သူမ်ားအိမ္ကို စပ္စုရင္း သံတိုင္ၾကားေခါင္းညွပ္သြားခဲ့တဲ့ အမ်ိဳးသမီးရဲ႕ရယ္စရာအျဖစ္

လူတိုင္းလိုလို မေတာ္တဆထိခိုက္မႈေလးေတြ ျဖစ္ဖူးၾကပါတယ္။ ငိုအားထက္ ရယ္အားသန္တဲ့ မေတာ္တဆမႈ ေတြလည္း ျဖစ္ဖူးၾကမွာပါ။ ကိုလံဘီယာမွာရွိတဲ့ La Virginia ၿမိဳ႕က စပ္စုတတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ကေတာ့ သူ႕အိမ္နီးခ်င္းအိမ္တစ္အိမ္ကို သံတိုင္တံခါးကေန ေခ်ာင္းၾကည့္ရင္းနဲ႕ သံတိုင္ၾကားမွာ ေခါင္းညွပ္သြားခဲ့ ပါတယ္။ မသိေအာင္ ခိုးၾကည့္ကာမွ လူမိသြားတဲ့ ငိုရခက္ ရယ္ရခက္ အျဖစ္အပ်က္ပါပဲ။

သူမ်ားအိမ္ကို စပ္စုရင္း သံတိုင္ၾကားေခါင္းညွပ္သြားခဲ့တဲ့ အမ်ိဳးသမီးရဲ႕ရယ္စရာအျဖစ္ 1

အဲဒီအမ်ိဳးသမီးဟာ သူမရဲ႕ အိမ္အနီးနားက အိမ္တစ္အိမ္ကို စပ္စုဖို႔အတြက္ အဲဒီအိမ္ရဲ႕ေရွ႕က သံတိုင္တံခါးထဲ ေခါင္းတိုးဝင္ၿပီး အိမ္ထဲက အသံဗလံေတြကို ခိုးနားေထာင္ဖို႔ ႀကိဳးပမ္းခဲ့တာပဲ ျဖစ္ပါတယ္။ အဲဒီကေန လွ်ို႔ဝွက္ခ်က္တစ္ခုခုသိခဲ့ရရင္ သူမအေပါင္းအသင္းေတြနဲ႕ အတင္းအဖ်င္းျပန္ေျပာနိုင္မယ္လို႔ ယုံၾကည္ထားဟန္ တူပါတယ္။ ဒါေပမဲ့ ကံမေကာင္းစြာဘဲ စပ္စုခ်င္တုန္းက တံခါးသံတိုင္ၾကားထဲ ေခါင္းဝင္သြားခဲ့ေပမဲ့ ျပန္ထုတ္ တဲ့အခါမွာေတာ့ သံတိုင္ၾကားထဲ ေခါင္းတစ္ၿပီး ျပန္ထြက္မရ ျဖစ္ခဲ့တာပါ။

သူမ်ားအိမ္ကို စပ္စုရင္း သံတိုင္ၾကားေခါင္းညွပ္သြားခဲ့တဲ့ အမ်ိဳးသမီးရဲ႕ရယ္စရာအျဖစ္ 2

အမ်ိဳးသမီးဟာ သူမဘာသာ ႀကိတ္ၿပီး ေခါင္းကိုျပန္ထုတ္ဖို႔ အားကုန္ႀကိဳးစားေပမဲ့ အဆင္မေျပခဲ့ပါဘူး။ အဲဒါေၾကာင့္ မတတ္သာေတာ့ဘဲ ပတ္ဝန္းက်င္ကို အကူအညီေတာင္းခံခဲ့ရပါေတာ့တယ္။ ေနာက္ဆုံးမွာ သူမရဲ႕ ေခါင္းကို တံခါးသံတိုင္ၾကားကေန ထုတ္ဖို႔အတြက္ မီးသတ္တပ္ဖြဲ႕ကိုေခၚၿပီး အကူအညီေတာင္းရတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။

သူမ်ားအိမ္ကို စပ္စုရင္း သံတိုင္ၾကားေခါင္းညွပ္သြားခဲ့တဲ့ အမ်ိဳးသမီးရဲ႕ရယ္စရာအျဖစ္ 3

