မြေးမလေး၏ ဟောစာတမ်းစာရွက် နံပါတ်ကို ထိုးပြီး ဒေါ်လာသန်း ၃၀၀ ကျော် ထီပေါက်တဲ့ အမျိုးသား
မြေးမလေးရဲ့ ကွတ်ကီးဟောစာတမ်းစာရွက်မှာ တွေ့တဲ့ နံပါတ်ကို ရွေးပြီး ဆုငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ထီပေါက်ခဲ့တယ်လို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အမျိုးသားတယောက်က ဇွန်လ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အဲဒီနံပါတ်ကိုပဲ ပုံမှန်ကံစမ်းတဲ့ ဂျက်ဆင်က ထီပေါက်မှန်း သိတဲ့အခါမှာ ဆုငွေပမာဏကို သိဖို့ ဂူဂယ်လ်မှာ ရှာခဲ့ရတယ်လို့လည်း ပြောပါတယ်။
မြေးမလေး၏ ဟောစာတမ်းစာရွက် နံပါတ်ကို ထိုးပြီး ဒေါ်လာသန်း ၃၀၀ ကျော် ထီပေါက်တဲ့ အမျိုးသား 1
စစ်ဘက်ပစ္စည်းအရောင်းဆိုင် အငြိမ်းစားဝန်ထမ်းဖြစ်သူ ဂျက်ဆင်က ရတဲ့ဆုငွေနဲ့ ဘာဝယ်မလဲဆိုတာ ချက်ချင်း မပြောသေးဘဲ စိန့်ဂျုဒ် ကလေးသုတေသနဆေးရုံ၊ အကျိုးအမြတ်မယူတဲ့ ကလေးဆေးရုံနဲ့ ဒဏ်ရာရ စစ်သည်တွေကို ကုသပေးတဲ့ စစ်ဆေးရုံတို့ကို လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ထီပေါက်ခဲ့ရင် အဲဒီနေရာ ၃ ခုကို ဒေါ်လာတသန်းစီ လှူဒါန်းမယ်လို့ ဘုရားသခင်ထံမှာ ဆုတောင်းထားတဲ့အတွက် ပြောတဲ့အတိုင်း လှူသွားမယ်လို့ ကံထူးရှင် ဂျက်ဆင်က ပြောပါတယ်။
Unicode Version ဖြင့်ဖတ်ရန်
မြေးမလေးရဲ့ ကွတ်ကီးဟောစာတမး်စာရွက်မှာ တွေ့တဲ့ နံပါတ်ကို ရွေးပြီး ဆုငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ထီပေါက်ခဲ့တယ်လို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အမျိုးသားတယောက်က ဇွန်လ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
Powerball ကံထူးရှင် အသက် ၆၆ နှစ်အရွယ် ချားလ်စ် ဒဗလျူ ဂျက်ဆင် ဂျူနီယာက သူဟာ ဇနီးသည်၊ မြေးမလေးတို့နဲ့အတူ ဗီယက်နမ်စားသောက်ဆိုင်မှာ နေ့လယ်စာစားရင်း အဲဒီ ကံကောင်းစေမယ့် ထီနံပါတ်ဂဏန်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနံပါတ်ကိုပဲ ပုံမှန်ကံစမ်းတဲ့ ဂျက်ဆင်က ထီပေါက်မှန်း သိတဲ့အခါမှာ ဆုငွေပမာဏကို သိဖို့ ဂူဂယ်လ်မှာ ရှာခဲ့ရတယ်လို့လညး် ပြောပါတယ်။
မြေးမလေး၏ ဟောစာတမ်းစာရွက် နံပါတ်ကို ထိုးပြီး ဒေါ်လာသန်း ၃၀၀ ကျော် ထီပေါက်တဲ့ အမျိုးသား 1
စစ်ဘက်ပစ္စည်းအရောင်းဆိုင် အငြိမး်စားဝန်ထမ်းဖြစ်သူ ဂျက်ဆင်က ရတဲ့ဆုငွေနဲ့ ဘာဝယ်မလဲဆိုတာ ချက်ချင်း မပြောသေးဘဲ စိန့်ဂျုဒ် ကလေးသုတေသနဆေးရုံ၊ အကျိုးအမြတ်မယူတဲ့ ကလေးဆေးရုံနဲ့ ဒဏ်ရာရ စစ်သည်တွေကို ကုသပေးတဲ့ စစ်ဆေးရုံတို့ကို လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ထီပေါက်ခဲ့ရင် အဲဒီနေရာ ၃ ခုကို ဒေါ်လာတသန်းစီ လှူဒါနး်မယ်လို့ ဘုရားသခင်ထံမှာ ဆုတောင်းထားတဲ့အတွက် ပြောတဲ့အတိုငး် လှူသွားမယ်လို့ ကံထူးရှင် ဂျက်ဆင်က ပြောပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ Powerball ကံထူးရှင် ဂျက်ဆင်ဟာ ဆုငွေ အမေရိကန်ဒေါ်လာ ၃၄၄ သန်းကျော် ရရှိမှာဖြစ်ပါတယ်။ DVB
Be the first to comment
Leave a Reply
Your email address will not be published.
*