ေအာင္သေျပေက်း႐ြာသား ေထာင္တြင္းေသဆုံးမႈ ဒဏ္ရာမ်ားေတြ႕ရွိ၊ အာဏာပိုင္မ်ားက အရက္ေၾကာင္ ေၾကာင္၍ ေသဆုံးဟု ေျပာ

ေအာင္သေျပေက်း႐ြာသား ေထာင္တြင္းေသဆုံးမႈ ဒဏ္ရာမ်ားေတြ႕ရွိ၊ အာဏာပိုင္မ်ားက အရက္ေၾကာင္ ေၾကာင္၍ ေသဆုံးဟု ေျပာ

ရန္ကုန္၊ ဇြန္ ၆

မႏၲေလးခ႐ိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပေက်း႐ြာမွ မႏၲေလးအိုးဘိုအက်ဥ္းအေထာင္ အတြင္း အဖမ္းဆီးခံထားရသည့္ ဦးထြန္းျမင့္ဝင္း (ခ) ဦးေမာင္ထြန္း ေသဆုံးမႈတြင္ ဒဏ္ရာမ်ား ေတြ႕ရွိရေၾကာင္း ၎၏ အကိုျဖစ္သူ ဆရာေတာ္ ဦးဝိမလက မိန႔္သည္။

ထိုေသဆုံးမႈ ျဖစ္စဥ္ကို သက္ဆိုင္ရာအစိုးရအဖြဲ႕အစည္းမ်ားက အရက္ေၾကာင္ေသာေၾကာင့္ ေသဆုံးျခင္းျဖစ္သည္ဟု ေျပာဆိုထားေၾကာင္း ဆရာေတာ္၏ မိန္႔ၾကားခ်က္အရသိရသည္။

“ ဦးဇင္း ဒီမနက္႐ုပ္အေလာင္းကိုသြားၾကည့္ေတာ့ နား႐ြက္ကေသြးေတြထြက္ေနတာေတြေတြ႕တယ္။ လည္ပင္းမွာ လက္ေလးလုံးခန႔္ ဒဏ္ရာရွည္တစ္ခုေတြ႕တယ္။ နားထင္မွာ ေရာင္ေနတဲ့ ဒဏ္ရာေတြ႕ရတယ္”ဟု ဆရာေတာ္ ဦးဝိမလက မိန႔္ၾကားသည္။

ေသဆုံးသူ ဦးထြန္းျမင့္ဝင္း (ခ) ဦးေမာင္ထြန္း ကို ေအာင္သေျပေက်း႐ြာတြင္ျဖစ္ပြားသည့္ ရဲတပ္ဖြဲ႕ ႏွင့္ ေဒသခံတို႔၏ ပဋိပကၡျဖစ္စဥ္တြင္ ပါဝင္ခဲ့သည့္ဟုဆိုကာ ဇြန္လ ၂ရက္ေန႔ကရာဇသတ္ႀကီး ပုဒ္မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို႔ျဖင့္ ဖြင့္ဖမ္းဆီးအမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ႐ုပ္အေလာင္းကို လက္ရွိခ်ိန္တြင္ မႏၲေလးေဆး႐ုံႀကီး တြင္ထားရွိကာ လာမည့္ ဇြန္လ ၇ရက္တြင္ ေအာင္သေျပ႐ြာ သုသာန္တြင္ သၿဂိဳလ္ သြားမည္ဟု ဆရာေတာ္က မိန႔္ၾကားသည္။

ေအာင္သေျပေက်း႐ြာသား ေထာင္တြင္းေသဆုံးမႈ ဒဏ္ရာမ်ားေတြ႕ရွိ၊ အာဏာပိုင္မ်ားက အရက္ေၾကာင္ ေၾကာင္၍ ေသဆုံးဟု ေျပာ 1

“ဦးဇင္း လူမႈေရးအရေျပာရမယ္ဆိုရင္ေတာ့ လူအခြင့္အေရးေတြ ေစာ္ကားခံရတဲ့ ပုံစံမ်ိဳးေပါ့။ ဒီကေလးက အျပစ္မွလည္းမရွိဘဲနဲ႔သက္ေသလည္း မျပႏိုင္ဘဲနဲ႔ ဖမ္းဆီးခံရတာ”ဟု ဆရာေတာ္ ဦးဝိမလက မိန႔္ဆိုသည္.

အဆိုပါေသဆုံးမႈနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲတစ္ခု ျပဳလုပ္သြားရန္ရွိေၾကာင္း ဆရာေတာ္က ထပ္မံမိန႔္ၾကားသည္။

ေမလအတြင္းက ေအာင္သေျပေက်း႐ြာရွိ Alpha ဘိလပ္ေျမစက္႐ုံ ဖ်က္သိမ္းေရးေတာင္းဆိုခဲ့ၾကေသာ ေဒသခံမ်ားႏွင့္ ရဲတပ္ဖြဲ႕ၾကား ပဋိပကၡ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေဒသခံအမ်ားအျပား ဖမ္းဆီးခံရၿပီး အမႈရင္ဆိုင္ေနရသည္။

အဆိုပါေသဆုံးမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မႏၲေလးတိုင္းသက္ဆိုင္ရာ တာဝန္ရွိသူမ်ားကို ရန္ကုန္ေခတ္သစ္က ဆက္သြယ္ေမးျမန္းေသာ္လည္း တာဝန္ခံ ေျဖဆိုမည့္ သူမရွိေပ။

