ဖမ္းဆီးခံထားရသည့္ ေအာင္သေျပေဒသခံ တစ္ဦးအက်ဥ္းေထာင္အတြင္း ေသဆံုးမွဳျဖစ္ပြား

မႏၲေလးခရိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပေက်းရြာမွ အဖမ္းဆီးခံထားရသည့္ ေဒသခံတစ္ဦး မႏၲေလးအိုးဘိုအက်ဥ္းအေထာင္အတြင္း ဇြန္လ ၅ ရက္ေန႔ နံနက္ပိုင္းအခ်ိန္ က ေသဆံုးခဲ့ေၾကာင္း သိရသည္ ။

ေအာင္သေျပေက်းရြာတြင္ျဖစ္ပြားသည့္ ရဲတပ္ဖြဲ႕ ႏွင့္ ေဒသခံတို႔၏ ပဋိပကၡျဖစ္စဥ္တြင္ ပါဝင္ခဲ့သည့္ ထြန္းျမင့္ဝင္း (ခ) ကိုထြန္း (၃၈) ႏွစ္ အား ရာဇသတ္ႀကီးပုဒ္မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို႔ျဖင့္ အမႈဖြင့္ဖမ္းဆီးထားျခင္းျဖစ္သည္ ။

ဖမ္းဆီးခံထားရသည့္ ေအာင္သေျပေဒသခံ တစ္ဦးအက်ဥ္းေထာင္အတြင္း ေသဆံုးမွဳျဖစ္ပြား 1

ေသဆံုးသူ ထြန္းျမင့္ဝင္း (ခ) ကိုထြန္း သည္ ဇြန္လ ၃ ရက္ေန႔က အရက္ေၾကာင္၍ ဇြန္လ ၄ ရက္ေန႔က အက်ဥ္းေထာင္ေဆးရံုတြင္ ေဆးကုသမႈခံယူခဲ့ရၿပီး ဇြန္လ ၅ ရက္ေန႔တြင္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္ ။

ေအာင္သေျပေက်းရြာအနီးတြင္ ျမင့္ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီမွ ေက်ာက္မီးေသြးစြမ္းအင္သုံးဘိလပ္ေျမစက္ရုံ တည္ေဆာက္ေနမႈအား သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈ ၊ ေလထုညစ္ညမ္းမႈ စသည္တို႔ေၾကာင့္ ေဒသခံမ်ားအေနျဖင့္ ကန္႔ကြက္လွ်က္ရွိၿပီး စီမံကိန္းအား ရပ္ဆိုင္းေရး၊ ေအာင္သေျပေက်းရြာေဒသခံမ်ာအား စြဲဆိုထားသည့္အမႈမ်ား ေျဖေလ်ာ့ေရး ၊ ညိွႏိႈင္းစဥ္ကာလ စီမံကိန္း ရပ္ဆိုင္းေရး စသည့္ အခ်က္ (၃) ခ်က္အား ေတာင္းဆိုထားသည္ ။

 

Unicode Version ျဖင့္ဖတ္ရန္

 

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ အဖမ်းဆီးခံထားရသည့် ဒေသခံတစ်ဦး မန္တလေးအိုးဘိုအကျဉ်းအထောင်အတွင်း ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန် က သေဆုံးခဲ့ကြောင်း သိရသည် ။

အောင်သပြေကျေးရွာတွင်ဖြစ်ပွားသည့် ရဲတပ်ဖွဲ့ နှင့် ဒေသခံတို့၏ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ထွန်းမြင့်ဝင်း (ခ) ကိုထွန်း (၃၈) နှစ် အား ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားခြင်းဖြစ်သည် ။

သေဆုံးသူ ထွန်းမြင့်ဝင်း (ခ) ကိုထွန်း သည် ဇွန်လ ၃ ရက်နေ့က အရက်ကြောင်၍ ဇွန်လ ၄ ရက်နေ့က အကျဉ်းထောင်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပြီး ဇွန်လ ၅ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

ဖမ္းဆီးခံထားရသည့္ ေအာင္သေျပေဒသခံ တစ္ဦးအက်ဥ္းေထာင္အတြင္း ေသဆံုးမွဳျဖစ္ပြား 1

အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု စသည်တို့ကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်လျှက်ရှိပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး ၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားသည် ။