လှိုင်သာယာမြို့နယ်နှင့် အင်စိန်မြို့နယ်အတွင်းက လုယတ်မှု ကျူးလွန်ခဲ့သူများ

နေပြည်တော်၊ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မိချောင်းအိုင်ရပ်ကွက်နေ မဌေးဌေးသန်း (၄၄)နှစ်နှင့် ခင်ပွန်း ဦးမြင့်စိုး ပါမိသားစု ၃ ဦးသည် မေလ ၂၈ ရက်နေ့ နံနက် ၄ နာရီ ၄ဝ မိနစ်အချိန် ဇာတိ မြန်အောင်မြို့သို့ပြန်ရန် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄) လမ်းဆုံမှ Light Truck ယာဉ် အား ငှားရမ်း၍ ကားနောက်ခန်းတွင် အခြားအမည်မသိ ၅ ဦးတို့နှင့်အတူ လိုက်ပါလာခဲ့ကြောင်း၊ ရွှေပြည်သာ တံတားအဆင်း၊ အလယ်ရွာထိပ်အရောက်၌ နောက်ခန်းတွင် ထိုင်စီးလာသည့် လူ ၃ ဦးမှ ဦးမြင့်စိုး အား ဓားဖြင့်ထိုး၍ ဖိနပ်ဖြင့်ရိုက်နှက်ခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့ပြီး မဌေးဌေးသန်း ဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းမျိုးစုံ နှင့်

ငွေကျပ် ၅၆ဝဝဝ၊ လက်ကိုင်ဖုန်း(၂)လုံးနှင့် Kenbo Tablet ဖုန်း ၁ လုံး၊ စုစုပေါင်း တန်ဘိုးငွေကျပ် ၄၁၆၆ဝဝဝ တို့အား လုယက်ယူဆောင်ပြီး ရွှေလင်ပန်းစက်မှုဇုံ၊ ကစင်ကျေးရွာ၊ မြေတိုင်း(၂၃)၊ ဒေါ်ဖွားရှင်လမ်း၊ သွပ်ပြားစက်ရုံရှေ့တွင် ၎င်းတို့အား ကားပေါ်မှ ဆင်းခိုင်းကာ မောင်းနှင်ထွက်ပြေးသွားသဖြင့် အမည်မသိလူ ၅ ဦးအား အရေးယူပေးရန် တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း၏(ပ)၃၂၂၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။

လှိုင်သာယာမြို့နယ်နှင့် အင်စိန်မြို့နယ်အတွင်းက လုယတ်မှု ကျူးလွန်ခဲ့သူများ 1

တရားခံများအား အမြန်ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် အထူးအမှုစစ်အဖွဲ့ဖြင့် စုံစမ်း ဆောင်ရွက် ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် LIGHT TRUCK ယာဉ် သွားလာရာ လမ်းတစ်လျှောက်ရှိ CCTV မှတ်တမ်းများအရ အဆိုပါယာဉ်မှာ YGN 8C/××××အဖြူရောင် LIGHT TRUCK ယာဉ် ဖြစ်ကြောင်းသိရှိရပြီး အခင်းဖြစ်နေ့နံနက်၌ ၎င်းယာဉ်အား မောင်းနှင်သူမှာ လှိုင်သာယာမြို့၊ (၂၀) ရပ်ကွက်နေ ကျော်လင်းထက်(ခ)ကိုထက်(၂၅)နှစ် ဖြစ်ကြောင်းသိရှိရသည်။

အမှုမှ တရားခံ ကျော်လင်းထက်(ခ)ကိုထက်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီး ရမိရေးအတွက် ၎င်းတို့သွားလာတတ်သည့်နေရာများအား စုံစမ်းရှာဖွေခဲ့ရာ ၎င်းတို့အဖွဲ့သည် လှိုင်သာယာ မြို့နယ်၊ (၁၆)ရပ်ကွက်ရှိ အမှတ်(၁၆၃) အဆောင်တွင် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သဖြင့် မေလ ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များမှသက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျော်လင်းထက်(ခ) ကိုထက်နှင့် ဧသျှင်းအောင်(ခ)အဝယ်တော်(၂၁)နှစ်၊

လှိုင်သာယာမြို့နယ်နှင့် အင်စိန်မြို့နယ်အတွင်းက လုယတ်မှု ကျူးလွန်ခဲ့သူများ 2

အောင်တင်မြင့်ထွေး(ခ)မြတ်သူစိုး(ခ)အောင်လေး(၁၉)နှစ်၊ ခန့်စည်သူ(ခ)ဗိုက်ပေါက်(၁၉)နှစ်၊ မျိုးအောင်(၂၂)နှစ်၊ ကျော်ဇင်ဖြိုး(၁၉)နှစ်၊ ဇော်မင်းထွန်း(ခ) ဂျော်နီ(၂၁)နှစ်၊ အောင်နန္ဒကျော်(၁၇)နှစ်နှင့် ဝင်းထွန်း(ခ)ငစိုး(၁၉)နှစ် တို့ (၉) ဦးတို့အား WY စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ ဆက်စပ်ပစ္စည်းများ၊ ဓားမြှောင် ၁ ချောင်း၊ ဓားရှည် ၁ ချောင်း၊ လှံ ၁ ချောင်း တို့နှင့်အတူ မူးယစ်ဆေးဝါးများ သုံးစွဲလျက် ဖမ်းဆီးရမိပြီး လှိုင်သာယာမြို့မရဲစခန်း မူးယစ်(ပ)၁၂၈/၂၀၁၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သတ်၍ စစ်ဆေးခဲ့ရာ ကျော်ထက်လင်း(ခ)ကိုထက်၊ ဧသျှင်းအောင်(ခ)အဝယ်တော်၊ အောင်တင်မြင့်ထွေး(ခ)မြတ်သူစိုး(ခ)အောင်လေး နှင့် ခန့်စည်သူ(ခ)ဗိုက်ပေါက် တို့ ၄ ဦးသည် အာကာ(ခ) ကုလား(စုံစမ်းဆဲ)နှင့်အတူ လုယက်မှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကာ အမှုမှသက်သေခံ ပစ္စည်း ရွှေနားကပ် ၂ ရံ၊ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်ကောက် ၁ ကွင်း၊ လက်စွပ်၂ ကွင်း၊ ဖုန်း ၃ လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၃၃၁ဝဝဝ (ကျပ်သုံးဆယ့်သုံးသိန်းသုံးသောင်း တစ်ထောင်တိတိ)နှင့် ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် လိုက်ထရပ်ကား ၁ စီး၊ ဓား ၂ ချောင်း တို့အား သိမ်းဆည်းရရှိခဲ့သဖြင့် အမှုအား အခင်းဖြစ်ပွားပြီး ၁၆ နာရီ အတွင်း ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခဲ့သည်။

