မူးယစ္တရားခံေျပးအား မူးယစ္ေဆး၀ါး၊ လက္နက္မ်ားျဖင့္ ဖမ္းဆီးရမိ

ေမာ္လျမဳိင္ ဇြန္ ၅

ယေန႔ နံနက္(၀၂း၃၀)အခ်ိန္က ေရးၿမဳိ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ခင္ညိဳ၊ ေရးၿမဳိ႕မရဲစခန္းမွဴး ဒုရဲမွဴး ၀င္းျမင့္တုိ႔ဦးစီးတပ္ဖြဲ႕၀င္မ်ားသည္ သက္ေသ ဦးစုိးထြန္း(အေဘာ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး)၊ ဦးေအာင္သိန္းေရႊတုိ႔အဖြဲ႕ႏွင့္အတူ ေရးၿမဳိ႕မရဲစခန္း မယ(ပ)/၁၄/၂၀၁၆၊ မူး/စိတ္ပုဒ္မ၁၅/၁၉ (က)/၂၁ အမႈမွ ထြက္ေျပးတိမ္ေရွာင္ေနေသာ တရားခံေျပး ေအာင္လွ၀င္း၊ အသက္(၄၇)ႏွစ္၊ (ဘ)ဦးခင္ေမာင္၊ အေဘာ္ေက်းရြာ၊ ေရးၿမဳိ႕နယ္ေနသူသည္ အေဘာ္ေက်းရြာအတြင္း ေရာက္ရွိေနေၾကာင္းသတင္းအရ သြားေရာက္ရွာေဖြရာ အေဘာ္ေက်းရြာအေနာက္လမ္းမေပၚတြင္ YGN 2D/2105 နံပါတ္ပါ PAJERO အမ်ဳိးအစား(လုိင္စင္စိစစ္ဆဲ)အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ႏွင့္အတူ ေတြ႕ ရ၍ ဖမ္းဆီးၿပီး

မူးယစ္တရားခံေျပးအား မူးယစ္ေဆး၀ါး၊ လက္နက္မ်ားျဖင့္ ဖမ္းဆီးရမိ 1

၄င္းစီနင္းလာသည့္ေမာ္ေတာ္ယာဥ္အား သက္ေသမ်ားႏွင့္အတူ ရွာေဖြစစ္ေဆးရာ ေမာ္ေတာ္ယာဥ္မ်က္နွာခ်ပ္ေပၚတြင္ အျပာေရာင္ကတ္ခြာအိတ္ျဖင့္ထည့္ထားေသာ WY/R စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပာ(၂၀၀)ျပားပါသည့္အထုတ္(၁၇)ထုတ္၊(WY စာတမ္းပါအစိမ္း(၁၈)ျပား၊ R စာတမ္းပါအစိမ္းေရာင္(၁၆)ျပား၊ WY စာတမ္းပါပန္းေရာင္(၃၁၁၀)ျပား၊ R စာတမ္းပါပန္း ေရာင္(၂၅၆)ျပား စုစုေပါင္း(၃၄၀၀)ျပား)၊ အျဖဴေရာင္ကပ္ခြါအိတ္ျဖင့္ထည့္ထားေသာ WY/R စာတမ္းပါစိတ္ၾကြေဆးျပား(၂၀၀)ျပားစီပါ(၂)ထုတ္၊

(R စာတမ္းပါအစိမ္းေရာင္(၄)ျပား၊ R စာတမ္းပါပန္းေရာင္(၇၂)ျပား၊ WY စာတမ္းပါပန္းေရာင္(၃၂၄)ျပား၊ စုစုေပါင္း(၄၀၀)ျပား)၊ MADE IN CZECH REPU BALIC စာတမ္းပါပစၥတုိေသနတ္(၁)လက္၊ က်ည္အိမ္(၁)ခု၊ ၄င္းက်ည္(၇)ေတာင့္တုိ႔ အားလည္းေကာင္း၊ ေမာ္ေတာ္ယာဥ္ေရွ႕ခန္းအတြင္း ေျပာက္က်ားခါးပတ္အိတ္အထဲမွ အျပာေရာင္ကပ္ခြာအိတ္ျဖင့္ထည့္လ်က္ WYစာတမ္းပါ ပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား(၁၅၀)ျပား၊ စုစုေပါင္း(၃၉၅၀)ျပားႏွင့္

