ျပည္သူက ခိုင္းလို႕ေကာင္းသည့္ ႏြားႀကီးမွန္းသိေအာင္ ျပည္ခိုင္ၿဖိဳးပါတီ ႀကိဳးစားျပမည္ဟုဆို

ျပည္သူကခိုင္းလို႕ေကာင္းသည့္ ႏြားႀကီးမွန္းသိေအာင္ ျပည္ခိုင္ၿဖိဳးပါတီႀကိဳးစားျပမည္ျဖစ္ၿပီး မဲေပးျခင္းမေပးျခင္းသည္ ျပည္သူႏွင့္သာဆိုင္သည္ဟု ေဒါက္တာနႏၵာလွျမင့္က ဇြန္လ ၅ ရက္သတင္းစာရွင္းလင္းပြဲတြင္ေျပာၾကားလိုက္သည္။

အဘက္ဘက္မွ ယိုယြင္းက်ဆင္းလာေနေသာ ႏိုင္ငံေတာ္၏ အေျခအေနအရပ္ရပ္ကို ဝိုင္းဝန္းအေျဖ႐ွာ ျပဳျပင္တည့္မတ္ႏိုင္ေရး အၾကံျပဳခ်က္မ်ား ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ေဒၚေအာင္ဆန္း စုၾကည္ထံသို႔ အိတ္ဖြင့္ေပးစာ ေပးပို႔ျခင္းႏွင့္ပတ္သက္သည့္ သတင္းစာရွင္းလင္းပြဲတြင္ မီဒီယာမ်ားက ျပည္ခိုင္ၿဖိဳးပါတီ၏ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ျပင္ဆင္ထားမႈႏွင့္ ေမွ်ာ္လင့္ထားမႈ ကိုေမးျမန္းခဲ့ရာ ယင္းသို႕ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ႏိုင္ငံေရးပါတီတစ္ခုအေနနဲ႕ ကၽြန္ေတာ္တို႕ ရည္မွန္းခ်က္က အနီးစပ္ဆုံး ေရြးေကာက္ပြဲေတြမွာအႏိုင္ရရွိေရးပဲ အဲ့ဒီအႏိုင္ရရွိေရးကလည္း ကၽြန္ေတာ္တို႕ႏိုင္ခ်င္တိုင္းႏိုင္လို႕မရဘူး ကၽြန္ေတာ္တို႕မဲဆႏၵရွင္ျပည္သူေတြ က ကၽြန္ေတာ္တို႕ကို မဲေပးေရြးခ်ယ္တာ၀န္ေပးၿပီးခိုင္းမွ ကၽြန္ေတာ္တို႕က လုပ္လို႕ရမွာ၊ ဒါေၾကာင့္ ကၽြန္ေတာ္တို႕အႏိုင္ရရွိေရးအတြက္ကိုေတာ့ ျပည္သူယုံၾကည္လာေအာင္ ျပည္သူေတြအားကိုးလာေအာင္ ျပည္သူေတြက သူတို႕ခိုင္းလို႕ေကာင္းတဲ့ႏြားႀကီးမွန္း သိေအာင္ ေတာ့ ကၽြန္ေတာ္တို႕ကႀကိဳးစားျပမွာေပါ့ မဲေပးျခင္းမေပးျခင္းက ျပည္သူနဲ႕ပဲဆိုင္တယ္ ကၽြန္ေတာ္တို႕အေကာင္းဆုံးႀကိဳးစားမယ္ ဘယ္လိုလုပ္သြားမယ္ဆိုတာေတာ့ ပါတီရဲ႕ လုပ္ငန္းစဥ္ျဖစ္တဲ့ အတြက္ ကၽြန္ေတာ္တို႕ရွင္းျပလို႕မရပါဘူး”ဟု ေဒါက္တာနႏၵာလွျမင့္ က ေျပာၾကားခဲ့သည္။

ျပည္သူက ခိုင္းလို႕ေကာင္းသည့္ ႏြားႀကီးမွန္းသိေအာင္ ျပည္ခိုင္ၿဖိဳးပါတီ ႀကိဳးစားျပမည္ဟုဆို 1

