ေထာင္ထဲ၀င္ရန္ ျပင္ဆင္ထား၊ ဓမၼစက္က ေခၚယူဆုံးမမည့္အခ်ိန္ကို ေစာင့္ဆိုင္းေနၿပီး ၀ရမ္းေျပးမဟုတ္ဟု ဦးဝီရသူေျပာ

ရန္ကုန္၊ ဇြန္ ၅

ႏိုင္ငံေတာ္အၾကည္ညဳိပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) ျဖင့္ အမႈဖြင့္ခံထားရေသာ ဦးဝီရသူက ေထာင္ထဲ၀င္ရန္ ျပင္ဆင္ထားၿပီး ဓမၼစက္၏ အမိန္႔ကို ေစာင့္ဆိုင္းေနျခင္းျဖစ္ကာ ၀ရမ္းေျပးမဟုတ္ေၾကာင္း ေျပာဆိုသည္။

သူ၏ ႐ုရွ လူမႈကြန္ရက္ VK တြင္ ယေန႔ တင္ထားေသာ ဗီဒီယိုဖိုင္တြင္ ဦးဝီရသူက ယင္းသို႔ ေျပာဆိုျခင္းျဖစ္သည္။

ေထာင္ထဲ၀င္ရန္ ျပင္ဆင္ထား၊ ဓမၼစက္က ေခၚယူဆုံးမမည့္အခ်ိန္ကို ေစာင့္ဆိုင္းေနၿပီး ၀ရမ္းေျပးမဟုတ္ဟု ဦးဝီရသူေျပာ 1

“ခင္ဗ်ားတို႔ေတြကသာ ခင္ဗ်ားတို႔ တရား႐ုံး မလာတိုင္း ၀ရမ္းေျပး ၀ရမ္းေျပးလို႔ သတ္မွတ္ၾကေပမယ့္ သံဃာေတြကေတာ့ အစိုးရနဲ႔ပတ္သက္လို႔ ျဖစ္ေပၚလာတဲ့ ျပႆနာ ေတြမွာ သံဃာေတာ္ေတြ အခ်င္းခ်င္း ၀ရမ္းေျပးလို႔ ဘယ္ေသာအခါမွ မသတ္မွတ္ဘူး။ အဲဒါေတာ့ ခင္ဗ်ားတို႔ေတြ မွတ္ထား။ ေအး က်ဳပ္လည္း အဲဒီအတိုင္းပဲ။ ခင္ဗ်ားတို႔ တရား႐ုံးကလည္း က်ဳပ္ကို ၀ရမ္းေျပး အျဖစ ္သတ္မွတ္တယ္။ ခင္ဗ်ားတို႔ မီဒီယာေတြကလည္း ၀ရမ္းေျပးအျဖစ္ေရးတယ္ပဲ ထားၾကပါဦးေတာ့ဗ်ာ။ က်ဳပ္လာတာက ဓမၼစက္ရဲ႕ အဆုံးအမကို ခံယူဖို႔လာတာ။ ဓမၼစက္ရဲ႕ အဆုံးအမကို ခံယူဖို႔ လာတဲ့အခ်ိန္က်မွပဲ ဖမ္း၀ရမ္း ဆိုတာ သိရတာ” ဟု ဦးဝီရသူက ဆိုသည္။

ဇြန္လ ၃ ရက္ေန႔က အဖမ္းခံ၍ ေထာင္ထဲ၀င္ရန္ ျပင္ဆင္ခဲ့ေၾကာင္း ၎ ကဆိုသည္။

“ဖမ္း၀ရမ္းရဲ႕ ေနာက္ဆုံးရက္ကို ၾကည့္လိုက္ေတာ့လည္း ၄ ရက္ေန႔ ျဖစ္ေနတယ္။ ၄ ရက္ေန႔ ႐ုံးခ်ိန္းဆိုေတာ့ ၃ ရက္ေန႔မွာ အဖမ္းခံဖို႔ စီစဥ္ၿပီးသား။ ဘယ္ေလာက္ထိစီစဥ္ၿပီးသားလည္း ဆိုလို႔ရွိရင္ တပည့္တစ္ေယာက္ကို ေထာင္ထဲမွာ အားလုံး အဆင္ေျပ ေစဖို႔အတြက္ေပါ့ဗ်ာ အ၀တ္အစားေတြေကာ၊ ရိကၡာေတြေကာ အသုံးအေဆာင္ေတြေကာ အကုန္လုံးကို ၀ယ္ခိုင္းထားတာဗ်ာ။

