သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူသိရွိရန္ အသိေပး ေၾကညာခ်က္

သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူသိရွိရန္ အသိေပး ေၾကညာခ်က္

၁။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ အရည္အေသြး စစ္မွန္ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူတို့သုံးစြဲနိုင္ရန္ ႀကီးၾကပ္ကြပ္ကဲျခင္းကို ေဆာင္ရြက္လ်က္ရွိပါသည္။

သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူသိရွိရန္ အသိေပး ေၾကညာခ်က္ 1

၂။ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ေဈးကြက္တြင္ ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္း မ်ားကို စစ္ေဆးခဲ့ရာ ပူးတြဲေဖာ္ျပပါ အလွကုန္ ပစၥည္း(၄)မ်ိဳးသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီး ဌာန၌ မွတ္တမ္း တင္ထားျခင္းမရွိသည့္အျပင္ က်န္းမာ ေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစနိုင္ေသာ တားျမစ္ ဓာတုပစၥည္းမ်ား ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမ်ားျပည္သူလူထု သုံးစြဲရန္ မသင့္ေတာ္ပါေၾကာင္း အသိေပးႏွိုးေဆာ္အပ္ပါသည္။
၃။ Rhodamine B အေရာင္ဆိုးေဆးသည္ အဝတ္ အထည္မ်ား အေရာင္ဆိုးရာတြင္ အသုံးျပဳေသာ ဓာတု ပစၥည္းျဖစ္၍ ေရရွည္သုံးစြဲပါက ႏွုတ္ခမ္းကင္ဆာ၊ အစာအိမ္ အူလမ္းေၾကာင္းကင္ဆာႏွင့္ ေက်ာက္ကပ္ ေရာဂါမ်ား ျဖစ္ပြားနိုင္ပါသည္။

သုံးစြဲရန္မသင့္ေသာ အလွကုန္ပစၥည္းမ်ားကို အမ်ားျပည္သူသိရွိရန္ အသိေပး ေၾကညာခ်က္ 2

၄။ အလွကုန္ပစၥည္း တင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်သည့္ ကုမၸဏီႏွင့္ လက္လီ လက္ကားဆိုင္မ်ားသည္ အစား အေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္း တင္ထားျခင္းမရွိေသာ အမ်ားျပည္သူသုံးစြဲရန္ မသင့္ ေၾကာင္း ေၾကညာ ထားသည့္ အလွကုန္ပစၥည္းမ်ား တင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္ (Ethic)အရ လုံးဝ မျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္ရြက္ ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္(၃)(ဃ)အရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန

 

Unicode Version ျဖင့္ဖတ္ရန္

 

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေး ကြေညာချက်

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဈေးကွက်တွင် ရောင်းချနေသည့် အလှကုန်ပစ္စည်း များကို စစ်ဆေးခဲ့ရာ ပူးတွဲဖော်ပြပါ အလှကုန် ပစ္စည်း(၄)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၌ မှတ်တမ်း တင်ထားခြင်းမရှိသည့်အပြင် ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
၃။ Rhodamine B အရောင်ဆိုးဆေးသည် အဝတ် အထည်များ အရောင်ဆိုးရာတွင် အသုံးပြုသော ဓာတု ပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ် အူလမ်းကြောင်းကင်ဆာနှင့် ကျောက်ကပ် ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

၄။ အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီ လက်ကားဆိုင်များသည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်း တင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့် ကြောင်း ကြေညာ ထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.


*