ထို႕အတူ ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ အေကာင္းဆုံးျဖစ္ ေအာင္ ႀကိဳးစားသြားမည္ျဖစ္ၿပီး၊ ယခုအခ်ိန္တြင္ေျပာရန္ ေဆာေသးေၾကာင္း၊ “ျပည္သူေတြကဘယ္သူ႕ကိုျဖစ္ေစခ်င္လဲ ျဖစ္ေစခ်င္တဲ့သူကိုေပးလိုက္ပါလို႕ပဲေျပာခ်င္တယ္”ဟု ေဒါက္တာနႏၵာလွျမင့္က ဆက္လက္ေျပာၾကားခဲ့သည္။ The Ladies News

 

Unicode Version ျဖင့္ဖတ္ရန္

 

ပြည်သူကခိုင်းလို့ကောင်းသည့် နွားကြီးမှန်းသိအောင် ပြည်ခိုင်ဖြိုးပါတီကြိုးစားပြမည်ဖြစ်ပြီး မဲပေးခြင်းမပေးခြင်းသည် ပြည်သူနှင့်သာဆိုင်သည်ဟု ဒေါက်တာနန္ဒာလှမြင့်က ဇွန်လ ၅ ရက်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားလိုက်သည်။

အဘက်ဘက်မှ ယိုယွင်းကျဆင်းလာနေသော နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ဝိုင်းဝန်းအဖြေရှာ ပြုပြင်တည့်မတ်နိုင်ရေး အကြံပြုချက်များ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်း စုကြည်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက်ပြင်ဆင်ထားမှုနှင့် မျှော်လင့်ထားမှု ကိုမေးမြန်းခဲ့ရာ ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကျွန်တော်တို့ ရည်မှန်းချက်က အနီးစပ်ဆုံး ရွေးကောက်ပွဲတွေမှာအနိုင်ရရှိရေးပဲ အဲ့ဒီအနိုင်ရရှိရေးကလည်း ကျွန်တော်တို့နိုင်ချင်တိုင်းနိုင်လို့မရဘူး ကျွန်တော်တို့မဲဆန္ဒရှင်ပြည်သူတွေ က ကျွန်တော်တို့ကို မဲပေးရွေးချယ်တာဝန်ပေးပြီးခိုင်းမှ ကျွန်တော်တို့က လုပ်လို့ရမှာ၊ ဒါကြောင့် ကျွန်တော်တို့အနိုင်ရရှိရေးအတွက်ကိုတော့ ပြည်သူယုံကြည်လာအောင် ပြည်သူတွေအားကိုးလာအောင် ပြည်သူတွေက သူတို့ခိုင်းလို့ကောင်းတဲ့နွားကြီးမှန်း သိအောင် တော့ ကျွန်တော်တို့ကကြိုးစားပြမှာပေါ့ မဲပေးခြင်းမပေးခြင်းက ပြည်သူနဲ့ပဲဆိုင်တယ် ကျွန်တော်တို့အကောင်းဆုံးကြိုးစားမယ် ဘယ်လိုလုပ်သွားမယ်ဆိုတာတော့ ပါတီရဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် ကျွန်တော်တို့ရှင်းပြလို့မရပါဘူး”ဟု ဒေါက်တာနန္ဒာလှမြင့် က ပြောကြားခဲ့သည်။

ျပည္သူက ခိုင္းလို႕ေကာင္းသည့္ ႏြားႀကီးမွန္းသိေအာင္ ျပည္ခိုင္ၿဖိဳးပါတီ ႀကိဳးစားျပမည္ဟုဆို 1

ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ် အောင် ကြိုးစားသွားမည်ဖြစ်ပြီး၊ ယခုအချိန်တွင်ပြောရန် ဆောသေးကြောင်း၊ “ပြည်သူတွေကဘယ်သူ့ကိုဖြစ်စေချင်လဲ ဖြစ်စေချင်တဲ့သူကိုပေးလိုက်ပါလို့ပဲပြောချင်တယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ဆက်လက်ပြောကြားခဲ့သည်။ The Ladies News