ရန္ကုန္ၿမိဳ႕သစ္ႏွင့္ ၿမိဳ႕ေဟာင္းၾကားတြင္ ေရေအာက္ဥမင္လိုဏ္ေခါင္း ထည့္သြင္းတည္ေဆာက္ပါမည္

ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးေရးကုမၸဏီလီ မိတက္f(NYDC)မွ အေကာင္အထည္ ေဖာ္မည့္ ရန္ကုန္အေနာက္ေတာင္ၿမိဳ႕သစ္ စီမံကိန္း(ရန္ကုန္ၿမိဳ႕သစ္)ႏွင့္ ရန္ကုန္ၿမိဳ႕ ေဟာင္းအၾကား ေရေအာက္ဥမင္လိုဏ္ ေခါင္း ထည့္သြင္းတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အ စိုးရအဖြဲ႕႐ုံး၊ မဂၤလာခန္းမတြင္ ဇြန္လ ၃ ရက္ကျပဳလုပ္ေသာ ရန္ကုန္ၿမိဳ႕၏ အနာ ဂတ္ဖြံ႕ၿဖိဳးတိုးတက္မႈကို ဦးတည္သြားမည့္ Yangon Project Bank အေၾကာင္း ရွင္းလင္းသည့္အခမ္းအနားမွ သိရသည္။

ရန္ကုန္ၿမိဳ႕ေဟာင္းႏွင့္ ၿမိဳ႕သစ္ၾကား လမ္းပန္းဆက္သြယ္မႈ လြယ္ကူေခ်ာေမြ႕ ေစရန္အတြက္ လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ဒလၿမိဳ႕နယ္တို႔တြင္ ၆ လမ္းသြား သံကူ ကြန္ကရစ္တံတား၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ တြင္ ေကဘယ္တံတား၊ အလုံၿမိဳ႕နယ္သို႔ ေရေအာက္ဥမင္လိုဏ္ေခါင္းတည္ ေဆာက္၍ ဆက္သြယ္သြားလာႏိုင္ရန္စီစဥ္ ထားေၾကာင္း ယင္းအခမ္းအနားတြင္Video ျဖင့္ ရွင္းျပခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္ႏွင့္ ၿမိဳ႕ေဟာင္းၾကားတြင္ ေရေအာက္ဥမင္လိုဏ္ေခါင္း ထည့္သြင္းတည္ေဆာက္ပါမည္ 1

ျမိဳ႕သစ္စီမံကိန္းအတြင္း မိုးပ်ံလမ္း မ်ားအပါအဝင္ ေခတ္မီ အဆင့္ျမင့္ လူေန အေဆာက္အအုံမ်ားလည္းပါဝင္မည္ျဖစ္ ရာ ျပည္သူလူထုသြားလာေရးလြယ္ကူေစ ရန္ လိုရာခရီးကို မိနစ္ ၃၀ ႏွင့္ေရာက္မည့္ ဒီဇိုင္းမ်ားကိုလည္း စဥ္းစားထားေၾကာင္း၊ ၿမိဳ႕၏အဓိကေနရာမ်ားကို ေရေၾကာင္းခရီး ျဖင့္ အဓိကသြားလာႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါ Video တြင္ပါရွိသည္။

ရန္ကုန္အေနာက္ေတာင္ၿမိဳ႕သစ္စီမံ ကိန္းကို အေကာင္အထည္ေဖာ္မည့္ ရန္ ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးေရးကုမၸဏီလီမိတက္(NYDC) မွာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရမွ ၁၀၀ ရာခိုင္ႏႈန္း ပိုင္ဆိုင္သည့္ ကုမၸဏီတစ္ခုျဖစ္ေၾကာင္း၊ ၿမိဳ႕သစ္ကို စီး ပြားေရးၿမိဳ႕ေတာ္ႏွင့္ လူေနထိုင္ရန္ေကာင္း သည့္ ၿမိဳ႕ေတာ္ျဖစ္ရန္ Road Map ေရး ဆြဲၿပီး အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕က မီဒီယာမ်ားအား ေျပာၾကားထားသည္။

အဆိုပါ အေနာက္ေတာင္ၿမိဳ႕သစ္စီမံ ကိန္းကို အပိုင္းႏွစ္ပိုင္းခြဲ၍ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း၊ အပိုင္း(၁)တြင္ ဧကႏွစ္ေသာင္းေက်ာ္ပါဝင္ၿပီး ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕မွ NYDC ကို ဖြဲ႕ စည္းခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ေမငယ္

 

Unicode Version ျဖင့္ဖတ္ရန္

 

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီ မိတက်f(NYDC)မှ အကောင်အထည် ဖော်မည့် ရန်ကုန်အနောက်တောင်မြို့သစ် စီမံကိန်း(ရန်ကုန်မြို့သစ်)နှင့် ရန်ကုန်မြို့ ဟောင်းအကြား ရေအောက်ဥမင်လိုဏ် ခေါင်း ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ဇွန်လ ၃ ရက်ကပြုလုပ်သော ရန်ကုန်မြို့၏ အနာ ဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်း ရှင်းလင်းသည့်အခမ်းအနားမှ သိရသည်။

ရန်ကုန်မြို့ဟောင်းနှင့် မြို့သစ်ကြား လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ စေရန်အတွက် လှိုင်သာယာမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် ၆ လမ်းသွား သံကူ ကွန်ကရစ်တံတား၊ ကြည့်မြင်တိုင်မြို့နယ် တွင် ကေဘယ်တံတား၊ အလုံမြို့နယ်သို့ ရေအောက်ဥမင်လိုဏ်ခေါင်းတည် ဆောက်၍ ဆက်သွယ်သွားလာနိုင်ရန်စီစဉ် ထားကြောင်း ယင်းအခမ်းအနားတွင်Video ဖြင့် ရှင်းပြခဲ့ခြင်းဖြစ်သည်။

မြို့သစ်စီမံကိန်းအတွင်း မိုးပျံလမ်း များအပါအဝင် ခေတ်မီ အဆင့်မြင့် လူနေ အဆောက်အအုံများလည်းပါဝင်မည်ဖြစ် ရာ ပြည်သူလူထုသွားလာရေးလွယ်ကူစေ ရန် လိုရာခရီးကို မိနစ် ၃၀ နှင့်ရောက်မည့် ဒီဇိုင်းများကိုလည်း စဉ်းစားထားကြောင်း၊ မြို့၏အဓိကနေရာများကို ရေကြောင်းခရီး ဖြင့် အဓိကသွားလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ Video တွင်ပါရှိသည်။

ရန္ကုန္ၿမိဳ႕သစ္ႏွင့္ ၿမိဳ႕ေဟာင္းၾကားတြင္ ေရေအာက္ဥမင္လိုဏ္ေခါင္း ထည့္သြင္းတည္ေဆာက္ပါမည္ 1

ရန်ကုန်အနောက်တောင်မြို့သစ်စီမံ ကိန်းကို အကောင်အထည်ဖော်မည့် ရန် ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC) မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြို့သစ်ကို စီး ပွားရေးမြို့တော်နှင့် လူနေထိုင်ရန်ကောင်း သည့် မြို့တော်ဖြစ်ရန် Road Map ရေး ဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က မီဒီယာများအား ပြောကြားထားသည်။

အဆိုပါ အနောက်တောင်မြို့သစ်စီမံ ကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အပိုင်း(၁)တွင် ဧကနှစ်သောင်းကျော်ပါဝင်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ NYDC ကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မေငယ်