မြို့တွင်းသွားလာရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ လျှပ်စစ်ကားကို ပြည်တွင်း၌တပ်ဆင်တီထွင်ရန် ကြိုးစားနေပြီ




မြို့တွင်းသွားလာရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ လျှပ်စစ်ကားကို ပြည်တွင်း၌တပ်ဆင်တီထွင်ရန် ကြိုးစားနေပြီ 1



 

Unicode Version ဖြင့်ဖတ်ရန်

 

မြို့တွင်းအသုံးပြုနိုင်ရန် ရည်ရွယ် ထားသောလျှပ်စစ်ကားကို တပ်ဆင်တီ ထွင်ရန်ကြိုးစားနေပြီး အဆိုပါလုပ်ငန်းစဉ် များကို ယခုလပိုင်းအတွင်း စတင်တော့ မည်ဖြစ်ကြောင်း အဆိုပါလျှပ်စစ်မော် တော်ယာဉ်ကိုထုတ်လုပ်မည့် မိတ္ထီလာမြို့ တွင်နေထိုင်သူ ကိုဇော်မျိုးဦးက ပြည်မြန် မာသတင်းဂျာနယ်သို့ မေလ ၁ ရက်တွင် ပြောသည်။

ကိုဇော်မျိုးဦးသည် ယခင်ကလည်း သုံးဘီးဆိုင်ကယ် အင်ဂျင်တပ်ဆင်ထား သည့် နှစ်ယောက်စီးကားငယ်များကို တီ ထွင်ခဲ့သူဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ လျှပ် စစ်ကားကို ထပ်မံတီထွင်တပ်ဆင်ရန်အ တွက် ကြိုးစားနေခြင်းဖြစ်သည်။

ကျွန်တော် လျှပ်စစ်ကားနဲ့ လျှပ် စစ်သုံးဘီး အဲဒီထဲမှာတော့ လျှပ်စစ်ကား အရင်ဖြစ်ဖို့များတယ်။ လျှပ်စစ်ကားအရင် လုပ်မှာပါ။ (နောက်ဆုံးထုတ်ထားတဲ့ နှစ် ယောက်စီးကား)အတိုင်းပဲလာမှာ။ နည်း နည်းလေးကွဲရင်ကွဲမယ်။ မကွဲရင် တစ်ပုံစံ တည်းလာမှာ။ ကျွန်တော် တရုတ်ကမှာ မှာဗျ။ ကျွန်တော်လိုချင်တာကို အေးဂျင့် ကလာမှာမှာပါ။ ဘော်ဒီပိုင်းတွေကတော့ ဒီမှာပဲချိုးမှာ။ အခုမှစလုပ်မှာဆိုတော့ လေ့လာနေတုန်းပဲရှိသေးတယ်။ ပိုမြန် အောင်လုပ်လည်းရတယ်။ ကျွန်တော်က ကိုယ်ရောင်းမယ့်ဈေးနဲ့ သင့်တဲ့ဟာလုပ်မှ ရမှာ ဟု ကိုဇော်မျိုးဦးကရှင်းပြသည်။

မြို့တွင်းသွားလာရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ လျှပ်စစ်ကားကို ပြည်တွင်း၌တပ်ဆင်တီထွင်ရန် ကြိုးစားနေပြီ 1

ကားတပ်ဆင်တီထွင်နိုင်ရန်အ တွက် ပစ္စည်းဝယ်ယူမည့်နေရာများကို လေ့လာနေဆဲဖြစ်ကြောင်း၊ မြို့တွင်းသုံး ဖြစ်သည့်အတွက် အန္တရာယ်ကင်းမောင်း နှင်နိုင်ရေးကိုလည်း ဦးစားပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျွန်တော့်ကားက မောင်းနေရင်း အားပြန်သွင်းသွားမှာ။ ဘေးမှာဒိုင်နမို လည်ပြီး မီးထွက်မယ်။ အဲဒီစနစ်နဲ့ ကျွန် တော်သွားမှာပေါ့။ သူများတွေကဆိုလာနဲ့ ကျွန်တော်က ဒိုင်နမိုနဲ့သွားမယ်။ ဥပမာ ဗျာ ကီလို ၅၀ ပဲသွားနိုင်တဲ့ဟာက ကီလို ၆၀ လောက်သွားနိုင်မှာပေါ့။ ခရီးကိုဆွဲ ဆန့်နိုင်တာပေါ့။ ဝင်နိုင်တဲ့အားများလေ သွားနိုင်တဲ့အကွာအဝေးများလေပေါ့။ လျှပ်စစ်ကားက သူ့ရဲ့ကီလိုမီတာချိန်ပြီးသွားရတာဆိုတော့ လျှပ်စစ်ကားက ကီလို ၃၀ လောက်အတွက်ပဲ ချိန်ပြီးသွားရတယ် ဆိုရင် ကျွန်တော့်ကားကသေချာတယ် ကီ လို ၄၀ လောက်သွားရမယ်ဟု ကိုဇော် မျိုးဦးကထပ်မံရှင်းပြသည်။