တက္ႂကြလႈပ္ရွားသူ ဦးသိန္းေအာင္ျမင့္ကမူ မႏၲေလးေဆး႐ုံႀကီး ရင္ခြဲ႐ုံတြင္ ရွိေနေသာ ဦးေမာင္ထြန္း ၏ ႐ုပ္အေလာင္းကို ဝင္ေရာက္ၾကည့္ရႈရာ ဓာတ္ပုံ ႐ိုက္ခြင့္မေပးဘဲ နားႏွင့္ပါးစပ္တြင္ ေသြးက်ေနသည္ကို ျမင္ေတြ႕ရေၾကာင္း၊ ဘယ္ဘက္နားတြင္လည္း ေသြးက် ေန ေၾကာင္း၊ နံနက္ ၁၀ နာရီေက်ာ္တြင္ ရင္ခြဲစစ္ေဆးေၾကာင္း သူ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ တင္ထားသည္။

ဓာတ္ပုံ- ေမလအတြင္း ရဲတပ္ဖြဲ႕ႏွင့္ အောင္သေျပေက်းရြာသားမ်ားအၾကား ပဋိပကၡျမင္ကြင္း။www.khitthitnews.com

 

Unicode Version ျဖင့္ဖတ္ရန္

 

အောင်သပြေကျေးရွာသား ထောင်တွင်းသေဆုံးမှု ဒဏ်ရာများတွေ့ရှိ၊ အာဏာပိုင်များက အရက်ကြောင် ကြောင်၍ သေဆုံးဟု ပြော

ရန်ကုန်၊ ဇွန် ၆

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ မန္တလေးအိုးဘိုအကျဉ်းအထောင် အတွင်း အဖမ်းဆီးခံထားရသည့် ဦးထွန်းမြင့်ဝင်း (ခ) ဦးမောင်ထွန်း သေဆုံးမှုတွင် ဒဏ်ရာများ တွေ့ရှိရကြောင်း ၎င်း၏ အကိုဖြစ်သူ ဆရာတော် ဦးဝိမလက မိန့်သည်။

ထိုသေဆုံးမှု ဖြစ်စဉ်ကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက အရက်ကြောင်သောကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ပြောဆိုထားကြောင်း ဆရာတော်၏ မိန့်ကြားချက်အရသိရသည်။

“ ဦးဇင်း ဒီမနက်ရုပ်အလောင်းကိုသွားကြည့်တော့ နားရွက်ကသွေးတွေထွက်နေတာတွေတွေ့တယ်။ လည်ပင်းမှာ လက်လေးလုံးခန့် ဒဏ်ရာရှည်တစ်ခုတွေ့တယ်။ နားထင်မှာ ရောင်နေတဲ့ ဒဏ်ရာတွေ့ရတယ်”ဟု ဆရာတော် ဦးဝိမလက မိန့်ကြားသည်။

သေဆုံးသူ ဦးထွန်းမြင့်ဝင်း (ခ) ဦးမောင်ထွန်း ကို အောင်သပြေကျေးရွာတွင်ဖြစ်ပွားသည့် ရဲတပ်ဖွဲ့ နှင့် ဒေသခံတို့၏ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်ဟုဆိုကာ ဇွန်လ ၂ရက်နေ့ကရာဇသတ်ကြီး ပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် ဖွင့်ဖမ်းဆီးအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်အလောင်းကို လက်ရှိချိန်တွင် မန္တလေးဆေးရုံကြီး တွင်ထားရှိကာ လာမည့် ဇွန်လ ရရက်တွင် အောင်သပြေရွာ သုသာန်တွင် သဂြိုလ် သွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

ေအာင္သေျပေက်း႐ြာသား ေထာင္တြင္းေသဆုံးမႈ ဒဏ္ရာမ်ားေတြ႕ရွိ၊ အာဏာပိုင္မ်ားက အရက္ေၾကာင္ ေၾကာင္၍ ေသဆုံးဟု ေျပာ 1

“ဦးဇင်း လူမှုရေးအရပြောရမယ်ဆိုရင်တော့ လူအခွင့်အရေးတွေ စော်ကားခံရတဲ့ ပုံစံမျိုးပေါ့။ ဒီကလေးက အပြစ်မှလည်းမရှိဘဲနဲ့သက်သေလည်း မပြနိုင်ဘဲနဲ့ ဖမ်းဆီးခံရတာ”ဟု ဆရာတော် ဦးဝိမလက မိန့်ဆိုသည်.

အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားရန်ရှိကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

မေလအတွင်းက အောင်သပြေကျေးရွာရှိ Alpha ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေးတောင်းဆိုခဲ့ကြသော ဒေသခံများနှင့် ရဲတပ်ဖွဲ့ကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံအများအပြား ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသည်။

အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးတိုင်းသက်ဆိုင်ရာ တာဝန်ရှိသူများကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံ ဖြေဆိုမည့် သူမရှိပေ။

တက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်မြင့်ကမူ မန္တလေးဆေးရုံကြီး ရင်ခွဲရုံတွင် ရှိနေသော ဦးမောင်ထွန်း ၏ ရုပ်အလောင်းကို ဝင်ရောက်ကြည့်ရှုရာ ဓာတ်ပုံ ရိုက်ခွင့်မပေးဘဲ နားနှင့်ပါးစပ်တွင် သွေးကျနေသည်ကို မြင်တွေ့ရကြောင်း၊ ဘယ်ဘက်နားတွင်လည်း သွေးကျ နေ ကြောင်း၊ နံနက် ၁၀ နာရီကျော်တွင် ရင်ခွဲစစ်ဆေးကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည်။

ဓာတ်ပုံ- မေလအတွင်း ရဲတပ်ဖွဲ့နှင့် အောင်သပြေကျေးရွာသားများအကြား ပဋိပက္ခမြင်ကွင်း။www.khitthitnews.com