

နေပြည်တော်၊ ဇွန် ၆


မိုးကောင်းမြို့နယ်၌ မူးယစ်တရားခံပြေး တစ်ဦးအား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ဖမ်းဆီးရမိ 1

မိုးကောင်းမြို့နယ်၌ မူးယစ်တရားခံပြေး တစ်ဦးအား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ဖမ်းဆီးရမိ 2


 

Unicode Version ဖြင့်ဖတ်ရန်

 

မိုးကောင်းမြို့နယ်၌ မူးယစ်တရားခံပြေး တစ်ဦးအား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၆

၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက် နံနက် ၁၁ နာရီတွင် နမ္မတီးနယ်မြေရဲစခန်း၏မယ(ပ)၁၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ-၁၆(ဂ)/၂၁၊ မယ(ပ)၁၁/၁၉၊ မူး/စိတ်ပုဒ်မ-၁၆(ဂ)/၂၁ နှင့် (ပ)၁၀/၂၀၁၉ လက်နက် ဥပဒေပုဒ်မ -၁၉(စ)အမှုမှ တရားခံပြေး ရီထွမ်း(၄၂)နှစ် (ဘ)ဦးအိုက်ဆွေ၊ တောင်သူ သည် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ ကံလှကျေးရွာအုပ်စု၊ ကျွန်းကုန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ရောက်ရှိနေကြောင်းသတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးရာ အသာတကြည် အဖမ်းခံခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များအား တူမီးသေနတ်ဖြင့် ခုခံပစ်ခတ်ခဲ့သည့်အတွက်

ပြန်လည် သတိပေးပစ်ခတ်ခဲ့ရာ တရားခံပြေး ရီထွန်း ၏ ယာလက်ကောက်ဝတ်အား ထိမှန်ဖမ်းဆီးရမိခဲ့ပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကော်ဗူးဖြင့်ထည့်ထားသည့် ဘိန်းဖြူ(၀.၃)ဂရမ်ခန့်၊ အရှည်(၃၇)လက်မခန့်ရှိ တူမီးသေနတ် (၁)လက်၊ ခဲသီး (၄၂)လုံး၊ ယမ်းမှုန့် (၂)ကျပ်သားခန့်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၎င်းတရားခံပြေးအား တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*