မိန္းကေလးငယ္တစ္ဦးကို အဓမၼျပဳက်င့္ၿပီးေနာက္ သတ္ခဲ့သူဟု ယူဆရသူကို ဖမ္းဆီးရမိ

ပြင့္ျဖဴ၊ ဇြန္ ၅ ရက္ ။ ။ အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးအား အဓမၼျပဳက်င့္ၿပီး သတ္ခဲ့သူဟု ယူဆရသူအား ၁၄ နာရီအတြင္း ဖမ္းဆီးရမိခဲ့ ေၾကာင္း မင္းဘူးခရိုင္ရဲတပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ….ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဇြန္ ၂ ရက္ေန႕တြင္ ႐ြာေတာင္ဘက္ေရေျမာင္းအတြင္း အဝတ္မပါေသာ မိန္းကေလးအေလာင္းေတြ႕ရွိရာမွ စစ္ေဆးစုံစမ္းခဲ့ၿပီး ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

အဆိုပါ႐ြာေန ေဒၚဇင္မာဦး၏ သမီးျဖစ္သူ မ………မွာ ဇြန္ ၂ ရက္ေန႕ ည ၈ နာရီခန႔္တြင္ ႐ြာေစ်းဆိုင္တြင္ TV သြားၾကည့္ရန္ မိခင္အား ခြင့္ေတာင္းခဲ့ေၾကာင္း၊ ည ၁၁ နာရီခန႔္ထိ ေနအိမ္ျပန္ေရာက္မလာသျဖင့္ ေစ်ေးဆိုင္အား သြားေရာက္ေမးျမန္းရာ ေရာက္ရွိမလာေၾကာင္း မိဘမ်ားမွ သိခဲ့ရသည္။

“ ဇြန္လ ၂ ရက္ေန႕၊ ၉ နာရီေလာက္မွာ ေက်း႐ြာေတာင္ဘက္ ေတာင္မုန္းေျမာင္းမႀကီးအတြင့္းမွာ မိန္းကေလးအေလာင္းေတြ႕တယ္လို႔ လူတစ္ေယာက္က လာေရာက္သတင္းေပးတဲ့အတြက္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့တဲ့အခါက်မွ မိဘေတြက သူ႕သမီးျဖစ္ေနတာကို သိခဲ့ရတယ္” ဟု မင္းဘူးခရိုင္ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီး ညီညီဝင္းက ေျပာသည္။

ေသသူ၏ လည္ပင္းတြင္ ဒဏ္ရာေတြ႕ရွိေသာေၾကာင့္ ပ ၅၁/၂၀၁၉ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး စစ္ေဆးရာ အဓမၼျပဳက်င့္ခံရေသာ လကၡဏာမ်ား ေတြ႕ရွိခဲ့သည္ဟု ရဲတပ္ဖြဲ႕မွ သိရသည္။

မိန္းကေလးငယ္တစ္ဦးကို အဓမၼျပဳက်င့္ၿပီးေနာက္ သတ္ခဲ့သူဟု ယူဆရသူကို ဖမ္းဆီးရမိ 1

“ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့တဲ့အခါ ပြင့္ျဖဴေဆး႐ုံကို ပို႔တယ္။ ကေလးမလည္ပင္းမွာ ညိုမည္းဒဏ္ရာ၊ ႏွာေခါင္းက အျမႇုပ္ထြက္ေနတယ္။ မအဂၤါမွာလည္း ဒဏ္ရာေတြ႕ေနတဲ့အတြက္ ကြၽန္ေတာ္တို႔က ဆရာဝန္ႀကီးကို ထပ္မံစစ္ေဆးေစခဲ့တဲ့အခါမွာ Rape လုပ္ထားတဲ့လကၡဏာကို ထပ္မံစစ္ေဆးေတြ႕ရွိခဲ့ရတယ္၊ ေတြ႕ခဲ့ရတဲ့အတြက္ ပုဒ္မ ၃၀၂ ကေန ပုဒ္မ ၃၀၂/၃၇၆ ကို ေျပာင္းလဲစစ္ေဆးခဲ့တာပါ” ဟု မင္းဘူးခရိုင္၊ ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီး ညီညီဝင္းက ေျပာသည္။

လက္ရွိတြင္ က်ဴးလြန္သူကို ဖမ္းဆီးစစ္ေဆးေနၿပီး တစ္႐ြာတည္းေန ညီညီ ဆိုသူ ျဖစ္ေၾကာင္း ထပ္မံသိရသည္။