တပည့္ကေတာ့ ေငြ ၃ သိန္းထုတ္ေပးထားတယ္တဲ့။ အဲဒီေထာင္၀င္စာေတြ႕ေနက် ညီအစ္ကိုေမာင္ႏွမေတြက အဲလို ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။ အက်ႌ အ၀တ္အစားေတြလည္း က်ဳပ္၀ယ္ၿပီးသားပါဗ်ာ။ ခင္ဗ်ားတို႔ေထာင္ကို ေက်ာင္းထက္ သာတယ္လို႔ေတာင္ သတ္မွတ္ပါတယ္ဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ဳပ္ေထာင္က်ခါစက က်ဳပ္ေနတဲ့ အခန္းက အက်ယ္ႀကီးဗ်။

ေထာင္ထဲ၀င္ရန္ ျပင္ဆင္ထား၊ ဓမၼစက္က ေခၚယူဆုံးမမည့္အခ်ိန္ကို ေစာင့္ဆိုင္းေနၿပီး ၀ရမ္းေျပးမဟုတ္ဟု ဦးဝီရသူေျပာ 2

၁၀ ေပ ၁၂ ေပ ။ ဟာ ေပ်ာ္တာဗ်ာ က်ဳပ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မစိုးရိမ္တိုက္သစ္ နာယက အေနနဲ႕ က်ဳပ္ေနတဲ့ အခန္းေလးက ၉ ေပ ၊ ၁၁ ေပရွိတယ္။ ဟာ မစိုးရိမ္တိုက္သစ္နာယက အခန္းထက္ က်ယ္တယ္ကြဆိုၿပီး က်ဳပ္တအားေပ်ာ္ေနတာ။ အခုလည္း အဲဒီအတိုင္းပဲ။ က်ဳပ္အိပ္ေရး ၀၀ အိပ္ရမယ့္ေနရာ။ စားခ်ိန္မွန္ အိပ္ခ်ိန္မွန္ စာဖတ္ခ်ိန္မွန္၊ စာ၀၀ ဖတ္ရမယ့္ေနရာ ေရာက္တာ က်ဳပ္က ခင္ဗ်ား ဘာေၾကာက္စရာလိုေသးလဲ။

အဲဒီလို ၃ ရက္ေန႔အထိ စီစဥ္ၿပီးသားကို တိုင္းသံဃာနာယက ဆရာေတာ္ေတြက ဓမၼစက္နဲ႔ ဆုံးမမယ့္ အခမ္းအနား ရက္ေရႊ႕လိုက္ေတာ့ က်ဳပ္မတတ္ႏိုင္ဘူးေလ။ က်ဳပ္က ဘုရားသားေတာ္ျဖစ္တယ္။ အရင္တုန္းကလည္း ဓမၼစက္ရဲ႕ အဆုံးအမကို ႏွစ္ႀကိမ္တိတိခံဖူးၿပီးသား။ အခုလည္း ခံယူဖို႔လာတယ္။ အခု ပ်က္ကြယ္သြားတယ္” ဟု ဦးဝီရသူက ဆက္ေျပာသည္။

လက္ရွိတြင္ သံဃနာယက က ေခၚယူမည့္ အခ်ိန္ကို ေစာင့္ဆိုင္းေနၿပီး ၀ရမ္းေျပးမဟုတ္ဟု ၎က ေျပာသည္။

“အခု အခ်ိန္မီ ျပန္ၿပီး အေၾကာင္းၾကားမယ္။ ပင့္ဖိတ္မယ္လို႔စာထဲမွာပါတယ္။ အဲဒီအခ်ိန္မီ ျပန္လည္ ပင့္ဖိတ္မယ့္အခ်ိန္ကို က်ဳပ္ေစာင့္ေနတာေလဗ်ာ။ က်ဳပ္က ဓမၼစက္ရဲ႕ အဆုံးအမကို ခံယူၿပီးမွ ခင္ဗ်ားတို႔ အာဏာစက္နဲ႔ ရင္ဆိုင္မယ္လို႔ ေျပာၿပီးသားပဲ။ အဲဒီေတာ့ က်ဳပ္မလာလို႔ ၀ရမ္းသက္တမ္းတိုးလည္း တိုးေပါ့ဗ်ာ။

