ဦး၀ီရသူလြတ္ေျမာက္ေနျခင္း အစုိးရႏွင့္ မသက္ဆုိင္ဟု ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာၿပီ

ဦးဝီရသူ ထြက္ေျပးလြတ္ေျမာက္ေနတာဟာ အစိုးရအဖြဲ႔ဝင္ေတြနဲ႔ မသက္ဆိုင္ဘဲ လံုၿခံဳေရး နဲ႔ ဥပေဒစိုးမိုးေရး ေဆာင္ရြက္ေနသူေတြနဲ႔သာသက္ဆိုင္တယ္လို႔ ရန္ကုန္တုိင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ဦးဝီရသူနဲ႔ မိုက္ကယ္ေက်ာ္ျမင့္ကိစၥ ရန္ကုန္တိုင္းအစိုးရက ျပည္ေထာင္စုအစိုးရကိုတင္ျပၿပီး ဖမ္းဝရမ္းထုတ္ခဲ့တာလို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ဇြန္လ ၅ ရက္ေန႔မွာျပဳလုပ္တဲ့ ရန္ကုန္တိုင္း အစိုးရ တတိယတႏွစ္တာ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဦးဝီရသူဟာ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕ေဟာေျပာပြဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အစိုးရ အဖြဲ႔ကို မမွန္မကန္ေဝဖန္လို႔ ျပည္ေထာင္စုအစိုးရကိုတိုင္ၾကားၿပီး ဖမ္းဝရမ္းထုတ္ခဲ့တာလို႔ ဝန္ႀကီးခ်ဳပ္က အတည္ျပဳပါတယ္။

ဦး၀ီရသူလြတ္ေျမာက္ေနျခင္း အစုိးရႏွင့္ မသက္ဆုိင္ဟု ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာၿပီ 1

မိုက္ကယ္ေက်ာ္ျမင့္ကေတာ့ ေတာင္ဒဂံုမွာ အစိုးရခြင့္ျပဳခ်က္နဲ႔ ဝတ္ျပဳေနတဲ့ အစၥလာမ္ ဘာသာဝင္ေတြကို ၿခိမ္းေျခာက္ခဲ့တဲ့အတြက္ ဖမ္းဝရမ္းထုတ္ခံခဲ့ရတာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရန္ကုန္အစိုးရအဖြဲ႔ နယ္လံုဝန္ႀကီး ဗိုလ္မႉးႀကီးေအာင္စိုးမိုးက ေက်ာသားရင္သား မခြဲျခားဘဲ ဥပေဒအတိုင္း အေရးယူႏိုင္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ သတင္းစာ ရွင္းလင္းပြဲမွာေျပာပါတယ္။ DVB

 

Unicode Version ျဖင့္ဖတ္ရန္

 

ဦးဝီရသူ ထွက်ပြေးလွတ်မြောက်နေတာဟာ အစိုးရအဖွဲ့ဝင်တွေနဲ့ မသက်ဆိုင်ဘဲ လုံခြုံရေး နဲ့ ဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူတွေနဲ့သာသက်ဆိုင်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဦးဝီရသူနဲ့ မိုက်ကယ်ကျော်မြင့်ကိစ္စ ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စုအစိုးရကိုတင်ပြပြီး ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇွန်လ ၅ ရက်နေ့မှာပြုလုပ်တဲ့ ရန်ကုန်တိုင်း အစိုးရ တတိယတနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဦး၀ီရသူလြတ္ေျမာက္ေနျခင္း အစုိးရႏွင့္ မသက္ဆုိင္ဟု ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာၿပီ 1

ဦးဝီရသူဟာ ရန်ကုန်မြို့တော်ခန်းမရှေ့ဟောပြောပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရ အဖွဲ့ကို မမှန်မကန်ဝေဖန်လို့ ပြည်ထောင်စုအစိုးရကိုတိုင်ကြားပြီး ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ဝန်ကြီးချုပ်က အတည်ပြုပါတယ်။

မိုက်ကယ်ကျော်မြင့်ကတော့ တောင်ဒဂုံမှာ အစိုးရခွင့်ပြုချက်နဲ့ ဝတ်ပြုနေတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ခံခဲ့ရတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ကျောသားရင်သား မခွဲခြားဘဲ ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။ DVB