ဝမ္းတြင္းၿမိဳ႕နယ္တြင္ သားဖ (၃)ဦးအစာအဆိပ္သင့္

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ကင္းရြာကုန္းရြာမွာ ဇြန္ ၆ ရက္မနက္က သားအဖ ၃ ဦး အစာအဆိပ္သင့္ၿပီး ဝမ္းတြင္းေဆး႐ုံ ေရာက္လာတယ္လုိ႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

ဝမ္းတြင္းၿမိဳ႕မရဲစခန္း ဒုရဲအုပ္ေက်ာ္စြာလင္းက “သားအဖ ၃ ဦးလုံး ေမ့ေမ်ာေနၾကတယ္၊ ဘာမွေမးလုိ႔ မရေသးဘူး။ ကုိသက္ပိုင္တို႔ သားအဖ ၃ ဦး ေအာ့အန္မူးေမ့ေနတာကုိ တဝုိင္းတည္းေန ကုိတင္စုိးက ေတြ႔ၿပီး ေဆး႐ုံလာပို႔တာေပါ့။ အခုေတာ့ မိတီၳလာေဆး႐ုံကုိ လႊဲေျပာင္း ေဆးကုသတယ္။ ဘာအစားမွားၿပီး အခုလုိ ျဖစ္သြားတယ္ မသိရေသးဘူး။”

ဝမ္းတြင္းၿမိဳ႕နယ္တြင္ သားဖ (၃)ဦးအစာအဆိပ္သင့္ 1

ဒီေန႔မနက္ ၉နာရီခြဲေလာက္က ကင္းရြာကုန္းရြာေန ဖခင္ျဖစ္သူ ဦးသက္ပိုင္ (၃၅ႏွစ္)၊ သမီး ၃ တန္းေက်ာင္းသူ မခင္ရတနာေဇာ္ (၈ႏွစ္) နဲ႔ သားျဖစ္သူ ေမာင္ခ်စ္ရင္ထူး (၄ႏွစ္) တို႔ ၃ ဦးလုံး ေအာ့အန္ၿပီး မူးေမ့ေနတာကုိ တဝန္းထဲေန ကုိတင္စုိးက ေတြ႔ရွိၿပီး ဝမ္းတြင္းေဆး႐ုံ ပုိ႔ေပးခ့ဲတာပါ။

ဝမ္းတြင္းၿမိဳ႕နယ္တြင္ သားဖ (၃)ဦးအစာအဆိပ္သင့္ 2

ကင္းရြာကုန္းရြာေဒသခံတဦးက “သူတို႔အိမ္ထဲမွာ အစားအစာ အပိုင္းအစ ဘာမွမေတြ႔ရဘူး။ အခ်ိဳရည္ဘူးေလးေတြေတာ့ ေတြ႔တယ္၊ သူတို႔ သတိလည္လာမွပဲ သိရမယ္။ ဘာကုိအစားမွားတယ္ဆိုတာ သူတို႔ပဲေျပာနိုင္မယ္” လုိ႔ ေျပာပါတယ္။

ဝမ္းတြင္းၿမိဳ႕နယ္တြင္ သားဖ (၃)ဦးအစာအဆိပ္သင့္ 3

၀မ္းတြင္းျပည္သူ႔ေဆး႐ုံ တာဝန္က် ဆရာဝန္တဦးက “ေအာ့အန္တဲ့အထဲမွာ အရည္ေတြနဲ႔ ထမင္းေတြပါတယ္။ ဘာအစားအစာက အစာအဆိပ္ျဖစ္တယ္ ေျပာဖို႔ ခက္တယ္။ အန္ထားတာေတြကုိ ဓာတ္ခြဲခန္း ပို႔ထားပါတယ္” လုိ႔ ေျပာပါတယ္။ ေမာင္ေမာင္လင္း

 

Unicode Version ျဖင့္ဖတ္ရန္

 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကင်းရွာကုန်းရွာမှာ ဇွန် ၆ ရက်မနက်က သားအဖ ၃ ဦး အစာအဆိပ်သင့်ပြီး ဝမ်းတွင်းဆေးရုံ ရောက်လာတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ကျော်စွာလင်းက “သားအဖ ၃ ဦးလုံး မေ့မျောနေကြတယ်၊ ဘာမှမေးလို့ မရသေးဘူး။ ကိုသက်ပိုင်တို့ သားအဖ ၃ ဦး အော့အန်မူးမေ့နေတာကို တဝိုင်းတည်းနေ ကိုတင်စိုးက တွေ့ပြီး ဆေးရုံလာပို့တာပေါ့။ အခုတော့ မိတ္ထီလာဆေးရုံကို လွှဲပြောင်း ဆေးကုသတယ်။ ဘာအစားမှားပြီး အခုလို ဖြစ်သွားတယ် မသိရသေးဘူး။”

ဒီနေ့မနက် ၉နာရီခွဲလောက်က ကင်းရွာကုန်းရွာနေ ဖခင်ဖြစ်သူ ဦးသက်ပိုင် (၃၅နှစ်)၊ သမီး ၃ တန်းကျောင်းသူ မခင်ရတနာဇော် (၈နှစ်) နဲ့ သားဖြစ်သူ မောင်ချစ်ရင်ထူး (၄နှစ်) တို့ ၃ ဦးလုံး အော့အန်ပြီး မူးမေ့နေတာကို တဝန်းထဲနေ ကိုတင်စိုးက တွေ့ရှိပြီး ဝမ်းတွင်းဆေးရုံ ပို့ပေးခဲ့တာပါ။

ကင်းရွာကုန်းရွာဒေသခံတဦးက “သူတို့အိမ်ထဲမှာ အစားအစာ အပိုင်းအစ ဘာမှမတွေ့ရဘူး။ အချိုရည်ဘူးလေးတွေတော့ တွေ့တယ်၊ သူတို့ သတိလည်လာမှပဲ သိရမယ်။ ဘာကိုအစားမှားတယ်ဆိုတာ သူတို့ပဲပြောနိုင်မယ်” လို့ ပြောပါတယ်။

၀မ်းတွင်းပြည်သူ့ဆေးရုံ တာဝန်ကျ ဆရာဝန်တဦးက “အော့အန်တဲ့အထဲမှာ အရည်တွေနဲ့ ထမင်းတွေပါတယ်။ ဘာအစားအစာက အစာအဆိပ်ဖြစ်တယ် ပြောဖို့ ခက်တယ်။ အန်ထားတာတွေကို ဓာတ်ခွဲခန်း ပို့ထားပါတယ်” လို့ ပြောပါတယ်။ မောင်မောင်လင်း

Be the first to comment

Leave a Reply

Your email address will not be published.


*