ခင္ဗ်ားတို႔ ၀ရမ္းေျပးလို႔ သတ္မွတ္တာ သတ္မွတ္ေပါ့ဗ်ာ။ ခင္ဗ်ားတို႔ စာနယ္ဇင္းေတြ ၀မ္းသာအားရ ေရးတာ ေရးေပါ့ဗ်ာ။ က်ဳပ္ဝီရသူကေတာ့ ကိုယ့္ကိုကိုယ္ ၀ရမ္းေျပးလို႔ မသတ္မွတ္ဘူး။ ဓမၼစက္ရဲ႕ အမိန္႔ကို ေစာင့္ဆိုင္းေနတဲ့ ဘုရားသားေတာ္တစ္ပါးလို႔ ကိုယ့္ကိုကိုယ္ခံယူထားပါတယ္ခင္ဗ်ာ” ဟု ဦးဝီရသူက ဆိုသည္။

လတ္တေလာ ဦးဝီရသူသည္ ကရင္ျပည္နယ္တြင္ ေရာက္ရွိေနသည္ဆိုေသာ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း ရန္ကုန္ေခတ္သစ္က အတည္ျပဳႏိုင္ျခင္းမရွိေပ။  www.khitthitnews.com

 

Unicode Version ျဖင့္ဖတ္ရန္

 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့်ခံထားရသော ဦးဝီရသူက ထောင်ထဲဝင်ရန် ပြင်ဆင်ထားပြီး ဓမ္မစက်၏ အမိန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကာ ၀ရမ်းပြေးမဟုတ်ကြောင်း ပြောဆိုသည်။

သူ၏ ရုရှ လူမှုကွန်ရက် VK တွင် ယနေ့ တင်ထားသော ဗီဒီယိုဖိုင်တွင် ဦးဝီရသူက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ခင်ဗျားတို့တွေကသာ ခင်ဗျားတို့ တရားရုံး မလာတိုင်း ၀ရမ်းပြေး ၀ရမ်းပြေးလို့ သတ်မှတ်ကြပေမယ့် သံဃာတွေကတော့ အစိုးရနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာ တွေမှာ သံဃာတော်တွေ အချင်းချင်း ၀ရမ်းပြေးလို့ ဘယ်သောအခါမှ မသတ်မှတ်ဘူး။ အဲဒါတော့ ခင်ဗျားတို့တွေ မှတ်ထား။ အေး ကျုပ်လည်း အဲဒီအတိုင်းပဲ။

ခင်ဗျားတို့ တရားရုံးကလည်း ကျုပ်ကို ၀ရမ်းပြေး အဖြစ ်သတ်မှတ်တယ်။ ခင်ဗျားတို့ မီဒီယာတွေကလည်း ၀ရမ်းပြေးအဖြစ်ရေးတယ်ပဲ ထားကြပါဦးတော့ဗျာ။ ကျုပ်လာတာက ဓမ္မစက်ရဲ့ အဆုံးအမကို ခံယူဖို့လာတာ။ ဓမ္မစက်ရဲ့ အဆုံးအမကို ခံယူဖို့ လာတဲ့အချိန်ကျမှပဲ ဖမ်းဝရမ်း ဆိုတာ သိရတာ” ဟု ဦးဝီရသူက ဆိုသည်။

ဇွန်လ ၃ ရက်နေ့က အဖမ်းခံ၍ ထောင်ထဲဝင်ရန် ပြင်ဆင်ခဲ့ကြောင်း ၎င်း ကဆိုသည်။

“ဖမ်းဝရမ်းရဲ့ နောက်ဆုံးရက်ကို ကြည့်လိုက်တော့လည်း ၄ ရက်နေ့ ဖြစ်နေတယ်။ ၄ ရက်နေ့ ရုံးချိန်းဆိုတော့ ၃ ရက်နေ့မှာ အဖမ်းခံဖို့ စီစဉ်ပြီးသား။ ဘယ်လောက်ထိစီစဉ်ပြီးသားလည်း ဆိုလို့ရှိရင် တပည့်တစ်ယောက်ကို ထောင်ထဲမှာ အားလုံး အဆင်ပြေ စေဖို့အတွက်ပေါ့ဗျာ အဝတ်အစားတွေကော၊ ရိက္ခာတွေကော အသုံးအဆောင်တွေကော အကုန်လုံးကို ၀ယ်ခိုင်းထားတာဗျာ။ တပည့်ကတော့ ငွေ ၃ သိန်းထုတ်ပေးထားတယ်တဲ့။ အဲဒီထောင်ဝင်စာတွေ့နေကျ ညီအစ်ကိုမောင်နှမတွေက အဲလို ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