လှိုင်သာယာမြို့နယ်နှင့် အင်စိန်မြို့နယ်အတွင်းက လုယတ်မှု ကျူးလွန်ခဲ့သူများ 3

အမှုများဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည့် တရားခံ ကျော်ထက်လင်း(ခ)ကိုထက် ပါ ၉ ဦး အား အခြားလုယက်မှု၊ ခိုးမှုများနှင့် ဆက်လက် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်က ဧသျှင်းအောင်(ခ)အဝယ်တော်၊ ဝင်ထွန်း(ခ)ငစိုး၊ အာကာ(ခ)ကုလား(စုံစမ်းဆဲ)၊ ပေါတာကြီး(စုံစမ်းဆဲ) တို့သည် အင်းစိန်မြို့နယ်အတွင်း ၎င်းတို့မောင်းနှင်သည့် 8G/×××× LIGHT TRUCK အဖြူရောင် ယာဉ်အားငှားရမ်းခဲ့သည့် ခရီးသည် ကိုသန်းနိုင်ဦး ပါ ၂ ဦး ထံမှ DM ရွှေရောင်၊ လက်ပတ်နာရီ ၁ လုံး(တန်ဘိုးငွေကျပ် ၆ဝဝဝဝ)အား

ခြောက်လှန့်တောင်းယူခြင်း၊ ၂ဝ၁၉ ခုနှစ်၊ မေလအတွင်း၊ နံနက် ၃ နာရီအချိန်က ကျော်ထက်လင်း (ခ)ကိုထက်၊ ဧသျှင်းအောင်(ခ)အဝယ်တော်၊ အောင်တင်မြင့်ထွေး(ခ)မြတ်သူစိုး(ခ)အောင်လေး၊ ဝင်းထွန်း(ခ)ငစိုး၊ ဇော်မင်းထွန်း(ခ)ဂျော်နီ၊ အာကာ(ခ) ကုလား(စုံစမ်းဆဲ)တို့သည် အင်းစိန်မြို့နယ်အတွင်း 8C/×××× LIGHT TRUCK အဖြူရောင် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်း ၁ လုံးနှင့် လက်ကိုင် အိတ် ၃ လုံး(တန်ဘိုး ငွေကျပ် ၁၁၂ဝဝဝ ) အား လုယက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

လှိုင်သာယာမြို့နယ်နှင့် အင်စိန်မြို့နယ်အတွင်းက လုယတ်မှု ကျူးလွန်ခဲ့သူများ 4

ထို့ပြင် ဧသျှင်းအောင်(ခ)အဝယ်တော်၊ ခန့်စည်သူ(ခ)ဗိုက်ပေါက်၊ ဇော်မင်းထွန်း(ခ)ဂျော်နီ၊ အောင်တင်မြင့်ထွေး (ခ)မြတ်သူစိုး(ခ)အောင်လေး၊ ဝင်းစိုး(ခ)ငစိုး၊ အာကာ(ခ)ကုလား (စုံစမ်းဆဲ)တို့သည် မေလ ၂၆ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်က အင်းစိန်မြို့နယ် အတွင်း LIGHT TRUCK ယာဉ်ပေါ်ပါ ခရီးသည် ၆ ဦးထံမှ လက်ကိုင်ဖုန်း ၃ လုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ (တန်ဘိုးငွေကျပ် ၄၅ဝဝဝဝ )အား လုယက်ယူဆောင်ခြင်း၊ မေလအတွင်း၌ပင် အောင်တင်မြင့်ထွေး(ခ)မြတ်သူစိုး(ခ)အောင်လေး၊

လှိုင်သာယာမြို့နယ်နှင့် အင်စိန်မြို့နယ်အတွင်းက လုယတ်မှု ကျူးလွန်ခဲ့သူများ 5

ခန့်စည်သူ(ခ) ဗိုက်ပေါက်၊ ကျော်ထက်လင်း(ခ)ကိုထက်၊ ဧသျှင်းအောင်(ခ)အဝယ်တော်၊ ဇော်မင်းထွန်း(ခ)ဂျော်နီ၊ ဝင်းစိုး(ခ) ငစိုး၊ အာကာ(ခ)ကုလား (စုံစမ်းဆဲ)တို့သည် လှိုင်သာယာမြို့နယ်အတွင်း ယာဉ်ပေါ်၌ စီးနင်းလိုက်ပါလာသူ အမျိုးသား ၁ ဦးထံမှ ရွှေလက်စွပ် ၁ ကွင်း(တန်ဘိုးငွေကျပ် ၂၅ဝဝဝဝ) အား လုယက်ခြင်းတို့ကို စစ်ဆေးဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ အမှုများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။