတတ်ခဲ့သော်လည်း ယခုတော့ အသုဘအိမ်မှာ အလောင်းကို ရေချိုး၊ ပြင်ပေး၊ အခေါင်းသယ်ပေးနေတတ်ခဲ့ပြီ။ အသင်းစဝင်ပြီး တစ်လ၊ နှစ်လလောက်က ကြောက်စိတ်ဝင်တတ်ခဲ့သော်လည်း အခုတော့ အေးစက်ပြီး အနိဋ္ဌာရုံမြင်ကွင်းများ ရှိနေသော ရင်ခွဲရုံထဲဝင်ပြီး အလောင်းကောက်တတ်ခဲ့ပြီ။

“ယာဉ်မောင်းဆိုပေမဲ့ မသာမကိုင်လို့ မရဘူး။ လူ ရှစ်ယောက်မတာတောင် မြွကတဲ့အလောင်းတွေရှိတယ်။ ပုပ်စော်နံရင် သာတောင်ဆိုးသေးတယ်။ ဒီတော့ အားလုံးလုပ်ပေးကြရတာပဲ။ အလောင်းပြုတ်ကျလို့ မဖြစ်ဘူးလေ။ နာရေးဆို အရင်က စိတ်ထဲတစ်မျိုးဖြစ်ပေမဲ့ အခုတော့ သုသာန်မှာကျွေးတဲ့ လက်ဖက်သုပ်လည်းစားတယ်။နာရေးခေါင်းရင်းမှာ ငှက်ပျောတစ်ဖီးဆိုတာ ပါတတ်တယ်။ အဲဒါလည်း ကျွန်မတို့နှစ်နှစ်ခြိုက်ခြိုက် စားကြတာပဲ”ဟု ဒေါ်ဝါဝါခိုင်က ပြောသည်။

ယုံကြည်ရန်ခက်ခဲသော်လည်း နာရေးကိစ္စ လုပ်ကိုင်ပေးနေသူများ၌ ထူးခြားသောအဖြစ်အပျက်များနှင့် ကြုံရတတ်သည်။ ညကြီးမင်းကြီး နာရေးကားများတွင် တပ်ထားသည့် အရေးပေါ်အချက်ပြကရိယာက သူ့အလိုလို အသံထမြည်တာ၊ ဟွန်းသံမြည်တာတွေ ကြုံရတတ်သည်။

ထိုအဖြစ်အပျက်မျိုးကို ဒေါ်ဝါဝါခိုင်လည်း ကြုံရဖူးပေါင်းများသည်။ သို့သော် မကြောက်တတ်တော့ဘဲ အမျှအတန်းသာ ပေးဝေဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်ခါတော့ အဝေးပြေးလမ်းပေါ်မှာ မိသားစုလိုက် ကားအက်ဆီးဒင့်ဖြစ်လို့ သွားသယ်ရပါတယ်။ ဓာတ်ပုံထဲမှာ ကြည့်ရတာ အမျိုးသမီးက ရုပ်ရည် တော်တော်ချောပါတယ်။ ဒါပေမဲ့ အပြင်မှာ ခေါင်းကို ကားဘီးကြိတ်ခံထားရတော့ မျက်နှာက ပြားနေပြီ။ အလောင်းကို သင်္ဂြိုဟ်ဖို့ တောင်အင်းမြောက်အင်းသုသာန်ကို အဝင်မှာ ကားရှေ့ခေါင်းခန်းမှာရှိတဲ့ ကျွန်မတို့ အမျိုးသမီးနှစ်ယောက်စလုံးရဲ့ ပေါင်တွေကိုဆွဲထားသလို ခံစားကြရတာ။ သူ့ရဲ့ရုပ်ကလာပ်ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးမှာပါလို့ ပြောပြီး ပဋ္ဌာန်းရွတ်ဖတ်ပေးရပါတယ်”ဟု ဒေါ်ဝါဝါခိုင်က သူ့အတွေ့အကြုံတစ်ခုကို ပြောပြသည်။

အသင်းကနေ ကားများထွက်မည်ဆိုလျှင် ယုံကြည်မှုအရ အစောင့်အရှောက်များ စောင့်ရှောက်ပေးပါရန် တိုင်တည် အမျှပေးဝေရကာ၊ ကုသိုလ်ကောင်းမှုလုပ်ပြီး ကားတံခါးများဖွင့်ကာ အစာကျွေးရသောဓလေ့ရှိကြောင်း ၎င်းက ပြောသည်။

ဒေါ်ဝါဝါခိုင်တို့လို ဒေဝယာနိကအသင်း အသင်းဝင်များသည် ပရဟိတစိတ်နှင့် လုပ်ဆောင်ပေးနေခြင်းဖြစ်ကာ၊ အားလုံးနီးပါး လစာငွေ ခံစားမရရှိသလို မိမိငွေကြေးနှင့် မိမိစေတနာ အရင်းခံလုပ်ကိုင်ပေးနေကြခြင်းဖြစ်သည်။ ထိုသို့ ငွေကြေးမချမ်းသာနိုင်ဘဲ အိတ်စိုက်ရမည့်အပြင် စိတ်ညစ်ညူးစရာ အနိဋ္ဌာရုံတွေနဲ့ ကြုံနေရသည့် အလုပ်ကို ကျန်းကျန်းမာမာ ရှိနေသရွေ့ လုပ်ကိုင်သွားမည်ဟု ဒေါ်ဝါဝါခိုင်က ပြောသည်။

“လူ့ဘဝမှာ အချိန်က ခဏလေးပါပဲ။ စိတ်ရှုပ်စရာတွေ ခေါင်းထဲ ဘာမှ ထည့်မထားတော့ဘူး။ ဒီအလုပ်ကို ဝါသနာလည်း ပါသွားပြီ၊ သူများမလုပ်ချင်တဲ့ နိမ့်ကျတဲ့အလုပ်ကို မြင့်မြတ်တဲ့သူတွေသာ လုပ်နိုင်တယ်လို့ ဆရာတော်တွေ ဟောထားတာကို သဘောကျမိပါတယ်။ ဒီအလုပ်မှာ မတတ်သေးတဲ့သူတွေကို တွဲခေါ်သွားမယ်။ ကုသိုလ်ဆိုတာ တစ်ယောက်တည်းယူရတာမဟုတ်ဘူးလေဓဟု ဒေါ်ဝါဝါခိုင်က ပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*