အကျႌ အဝတ်အစားတွေလည်း ကျုပ်ဝယ်ပြီးသားပါဗျာ။ ခင်ဗျားတို့ထောင်ကို ကျောင်းထက် သာတယ်လို့တောင် သတ်မှတ်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ထောင်ကျခါစက ကျုပ်နေတဲ့ အခန်းက အကျယ်ကြီးဗျ။ ၁၀ ပေ ၁၂ ပေ ။ ဟာ ပျော်တာဗျာ ကျုပ်။ ဘာဖြစ်လို့လဲဆိုတော့ မစိုးရိမ်တိုက်သစ် နာယက အနေနဲ့ ကျုပ်နေတဲ့ အခန်းလေးက ၉ ပေ ၊ ၁၁ ပေရှိတယ်။ ဟာ မစိုးရိမ်တိုက်သစ်နာယက အခန်းထက် ကျယ်တယ်ကွဆိုပြီး ကျုပ်တအားပျော်နေတာ။ အခုလည်း အဲဒီအတိုင်းပဲ။ ကျုပ်အိပ်ရေး ၀၀ အိပ်ရမယ့်နေရာ။ စားချိန်မှန် အိပ်ချိန်မှန် စာဖတ်ချိန်မှန်၊ စာဝဝ ဖတ်ရမယ့်နေရာ ရောက်တာ ကျုပ်က ခင်ဗျား ဘာကြောက်စရာလိုသေးလဲ။

အဲဒီလို ၃ ရက်နေ့အထိ စီစဉ်ပြီးသားကို တိုင်းသံဃာနာယက ဆရာတော်တွေက ဓမ္မစက်နဲ့ ဆုံးမမယ့် အခမ်းအနား ရက်ရွှေ့လိုက်တော့ ကျုပ်မတတ်နိုင်ဘူးလေ။ ကျုပ်က ဘုရားသားတော်ဖြစ်တယ်။ အရင်တုန်းကလည်း ဓမ္မစက်ရဲ့ အဆုံးအမကို နှစ်ကြိမ်တိတိခံဖူးပြီးသား။ အခုလည်း ခံယူဖို့လာတယ်။ အခု ပျက်ကွယ်သွားတယ်” ဟု ဦးဝီရသူက ဆက်ပြောသည်။

လက်ရှိတွင် သံဃနာယက က ခေါ်ယူမည့် အချိန်ကို စောင့်ဆိုင်းနေပြီး ၀ရမ်းပြေးမဟုတ်ဟု ၎င်းက ပြောသည်။

“အခု အချိန်မီ ပြန်ပြီး အကြောင်းကြားမယ်။ ပင့်ဖိတ်မယ်လို့စာထဲမှာပါတယ်။ အဲဒီအချိန်မီ ပြန်လည် ပင့်ဖိတ်မယ့်အချိန်ကို ကျုပ်စောင့်နေတာလေဗျာ။ ကျုပ်က ဓမ္မစက်ရဲ့ အဆုံးအမကို ခံယူပြီးမှ ခင်ဗျားတို့ အာဏာစက်နဲ့ ရင်ဆိုင်မယ်လို့ ပြောပြီးသားပဲ။ အဲဒီတော့ ကျုပ်မလာလို့ ၀ရမ်းသက်တမ်းတိုးလည်း တိုးပေါ့ဗျာ။ ခင်ဗျားတို့ ၀ရမ်းပြေးလို့ သတ်မှတ်တာ သတ်မှတ်ပေါ့ဗျာ။ ခင်ဗျားတို့ စာနယ်ဇင်းတွေ ၀မ်းသာအားရ ရေးတာ ရေးပေါ့ဗျာ။ ကျုပ်ဝီရသူကတော့ ကိုယ့်ကိုကိုယ် ၀ရမ်းပြေးလို့ မသတ်မှတ်ဘူး။ ဓမ္မစက်ရဲ့ အမိန့်ကို စောင့်ဆိုင်းနေတဲ့ ဘုရားသားတော်တစ်ပါးလို့ ကိုယ့်ကိုကိုယ်ခံယူထားပါတယ်ခင်ဗျာ” ဟု ဦးဝီရသူက ဆိုသည်။

လတ်တလော ဦးဝီရသူသည် ကရင်ပြည်နယ်တွင် ရောက်ရှိနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ခြင်းမရှိပေ။  www.khitthitnews.com