ပြင့္ျဖဴၿမိဳ့နယ္ ကနီေက်းရြာအနီးေျမာက္မုန္းေျမာင္းမႀကီး အတြင္းယာဥ္တစ္စီးအရွိန္မထိန္းနိုင္ပဲတိမ္းေမွာက္မွုျဖစ္ပြား

ပြင့္ျဖဴ ဇြန္ ၆
မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ့နယ္ ကနီေက်းရြာအနီးအေရွ႕မွ အေနာက္သို့ ေရွာက္ေတာ – မဲဇလီသြားလမ္းေဘးေျမာက္မုန္းေျမာင္း မႀကီးေထာင္တိုင္အမွတ္ (၂၀ / ၂၁) ၾကားဇြန္ ၅ ရက္ ၊ ညေန၆နာရီ ၁၅ မိနစ္ အခ်ိန္ခန႔္က ယာဥ္တစ္စီးအရွိန္မထိန္းနိုင္ပဲေျမာင္းမႀကီး အတြင္းတိမ္းေမွာက္မွုျဖစ္ပြားခဲ့ၿပီးအဆိုပါ ယာဥ္တိမ္းေမွာက္မွု ေၾကာင့္ သံဃာေတာ္တစ္ပါးႏွင့္ အမ်ိဳးသမီးတစ္ဦးအခင္း ျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္းပြင့္ျဖဴၿမိဳ့မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ဇြန္ ၅ ရက္ ၊ ယေန႔ ညေန၆နာရီ ၁၅ မိနစ္ ဝန္းက်င္ခန႔္က ပြင့္ျဖဴၿမိဳ့နယ္ ကနီေက်းရြာအနီးအေရွ႕မွ အေနာက္သို့ ေျမာက္မုန္း ေျမာင္းမႀကီးေထာင္တိုင္အမွတ္ (၂၀/၂၁)ၾကားတြင္ ယာဥ္တစ္စီး အရွိန္မထိန္းနိုင္ပဲတိမ္းေမွာက္မွုျဖစ္ပြားေၾကာင္းသတင္းအရ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး ဦးဝင္းေရႊ ၊ ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူး ရဲမွူးေဇာ္ေဇာ္ ၊ ပြင့္ျဖဴၿမိဳ့မရဲစခန္းမွူး ဒုတိယရဲမွူး ေအးေဇာ္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ မဲဇလီနယ္ေျမရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အတူသက္ေသအျဖစ္ ကနီေက်းရြာအုပ္ခ်ဳပ္ေရးမွူး ဦးျမင့္စိုးႏွင့္ ရပ္မိရပ္ဖမ်ားလိုက္ပါ၍ အခင္းျဖစ္ေနရာအားသြားေရာက္ ၾကည့္ရွုစစ္ေဆးရာမဲဇလီေက်းရြာအုပ္စု ၊

ပြင့္ျဖဴၿမိဳ့နယ္ ကနီေက်းရြာအနီးေျမာက္မုန္းေျမာင္းမႀကီး အတြင္းယာဥ္တစ္စီးအရွိန္မထိန္းနိုင္ပဲတိမ္းေမွာက္မွုျဖစ္ပြား 1

လယ္မေက်းရြာပုဗၺဝိဟာရ ရြာဦးေက်ာင္းတိုက္ဆရာေတာ္ ဦးသံဝရ ၊ သက္ေတာ္ ၄၀ ႏွစ္ ၊ ဝါေတာ္ ၂၀ ေမာင္းႏွင္ၿပီးယာဥ္၏ေနာက္ခန္းတြင္ မင္းဘူးၿမိဳ့ ၊ အမွတ္(၁) ရပ္ကြက္ေနေဒၚညိဳညိဳ စီးနင္းလိုက္ပါလာသည့္ ယာဥ္အမွတ္ YGN/ 2H – —– CR-V အမ်ိဳးအစားခဲေရာင္ ယာဥ္သည္ ကနီေက်းရြာအနီးတြင္ အရွိန္မထိန္းနိုင္ပဲဆည္ေရေပးေဝ သည့္ ေျမာက္မုန္းေျမာင္းမႀကီးအတြင္းသို့ တိမ္းေမွာက္မွုျဖစ္ပြားခဲ့ ေၾကာင္းႏွင့္ ယာဥ္တိမ္းေမွာက္မွုအားအနီးရွိေက်းရြာသူ၊ ေက်းရြာ သားမ်ားမွ ကူညီဆယ္ယူေပးခဲ့ေသာ္လည္းဆရာေတာ္ ဦးသံဝရႏွင့္ ေဒၚညိဳညိဳ တို့မွာအခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။ အဆိုပါ ေသဆုံးခဲ့သည့္ ဆရာေတာ္ႏွင့္ ေဒၚညိဳညိဳ တို့အားရဲေဆးစာျဖင့္ မဲဇလီတိုက္နယ္ေဆး႐ုံသို့ စစ္ေဆးရန္ ပို့ေဆာင္ထားရွိေၾကာင္းသိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မွုႏွင့္ ပတ္သက္၍ ပြင့္ျဖဴၿမိဳ့မရဲစခန္းမွ ယာဥ္အားမဆင္မျခင္ ေမာင္းႏွင္သူမဲဇလီေက်းရြာအုပ္စု ၊ လယ္မေက်းရြာပုဗၺဝိဟာရရြာဦးေက်ာင္းတိုက္ဆရာေတာ္ ဦးသံဝရအားယာဥ္(ပ) ၊ ၁၉/ ၂၀၁၉ ၊ ဥပေဒပုဒ္မ – ၃၀၄ က ျဖင့္ အမွုဖြင့္အေရးယူေဆာင္ရြက္ထားရွိေၾကာင္းသိရသည္။ ရဲဝင္းနိုင္ (ေညာင္ဦး)

