တာဝန္ပ်က္ကြက္မွာစိုးလို႔ သားေလးကို ေဆးရံုတင္ေနာက္က်ခဲ႔ရတဲ႔ ဆရာမတစ္ေယာက္ရဲ႕ရင္နင့္စရာအျဖစ္

တာဝန္ပ်က္ကြက္မွာစိုးလို႔ သားေလးကို ေဆးရံုတင္ေနာက္က်ခဲ႔ရတဲ႔ ဆရာမတစ္ေယာက္ရဲ႕ရင္နင့္စရာအျဖစ္

တခ်ိဳ႕ကေျပာၾကတယ္ ဝန္ထမ္းေတြထဲမွာပညာေရးဝန္ထမ္းက အသက္သာဆံုးတဲ႔။သူတို႔အတြက္ဘာမွ နစ္နာစရာသက္ေရာက္တာမရွိဘူးတဲ႔။တကယ္ေရာဟုတ္ရဲ႕လားရွင္

တာဝန္ပ်က္ကြက္မွာစိုးလို႔ သားေလးကို ေဆးရံုတင္ေနာက္က်ခဲ႔ရတဲ႔ ဆရာမတစ္ေယာက္ရဲ႕ရင္နင့္စရာအျဖစ္ 1

က်ြန္မ အထက္တန္းျပဆရာမတစ္ေယာက္မို႔ ၁၀တန္းစာစစ္ပါတာမဆန္းပါဘူး ဒါေပမယ့္ အဲ႔ဒီရက္မွာပဲ သားေလး စဝမ္းေလ်ွာျပီးေနမေကာင္းျဖစ္တယ္ လူစားထိုးမရွိလို႔ စာစစ္ျငင္းခြင့္မရတာေၾကာင့္ သားေလးသက္သာလာမွာပါပဲဆိုျပီး တာဝန္က္ုထမ္းေဆာင္ခဲ႔တယ္ အိမ္ေရာက္တာနဲ႔ ကေလးေဆးခန္းျပဖို႔ေျပး ေဆးရံုျပ စားေဆးယူ ေဆးရံုတက္ဖို႔က်ြန္မအခ်ိန္မေပးနိုင္ခဲ႔ဘူး

အိမ္မွာကိုယ္ခြဲလည္းမရွိဘူးေလ ၆ရက္ထိစာစစ္ျပီးညေနအိမ္အျပန္မွာေတာ့ သားေလးေနမေကာင္းတာမၾကည့္ရက္ေတာ့လို႔ ေဆးရံုညၾကီးတက္ခဲ႔တယ္ အခ်ိန္ေနွာင္းအခ်ိန္လြန္မွ တက္ခဲ႔လို႔ သားေလးအသက္ဘယ္သူမွမကယ္နိုင္ခဲ႔ဘူး သားေလးအသက္ ၁နွစ္ ၃လ ၂၀ ရက္တိတိမွာ ဆံုးသြားရရွာတယ္ က်ြန္မဘယ္လိုေျဖဆည္နိုင္မလဲ

တာဝန္ပ်က္ကြက္မွာစိုးလို႔ သားေလးကို ေဆးရံုတင္ေနာက္က်ခဲ႔ရတဲ႔ ဆရာမတစ္ေယာက္ရဲ႕ရင္နင့္စရာအျဖစ္ 2

တာဝန္ပ်က္ကြက္မွာေၾကာက္လို႔ ကေလးကိုေဆးရံုမတင္မိခဲ႔တာ သားေလးအသက္နဲ႔ရင္းလိုက္ရတယ္ တီတီတာ အရြယ္ေလး က်ြန္မေရွ႕မွာတင္ ေသြးေၾကာကိုနာရီေပါင္းမ်ားစြာ ထပ္ခါထပ္ခါ အပ္စိုက္ရွာေနတာကိုၾကည့္ေနခဲ႔ရတယ္ အေၾကာရွာမရတဲ႔အဆံုး ေျခေထာက္ကေနခြဲစိတ္ျပီးအရိုးေဖာက္ေဆးသြင္းမွအသက္ကယ္နိုင္မယ္တဲ႔ ဒါေတာင္မေသခ်ာဘူး ေရြးစရာလမ္းမရွိဘူးတဲ႔ေလ ခြဲစိတ္ဖို႔လက္ခံလိုက္ရတယ္ သားေလးအတြက္။

ခြဲစိတ္ျပီးေပမယ့္လည္းေလ စိုးရိမ္ရတဲ႔အေျခေနကမလြတ္ခဲ႔ျပန္ဘူး ။ ေန႔ခ်င္းပဲ သားေလးအသက္ကိုဆံုးရံႈးခဲ႔ရတယ္ သားေလးကိုေန႔ခ်င္းသျဂိဳလ္လိုက္ရတယ္ ရပ္ကြက္ထံုးစံအရ အငယ္ဆံုးေသရင္ ရက္မကူးရဘူးတဲ႔ေလ ။ ေတြးၾကည့္ပါေတာ့ က်ြန္မရင္ထဲ တျခားေသဆံုးသူေတြနည္းတူသားေလးမ်က္နွာတစ္ရက္ေတာင္ထပ္ၾကည့္ခြင့္မရခဲ့ပါဘူး ။

တာဝန္ပ်က္ကြက္မွာစိုးလို႔ သားေလးကို ေဆးရံုတင္ေနာက္က်ခဲ႔ရတဲ႔ ဆရာမတစ္ေယာက္ရဲ႕ရင္နင့္စရာအျဖစ္ 3