“ လတ္တေလာ တရားခံကို ဖမ္းဆီးစစ္ေဆးေနပါတယ္၊ တရားခံကေတာ့ ဇီးကိုင္းတစ္႐ြာတည္းေန ဦးေသာင္းထြန္းရဲ႕သား ညီညီ ၃၃ ႏွစ္ျဖစ္ပါတယ္၊ ျပစ္မႈက်ဳးလြန္ေၾကာင္း စစ္ေဆးေပၚေပါက္လို႔ ဖမ္းဆီးၿပီး တရားစြဲဆိုနိင္ရန္ ေဆာင္႐ြက္လွ်က္ရွိပါတယ္” ဟု ဒုရဲမႉးႀကီးညီညီဝင္းက ဆိုသည္။

အဆိုပါအမႈကို အားလုံးပူးေပါင္းေဆာင္႐ြက္ခဲ့ေသာေၾကာင့္ ၁၄ နာရီအတြင္း က်ဴးလြန္သူကို ေဖာ္ထုတ္ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ဘက္မွ ဆိုသည္။Mizzima

 

Unicode Version ျဖင့္ဖတ္ရန္

 

ပွင့်ဖြူ၊ ဇွန် ၅ ရက် ။ ။ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ခဲ့သူဟု ယူဆရသူအား ၁၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ….ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂ ရက်နေ့တွင် ရွာတောင်ဘက်ရေမြောင်းအတွင်း အဝတ်မပါသော မိန်းကလေးအလောင်းတွေ့ရှိရာမှ စစ်ဆေးစုံစမ်းခဲ့ပြီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါရွာနေ ဒေါ်ဇင်မာဦး၏ သမီးဖြစ်သူ မ………မှာ ဇွန် ၂ ရက်နေ့ ည ၈ နာရီခန့်တွင် ရွာစျေးဆိုင်တွင် TV သွားကြည့်ရန် မိခင်အား ခွင့်တောင်းခဲ့ကြောင်း၊ ည ၁၁ နာရီခန့်ထိ နေအိမ်ပြန်ရောက်မလာသဖြင့် စျေေးဆိုင်အား သွားရောက်မေးမြန်းရာ ရောက်ရှိမလာကြောင်း မိဘများမှ သိခဲ့ရသည်။

“ ဇွန်လ ၂ ရက်နေ့၊ ၉ နာရီလောက်မှာ ကျေးရွာတောင်ဘက် တောင်မုန်းမြောင်းမကြီးအတွင့်းမှာ မိန်းကလေးအလောင်းတွေ့တယ်လို့ လူတစ်ယောက်က လာရောက်သတင်းပေးတဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တဲ့အခါကျမှ မိဘတွေက သူ့သမီးဖြစ်နေတာကို သိခဲ့ရတယ်” ဟု မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီညီဝင်းက ပြောသည်။

သေသူ၏ လည်ပင်းတွင် ဒဏ်ရာတွေ့ရှိသောကြောင့် ပ ၅၁/၂၀၁၉ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စစ်ဆေးရာ အဓမ္မပြုကျင့်ခံရသော လက္ခဏာများ တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

“ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တဲ့အခါ ပွင့်ဖြူဆေးရုံကို ပို့တယ်။ ကလေးမလည်ပင်းမှာ ညိုမည်းဒဏ်ရာ၊ နှာခေါင်းက အမြှုပ်ထွက်နေတယ်။ မအင်္ဂါမှာလည်း ဒဏ်ရာတွေ့နေတဲ့အတွက် ကျွန်တော်တို့က ဆရာဝန်ကြီးကို ထပ်မံစစ်ဆေးစေခဲ့တဲ့အခါမှာ Rape လုပ်ထားတဲ့လက္ခဏာကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရတယ်၊ တွေ့ခဲ့ရတဲ့အတွက် ပုဒ်မ ၃၀၂ ကနေ ပုဒ်မ ၃၀၂/၃၇၆ ကို ပြောင်းလဲစစ်ဆေးခဲ့တာပါ” ဟု မင်းဘူးခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီညီဝင်းက ပြောသည်။

မိန္းကေလးငယ္တစ္ဦးကို အဓမၼျပဳက်င့္ၿပီးေနာက္ သတ္ခဲ့သူဟု ယူဆရသူကို ဖမ္းဆီးရမိ 1

လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေပြီး တစ်ရွာတည်းနေ ညီညီ ဆိုသူ ဖြစ်ကြောင်း ထပ်မံသိရသည်။

“ လတ်တလော တရားခံကို ဖမ်းဆီးစစ်ဆေးနေပါတယ်၊ တရားခံကတော့ ဇီးကိုင်းတစ်ရွာတည်းနေ ဦးသောင်းထွန်းရဲ့သား ညီညီ ၃၃ နှစ်ဖြစ်ပါတယ်၊ ပြစ်မှုကျုးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ဖမ်းဆီးပြီး တရားစွဲဆိုနိင်ရန် ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ဒုရဲမှူးကြီးညီညီဝင်းက ဆိုသည်။

အဆိုပါအမှုကို အားလုံးပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ၁၄ နာရီအတွင်း ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်မှ ဆိုသည်။Mizzima