 

Unicode Version ျဖင့္ဖတ္ရန္

 

ပွင့်ဖြူ ဇွန် ၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီးအရှေ့မှ အနောက်သို့ ရှောက်တော – မဲဇလီသွားလမ်းဘေးမြောက်မုန်းမြောင်း မကြီးထောင်တိုင်အမှတ် (၂၀ / ၂၁) ကြားဇွန် ၅ ရက် ၊ ညနေ၆နာရီ ၁၅ မိနစ် အချိန်ခန့်က ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ပဲမြောင်းမကြီး အတွင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးအဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် သံဃာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးအခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၅ ရက် ၊ ယနေ့ ညနေ၆နာရီ ၁၅ မိနစ် ဝန်းကျင်ခန့်က ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီးအရှေ့မှ အနောက်သို့ မြောက်မုန်း မြောင်းမကြီးထောင်တိုင်အမှတ် (၂၀/၂၁)ကြားတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော် ၊ ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အေးဇော်နှင့် တပ်ဖွဲ့ဝင်များသည် မဲဇလီနယ်မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အတူသက်သေအဖြစ် ကနီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ရပ်မိရပ်ဖများလိုက်ပါ၍ အခင်းဖြစ်နေရာအားသွားရောက် ကြည့်ရှုစစ်ဆေးရာမဲဇလီကျေးရွာအုပ်စု ၊

ပြင့္ျဖဴၿမိဳ့နယ္ ကနီေက်းရြာအနီးေျမာက္မုန္းေျမာင္းမႀကီး အတြင္းယာဥ္တစ္စီးအရွိန္မထိန္းနိုင္ပဲတိမ္းေမွာက္မွုျဖစ္ပြား 1

လယ်မကျေးရွာပုဗ္ဗဝိဟာရ ရွာဦးကျောင်းတိုက်ဆရာတော် ဦးသံဝရ ၊ သက်တော် ၄၀ နှစ် ၊ ဝါတော် ၂၀ မောင်းနှင်ပြီးယာဉ်၏နောက်ခန်းတွင် မင်းဘူးမြို့ ၊ အမှတ်(၁) ရပ်ကွက်နေဒေါ်ညိုညို စီးနင်းလိုက်ပါလာသည့် ယာဉ်အမှတ် YGN/ 2H – —– CR-V အမျိုးအစားခဲရောင် ယာဉ်သည် ကနီကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ပဲဆည်ရေပေးဝေ သည့် မြောက်မုန်းမြောင်းမကြီးအတွင်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုအားအနီးရှိကျေးရွာသူ၊ ကျေးရွာ သားများမှ ကူညီဆယ်ယူပေးခဲ့သော်လည်းဆရာတော် ဦးသံဝရနှင့် ဒေါ်ညိုညို တို့မှာအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ သေဆုံးခဲ့သည့် ဆရာတော်နှင့် ဒေါ်ညိုညို တို့အားရဲဆေးစာဖြင့် မဲဇလီတိုက်နယ်ဆေးရုံသို့ စစ်ဆေးရန် ပို့ဆောင်ထားရှိကြောင်းသိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ပွင့်ဖြူမြို့မရဲစခန်းမှ ယာဉ်အားမဆင်မခြင် မောင်းနှင်သူမဲဇလီကျေးရွာအုပ်စု ၊ လယ်မကျေးရွာပုဗ္ဗဝိဟာရရွာဦးကျောင်းတိုက်ဆရာတော် ဦးသံဝရအားယာဉ်(ပ) ၊ ၁၉/ ၂၀၁၉ ၊ ဥပဒေပုဒ်မ – ၃၀၄ က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)