သားေလးအတြက္ေစာေစာသာ အခ်ိန္ေပးနိုင္ခဲ႔ရင္ ခုေတာ့ သားေလးအသက္နဲ႔ ရင္းလိုက္ရတဲ႔ က်ြန္မအျဖစ္ အသက္တိုတိုနဲ႔လူ႕ေလာကထဲကထြက္သြားတဲ႔သားသားေလး.ေျပာၾကပါအံုး ပညာေရးဝန္ထမ္းေတြအသက္သာဆံုး နစ္နာစရာဘာမွမရွိဘူးတဲ႔လာသံေယာဇဥ္ ႏြယ္

 

Unicode Version ျဖင့္ဖတ္ရန္

 

တာဝန်ပျက်ကွက်မှာစိုးလို့ သားလေးကို ဆေးရုံတင်နောက်ကျခဲ့ရတဲ့ ဆရာမတစ်ယောက်ရဲ့ရင်နင့်စရာအဖြစ်

တချို့ကပြောကြတယ် ဝန်ထမ်းတွေထဲမှာပညာရေးဝန်ထမ်းက အသက်သာဆုံးတဲ့။သူတို့အတွက်ဘာမှ နစ်နာစရာသက်ရောက်တာမရှိဘူးတဲ့။တကယ်ရောဟုတ်ရဲ့လားရှင်

ကျွန်မ အထက်တန်းပြဆရာမတစ်ယောက်မို့ ၁၀တန်းစာစစ်ပါတာမဆန်းပါဘူး ဒါပေမယ့် အဲ့ဒီရက်မှာပဲ သားလေး စဝမ်းလျှောပြီးနေမကောင်းဖြစ်တယ် လူစားထိုးမရှိလို့ စာစစ်ငြင်းခွင့်မရတာကြောင့် သားလေးသက်သာလာမှာပါပဲဆိုပြီး တာဝန်က်ုထမ်းဆောင်ခဲ့တယ် အိမ်ရောက်တာနဲ့ ကလေးဆေးခန်းပြဖို့ပြေး ဆေးရုံပြ စားဆေးယူ ဆေးရုံတက်ဖို့ကျွန်မအချိန်မပေးနိုင်ခဲ့ဘူး

အိမ်မှာကိုယ်ခွဲလည်းမရှိဘူးလေ ၆ရက်ထိစာစစ်ပြီးညနေအိမ်အပြန်မှာတော့ သားလေးနေမကောင်းတာမကြည့်ရက်တော့လို့ ဆေးရုံညကြီးတက်ခဲ့တယ် အချိန်နှောင်းအချိန်လွန်မှ တက်ခဲ့လို့ သားလေးအသက်ဘယ်သူမှမကယ်နိုင်ခဲ့ဘူး သားလေးအသက် ၁နှစ် ၃လ ၂၀ ရက်တိတိမှာ ဆုံးသွားရရှာတယ် ကျွန်မဘယ်လိုဖြေဆည်နိုင်မလဲ

တာဝန်ပျက်ကွက်မှာကြောက်လို့ ကလေးကိုဆေးရုံမတင်မိခဲ့တာ သားလေးအသက်နဲ့ရင်းလိုက်ရတယ် တီတီတာ အရွယ်လေး ကျွန်မရှေ့မှာတင် သွေးကြောကိုနာရီပေါင်းများစွာ ထပ်ခါထပ်ခါ အပ်စိုက်ရှာနေတာကိုကြည့်နေခဲ့ရတယ် အကြောရှာမရတဲ့အဆုံး ခြေထောက်ကနေခွဲစိတ်ပြီးအရိုးဖောက်ဆေးသွင်းမှအသက်ကယ်နိုင်မယ်တဲ့ ဒါတောင်မသေချာဘူး ရွေးစရာလမ်းမရှိဘူးတဲ့လေ ခွဲစိတ်ဖို့လက်ခံလိုက်ရတယ် သားလေးအတွက်။

ခွဲစိတ်ပြီးပေမယ့်လည်းလေ စိုးရိမ်ရတဲ့အခြေနေကမလွတ်ခဲ့ပြန်ဘူး ။ နေ့ချင်းပဲ သားလေးအသက်ကိုဆုံးရှုံးခဲ့ရတယ် သားလေးကိုနေ့ချင်းသဂြိုလ်လိုက်ရတယ် ရပ်ကွက်ထုံးစံအရ အငယ်ဆုံးသေရင် ရက်မကူးရဘူးတဲ့လေ ။ တွေးကြည့်ပါတော့ ကျွန်မရင်ထဲ တခြားသေဆုံးသူတွေနည်းတူသားလေးမျက်နှာတစ်ရက်တောင်ထပ်ကြည့်ခွင့်မရခဲ့ပါဘူး ။

သားလေးအတွက်စောစောသာ အချိန်ပေးနိုင်ခဲ့ရင် ခုတော့ သားလေးအသက်နဲ့ ရင်းလိုက်ရတဲ့ ကျွန်မအဖြစ် အသက်တိုတိုနဲ့လူ့လောကထဲကထွက်သွားတဲ့သားသားလေး.ပြောကြပါအုံး ပညာရေးဝန်ထမ်းတွေအသက်သာဆုံး နစ်နာစရာဘာမှမရှိဘူးတဲ့လာသံယောဇဉ် နွယ်