မီးသတ္တပ္ဖြဲ႕ဟာလည္း အမ်ိဳးသမီးရဲ႕ ရွက္စရာအေျခအေနနဲ႕ အၾကပ္အတည္းကေန ကယ္တင္ဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့ေပမဲ့ အဲဒီသံဘားတန္းေတြၾကားကေန သူမေခါင္းကို ဆြဲထုတ္ဖို႔အတြက္ အခ်ိန္ ၅ နာရီေလာက္ ၾကာျမင့္ခဲ့ပါတယ္။ ဘယ္လိုအေၾကာင္းေၾကာင့္ အခုလို ေခါင္းကိုဆြဲထုတ္ဖို႔ ခက္ခဲေနတာလည္းဆိုတာေတာ့ မသိရပါဘူး။ ဒါေပမဲ့ တခ်ိဳ႕ကေတာ့ မီးသတ္သမားေတြဟာ အဲဒီအမ်ိဳးသမီးရဲ႕ ငိုရခက္ ရယ္ရခက္အေျခအေန ကို ၾကည့္ရင္ မရယ္မိေအာင္ ႀကိဳးစားေနရလို႔လည္း အ႐ႊန္းေဖာက္ၾကပါတယ္။

ကံအားေလ်ာ္စြာဘဲ သံဘားတန္းၾကားကေန သူမရဲ႕ေခါင္းကို ထုတ္လို႔ရသြားေပမဲ့ မီးသတ္သမားေတြ သူမရဲ႕ ေခါင္းကို ထုတ္ဖို႔ ႀကိဳးစားေနတဲ့ ဓာတ္ပုံေတြဟာ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚ ပ်ံ့ႏွံ႕သြားခဲ့ပါတယ္။ အဲဒီကိစၥနဲ႕ပတ္သက္လို႔ လူေတြကလည္း အေတာ္ေလး ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။ တခ်ိဳ႕ကလည္း သူမ်ား အေၾကာင္းကို စပ္စုဖို႔ႀကိဳးစားခဲ့လို႔ ဒဏ္ခတ္ခံရတာျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။ စပ္စုတတ္သူေတြ အတြက္ေတာ့ သင္ခန္းစာယူစရာပါပဲ။

သူမ်ားအိမ္ကို စပ္စုရင္း သံတိုင္ၾကားေခါင္းညွပ္သြားခဲ့တဲ့ အမ်ိဳးသမီးရဲ႕ရယ္စရာအျဖစ္ 4

အဲဒီအမ်ိဳးသမီးအေနနဲ႕ေတာ့ သံဘားတန္းၾကားကေန လြတ္ေျမာက္ၿပီးေနာက္မွာ ဘယ္လိုဆက္ျဖစ္သြားသလဲ ဆိုတာကို မသိရေပမဲ့ ေသခ်ာတာကေတာ့ သူမအတြက္ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈမ်ိဳးေတာ့ အႀကီးအက်ယ္ မရွိနိုင္ပါဘူး။ ဒါ့ျပင္ သူမအေနနဲ႕ အခုအျဖစ္အပ်က္ကို သင္ခန္းစာယူၿပီး အိမ္နားခ်င္းေတြအေၾကာင္း အတင္းအဖ်င္းေျပာဆိုတတ္တဲ့ အက်င့္ကို ျပင္ဆင္နိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

 

Unicode Version ျဖင့္ဖတ္ရန္

 

လူတိုင်းလိုလို မတော်တဆထိခိုက်မှုလေးတွေ ဖြစ်ဖူးကြပါတယ်။ ငိုအားထက် ရယ်အားသန်တဲ့ မတော်တဆမှု တွေလည်း ဖြစ်ဖူးကြမှာပါ။ ကိုလံဘီယာမှာရှိတဲ့ La Virginia မြို့က စပ်စုတတ်တဲ့ အမျိုးသမီးတစ်ယောက် ကတော့ သူ့အိမ်နီးချင်းအိမ်တစ်အိမ်ကို သံတိုင်တံခါးကနေ ချောင်းကြည့်ရင်းနဲ့ သံတိုင်ကြားမှာ ခေါင်းညှပ်သွားခဲ့ ပါတယ်။ မသိအောင် ခိုးကြည့်ကာမှ လူမိသွားတဲ့ ငိုရခက် ရယ်ရခက် အဖြစ်အပျက်ပါပဲ။

