ဆိုးဆိုးရြားရြားျဖစ္ပြားခဲ့တဲ့ ခရီးသည္တင္ Express နဲ႔ (၁၂)ဘီးကားတိုက္မႈ

ျပည္တြင္း အျမဲလိုလိုၾကားေနရတဲ့ သတင္းေတြထဲမွာ ယာဥ္တိုက္မွုေတြကေတာ့ မ်ားစြာပါဝင္ေနတာအားလုံးလည္း သိၾကမယ္ထင္ပါတယ္။ ယာဥ္ေမာင္းသူမ်ားရဲ့ စည္းကမ္းမဲ့ေမာင္းႏွင္မွုေတြနဲ႔အတူ သဘာဝေဘးအႏၲရယ္ေတြေၾကာင့္ တိမ္းေမွာက္မွုပိုမိုမ်ားျပားေနၿပီး ေသဆုံးသူေတြနဲ႔အတူ ဒဏ္ရာရရွိမွုေတြကေတာ့ မေရမတြက္နိုင္ေအာင္မ်ားျပားလၽွက္ရွိတာေတြ႕ရပါတယ္။

ဆိုးဆိုးရြားရြားျဖစ္ပြားခဲ့တဲ့ ခရီးသည္တင္ Express နဲ႔ (၁၂)ဘီးကားတိုက္မႈ 1

ဆိုးဆိုးရြားရြားျဖစ္ပြားခဲ့တဲ့ ခရီးသည္တင္ Express နဲ႔ (၁၂)ဘီးကားတိုက္မႈ 2

ဒီကေန႔ ဇြန္လ ၆ရက္ေန႔ အေစာဆုံးမွာလည္း ၁၂ဘီကားနဲ႔ Express ယာဥ္တိုက္မွုတစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါ ျဖစ္စဥ္ကေတာ့ မင္းတုန္းၿမိဳ႕နယ္ မိုးနတ္ရြာအလြန္ မိုင္တိုင္အမွတ္ ၁၅၆ အနားတြင္ ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး “မင္းတုန္းၿမိဳ႕နယ္ မိုးနတ္ရြာအလြန္ မိုင္တိုင္အမွတ္၁၅၆အနားတြင္၁၂ဘီးယဥ္အား တိုးရတနာခရီးသည္တင္ Express ကား ေနာက္မွဝင္တိုက္ခဲ့တာျဖစ္ေၾကာင္း ” မ်က္ျမင္သက္ေသတစ္ဦးရဲ့ေျပာၾကားခ်က္အရ သိရပါတယ္။

ဆိုးဆိုးရြားရြားျဖစ္ပြားခဲ့တဲ့ ခရီးသည္တင္ Express နဲ႔ (၁၂)ဘီးကားတိုက္မႈ 3

ဆိုးဆိုးရြားရြားျဖစ္ပြားခဲ့တဲ့ ခရီးသည္တင္ Express နဲ႔ (၁၂)ဘီးကားတိုက္မႈ 4

အဆိုပါ ယာဥ္တိုက္မွုေၾကာင့္ ေသဆုံးသူဦးေရနဲ႔ ထိခိုက္ဒဏ္ရရွိသူဦးေရကို မသိရွိရေသးပဲ လက္ရွိ ကူညီေရးေတြကို အဓိကထားလုပ္ေဆာင္လၽွက္ရွိေၾကာင္း သိရပါတယ္။ ဆိုးဆိုးရြားရြားျဖစ္ပြားခဲ့တဲ့ ဒီကေန႔ ၁၂ဘီကားနဲ႔ Express ယာဥ္တိုက္မွု ပုံရိပ္အခ်ိဳ႕ကို မၽွေဝေပးလိုက္ပါတယ္။ ျမင္ဦးရြာႀကီး

 

Unicode Version ျဖင့္ဖတ္ရန္

 

ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေဆုံးသူတွေနဲ့အတူ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။

ဒီကနေ့ ဇွန်လ ၆ရက်နေ့ အစောဆုံးမှာလည်း ၁၂ဘီကားနဲ့ Express ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ မင်းတုန်းမြို့နယ် မိုးနတ်ရွာအလွန် မိုင်တိုင်အမှတ် ၁၅၆ အနားတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး “မင်းတုန်းမြို့နယ် မိုးနတ်ရွာအလွန် မိုင်တိုင်အမှတ်၁၅၆အနားတွင်၁၂ဘီးယဉ်အား တိုးရတနာခရီးသည်တင် Express ကား နောက်မှဝင်တိုက်ခဲ့တာဖြစ်ကြောင်း ” မျက်မြင်သက်သေတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေနဲ့ ထိခိုက်ဒဏ်ရရှိသူဦးရေကို မသိရှိရသေးပဲ လက်ရှိ ကူညီရေးတွေကို အဓိကထားလုပ်ဆောင်လျှက်ရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဒီကနေ့ ၁၂ဘီကားနဲ့ Express ယာဉ်တိုက်မှု ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။ မြင်ဦးရွာကြီး