ဇာတ္ကား႐ိုက္ေနရင္း အေရးေပၚေဆး႐ုံတင္လိုက္ရတဲ့ မိုးဒီ

လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္မိုးဒီဟာပုပၸါးမွာ ဇာတ္ကား႐ိုက္ကူးေနရင္း အေမာေဖာက္လာလို႔ အေရးေပၚေဆး႐ုံတင္ခဲ့ရပါတယ္တဲ့။ ပရိသတ္ေတြကလည္း အရမ္းကို စိုးရိမ္ေနၾကပါတယ္။

ဇာတ္ကား႐ိုက္ေနရင္း အေရးေပၚေဆး႐ုံတင္လိုက္ရတဲ့ မိုးဒီ 1

ဟာသလူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ ဦးမိုးဒီက ပုပၸါးမွာ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ရင္းအသက္ရႈက်ပ္ၿပီး အေမာေဖာက္လာတာေၾကာင့္ အေရးေပၚ ေဆး႐ုံတင္လိုက္ရတယ္လို႔ သိရပါတယ္။ သူဟာ က်န္းမာေရး မေကာင္းတဲ့ၾကားက ဝါသနာပါတဲ့ အႏုပညာအလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနတာပါ။

ဇာတ္ကား႐ိုက္ေနရင္း အေရးေပၚေဆး႐ုံတင္လိုက္ရတဲ့ မိုးဒီ 2

‘’ 6.6.2019 ဦးမိုးဒီ ပုပၸါးမွာဇာတ္ကား႐ိုက္ေနရင္း အသက္ရႈက်ပ္အေမာေဖာက္လာသျဖင့္ ရန္ကုန္ သို႔မဟုတ္ နီးစပ္ရာေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ေနပါေၾကာင္း’’ ဆိုၿပီးေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေအးသီတာရဲ႕ ခင္ပြန္းျဖစ္သူ ကိုသားႀကီးရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ဇြန္လ ၆ ရက္ေန႔ မနက္ ၉ နာရီ မိနစ္ ၄၀ က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဇာတ္ကား႐ိုက္ေနရင္း အေရးေပၚေဆး႐ုံတင္လိုက္ရတဲ့ မိုးဒီ 3

မိုးဒီဟာ က်န္းမာေရးမေကာင္းတာေၾကာင့္ အႏုပညာအလုပ္ေတြ သိပ္လုပ္တာ မေတြ႕ရပါဘူး။ က်န္းမာေရး ျပန္ေကာင္းမွသာ ဇာတ္ကား႐ိုက္ကူးေရးေတြ လုပ္ေလ့ရွိပါတယ္။ သူဟာ ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ေကာင္းစံရဲ႕ ဖခင္ျဖစ္ပါတယ္။ အခုလက္ရွိ မိုးဒီရဲ႕ က်န္းမာေရး အေျခအေနကိုေတာ့ မိသားစုဝင္ေတြ၊ အႏုပညာေမာင္ႏွမေတြ နဲ႔ ပရိသတ္ေတြက စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

ဇာတ္ကား႐ိုက္ေနရင္း အေရးေပၚေဆး႐ုံတင္လိုက္ရတဲ့ မိုးဒီ 4

မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ ဇာတ္ကားေတြလည္း ႐ိုက္ကူးလာခဲ့ရပါတယ္။ တီဗီေၾကာ္ျငာေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားသူတစ္ေယာက္ပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ေပါင္း ၄၀ ေက်ာ္ ရွိၿပီျဖစ္ပါတယ္။

 

Unicode Version ျဖင့္ဖတ္ရန္

 

လူရွှင်တော် ဟာသသရုပ်ဆောင်မိုးဒီဟာပုပ္ပါးမှာ ဇာတ်ကားရိုက်ကူးနေရင်း အမောဖောက်လာလို့ အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်တဲ့။ ပရိသတ်တွေကလည်း အရမ်းကို စိုးရိမ်နေကြပါတယ်။

ဟာသလူရွှင်တော် သရုပ်ဆောင် ဦးမိုးဒီက ပုပ္ပါးမှာ ရုပ်ရှင်ဇာတ်ကားရိုက်ရင်းအသက်ရှုကျပ်ပြီး အမောဖောက်လာတာကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ သူဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာပါ။

‘’ 6.6.2019 ဦးမိုးဒီ ပုပ္ပါးမှာဇာတ်ကားရိုက်နေရင်း အသက်ရှုကျပ်အမောဖောက်လာသဖြင့် ရန်ကုန် သို့မဟုတ် နီးစပ်ရာဆေးရုံသို့ အမြန်ပို့ဆောင်နေပါကြောင်း’’ ဆိုပြီးတော့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာရဲ့ ခင်ပွန်းဖြစ်သူ ကိုသားကြီးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၆ ရက်နေ့ မနက် ၉ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မိုးဒီဟာ ကျန်းမာရေးမကောင်းတာကြောင့် အနုပညာအလုပ်တွေ သိပ်လုပ်တာ မတွေ့ရပါဘူး။ ကျန်းမာရေး ပြန်ကောင်းမှသာ ဇာတ်ကားရိုက်ကူးရေးတွေ လုပ်လေ့ရှိပါတယ်။ သူဟာ ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းစံရဲ့ ဖခင်ဖြစ်ပါတယ်။ အခုလက်ရှိ မိုးဒီရဲ့ ကျန်းမာရေး အခြေအနေကိုတော့ မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေ နဲ့ ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။