အဲဒီအမျိုးသမီးဟာ သူမရဲ့ အိမ်အနီးနားက အိမ်တစ်အိမ်ကို စပ်စုဖို့အတွက် အဲဒီအိမ်ရဲ့ရှေ့က သံတိုင်တံခါးထဲ ခေါင်းတိုးဝင်ပြီး အိမ်ထဲက အသံဗလံတွေကို ခိုးနားထောင်ဖို့ ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီကနေ လျှို့ဝှက်ချက်တစ်ခုခုသိခဲ့ရရင် သူမအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြန်ပြောနိုင်မယ်လို့ ယုံကြည်ထားဟန် တူပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ စပ်စုချင်တုန်းက တံခါးသံတိုင်ကြားထဲ ခေါင်းဝင်သွားခဲ့ပေမဲ့ ပြန်ထုတ် တဲ့အခါမှာတော့ သံတိုင်ကြားထဲ ခေါင်းတစ်ပြီး ပြန်ထွက်မရ ဖြစ်ခဲ့တာပါ။

အမျိုးသမီးဟာ သူမဘာသာ ကြိတ်ပြီး ခေါင်းကိုပြန်ထုတ်ဖို့ အားကုန်ကြိုးစားပေမဲ့ အဆင်မပြေခဲ့ပါဘူး။ အဲဒါကြောင့် မတတ်သာတော့ဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့ရပါတော့တယ်။ နောက်ဆုံးမှာ သူမရဲ့ ခေါင်းကို တံခါးသံတိုင်ကြားကနေ ထုတ်ဖို့အတွက် မီးသတ်တပ်ဖွဲ့ကိုခေါ်ပြီး အကူအညီတောင်းရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့ဟာလည်း အမျိုးသမီးရဲ့ ရှက်စရာအခြေအနေနဲ့ အကြပ်အတည်းကနေ ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ အဲဒီသံဘားတန်းတွေကြားကနေ သူမခေါင်းကို ဆွဲထုတ်ဖို့အတွက် အချိန် ၅ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့် အခုလို ခေါင်းကိုဆွဲထုတ်ဖို့ ခက်ခဲနေတာလည်းဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ တချို့ကတော့ မီးသတ်သမားတွေဟာ အဲဒီအမျိုးသမီးရဲ့ ငိုရခက် ရယ်ရခက်အခြေအနေ ကို ကြည့်ရင် မရယ်မိအောင် ကြိုးစားနေရလို့လည်း အရွှန်းဖောက်ကြပါတယ်။

ကံအားလျော်စွာဘဲ သံဘားတန်းကြားကနေ သူမရဲ့ခေါင်းကို ထုတ်လို့ရသွားပေမဲ့ မီးသတ်သမားတွေ သူမရဲ့ ခေါင်းကို ထုတ်ဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ လူတွေကလည်း အတော်လေး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ တချို့ကလည်း သူများ အကြောင်းကို စပ်စုဖို့ကြိုးစားခဲ့လို့ ဒဏ်ခတ်ခံရတာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ စပ်စုတတ်သူတွေ အတွက်တော့ သင်ခန်းစာယူစရာပါပဲ။

အဲဒီအမျိုးသမီးအနေနဲ့တော့ သံဘားတန်းကြားကနေ လွတ်မြောက်ပြီးနောက်မှာ ဘယ်လိုဆက်ဖြစ်သွားသလဲ ဆိုတာကို မသိရပေမဲ့ သေချာတာကတော့ သူမအတွက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတော့ အကြီးအကျယ် မရှိနိုင်ပါဘူး။ ဒါ့ပြင် သူမအနေနဲ့ အခုအဖြစ်အပျက်ကို သင်ခန်းစာယူပြီး အိမ်နားချင်းတွေအကြောင်း အတင်းအဖျင်းပြောဆိုတတ်တဲ့ အကျင့်ကို ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။