မုဒုံမြို့နယ်ရှိ တာဝန် ရှိလူကြီးမင်းများခင်ဗျာ 1
မုဒုံမြို့နယ်ရှိ တာဝန် ရှိလူကြီးမင်းများခင်ဗျာ 2
မုဒုံမြို့နယ်ရှိ တာဝန် ရှိလူကြီးမင်းများခင်ဗျာ 3
မုဒုံမြို့နယ်ရှိ တာဝန် ရှိလူကြီးမင်းများခင်ဗျာ 4
Unicode Version ဖြင့်ဖတ်ရန်
မုဒုံမြို့နယ်ရှိတာဝန်ရှိလူကြီးမင်းများခင်ဗျာ။
မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာ(မော်-သံ)လမ်းမကြီး ဟိန္ဒူဘုရားတောင်မုဒ်ဝအနီးတွင် (၆)ဘီးကားတစ်စီး ပျက်ပြီးရပ်ထားတာ ရက်ပေါင်း ၆၀ လောက်ရှိနေပါပြီး လမ်းဘေးချရပ်ထားတယ်ဆိုပေမယ့် လမ်းကကျဉ်းပြီး ကားရဲ့အစွန်းက လမ်းပေါ်တက်နေပါတယ်။ ညဘက် ကားမောင်း ဆိုင်ကယ်မောင်းတဲ့လူတွေအရမ်းကိုအန္တရာယ်များပါတယ်။
မုဒုံမြို့နယ်ရှိ တာဝန် ရှိလူကြီးမင်းများခင်ဗျာ 5
တာဝန်ရှိတဲ့လူက ဘယ်သူမှန်းမသိလို့ ဘယ်သူကိုပြောလို့ပြောရမယ်မှန်း ခုချိန်ထိမသိသေးပါ။ မနေနိုင် မထိုင်နိုင်လို့ ကျနော်တို့အမွှာညီနောင်ကနေပြိး ပိုက်ဆံစိုက်ပြီး ပျက်နေတဲ့ကားနောက်ကို ရောင်ပြန် လေးတွေကပ်ပေးခဲ့ပါတယ်။ ယာဉ်အန္တရာယ်ဆိုတာမဖြစ်ရင်ဘာမဖြစ်ပေမယ့်ဖြစ်လာခဲ့ရင် ဆုံးရှုံးမှုတွေရှိလာနိုင်ပါတယ်။ တစ်ရက် တစ်ပါတ် ရပ်တာကိုမပြောလိုပေမယ့် လနဲ့ချီရပ်နေတော့ ကားကိုတောင် မယူတော့ဘူးလားဆိုတဲ့အတွေးမျိုးတွေးမိပါတယ်။
မုဒုံမြို့နယ်ရှိ တာဝန် ရှိလူကြီးမင်းများခင်ဗျာ 6
ဒါကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်က တာဝန်ရှိလူကြီးမင်းများအနေနဲ့ဒီကားကို လမ်းဘေးယာဉ်အသွားလာနဲ့လွတ်လွတ်ကင်းကင်းရှိမယ့် နေရာကိုပြောင်းရွေ့ဖို့ဆောင်ရွတ်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။ အမွှာညီနောင်