မူးယစ္တရားခံေျပးအား မူးယစ္ေဆး၀ါး၊ လက္နက္မ်ားျဖင့္ ဖမ္းဆီးရမိ 2

မူးယစ္ေဆး၀ါးသုံစြဲရာတြင္ အသုံးျပဳေသာ (၀ါးေျပာင္း(၂) ခု၊ မီးျခစ္(၁)လုံး)၊ အရုိး(၆)လက္မ၊ အသြား(၁၄)လက္ မရွိ ဓါးဦးခြ်န္(၁)လက္၊ အနီေရာင္ဓါးအိမ္(၁)ခု၊ မူးယစ္ေရာင္းခ်ေငြဟုယူဆရေသာေငြ(၈၁၀၀၀၀)က်ပ္တုိ႕အား ရွာေဖြေတြ႕ရွိရာ သက္ေသမ်ားေရွ႕ သိမ္းဆည္းခဲ့ျပီး တရားခံ ေအာင္လွ၀င္းအား ေရးၿမဳိ႕မရဲစခန္း မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၂(ခ) ျဖင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

မော်လမြိုင် ဇွန် ၅

ယနေ့ နံနက်(၀၂း၃၀)အချိန်က ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်ညို၊ ရေးမြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းမြင့်တို့ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေ ဦးစိုးထွန်း(အဘော်ကျေးရွာအုပ်ချုပ်ရေးမှူး)၊ ဦးအောင်သိန်းရွှေတို့အဖွဲ့နှင့်အတူ ရေးမြို့မရဲစခန်း မယ(ပ)/၁၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ၁၅/၁၉ (က)/၂၁ အမှုမှ ထွက်ပြေးတိမ်ရှောင်နေသော တရားခံပြေး အောင်လှဝင်း၊ အသက်(၄၇)နှစ်၊ (ဘ)ဦးခင်မောင်၊ အဘော်ကျေးရွာ၊ ရေးမြို့နယ်နေသူသည် အဘော်ကျေးရွာအတွင်း ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ရှာဖွေရာ အဘော်ကျေးရွာအနောက်လမ်းမပေါ်တွင် YGN 2D/2105 နံပါတ်ပါ PAJERO အမျိုးအစား(လိုင်စင်စိစစ်ဆဲ)အဖြူရောင် မော်တော်ယာဉ်နှင့်အတူ တွေ့ ရ၍ ဖမ်းဆီးပြီး

မူးယစ္တရားခံေျပးအား မူးယစ္ေဆး၀ါး၊ လက္နက္မ်ားျဖင့္ ဖမ္းဆီးရမိ 1

၄င်းစီနင်းလာသည့်မော်တော်ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ်မျက်နှာချပ်ပေါ်တွင် အပြာရောင်ကတ်ခွာအိတ်ဖြင့်ထည့်ထားသော WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြာ(၂၀၀)ပြားပါသည့်အထုတ်(၁၇)ထုတ်၊(WY စာတမ်းပါအစိမ်း(၁၈)ပြား၊ R စာတမ်းပါအစိမ်းရောင်(၁၆)ပြား၊ WY စာတမ်းပါပန်းရောင်(၃၁၁၀)ပြား၊ R စာတမ်းပါပန်း ရောင်(၂၅၆)ပြား စုစုပေါင်း(၃၄၀၀)ပြား)၊ အဖြူရောင်ကပ်ခွါအိတ်ဖြင့်ထည့်ထားသော WY/R စာတမ်းပါစိတ်ကြွဆေးပြား(၂၀၀)ပြားစီပါ(၂)ထုတ်၊

(R စာတမ်းပါအစိမ်းရောင်(၄)ပြား၊ R စာတမ်းပါပန်းရောင်(၇၂)ပြား၊ WY စာတမ်းပါပန်းရောင်(၃၂၄)ပြား၊ စုစုပေါင်း(၄၀၀)ပြား)၊ MADE IN CZECH REPU BALIC စာတမ်းပါပစ္စတိုသေနတ်(၁)လက်၊ ကျည်အိမ်(၁)ခု၊ ၄င်းကျည်(၇)တောင့်တို့ အားလည်းကောင်း၊ မော်တော်ယာဉ်ရှေ့ခန်းအတွင်း ပြောက်ကျားခါးပတ်အိတ်အထဲမှ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WYစာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၅၀)ပြား၊ စုစုပေါင်း(၃၉၅၀)ပြားနှင့်

မူးယစ္တရားခံေျပးအား မူးယစ္ေဆး၀ါး၊ လက္နက္မ်ားျဖင့္ ဖမ္းဆီးရမိ 2

မူးယစ်ဆေးဝါးသုံစွဲရာတွင် အသုံးပြုသော (၀ါးပြောင်း(၂) ခု၊ မီးခြစ်(၁)လုံး)၊ အရိုး(၆)လက်မ၊ အသွား(၁၄)လက် မရှိ ဓါးဦးချွန်(၁)လက်၊ အနီရောင်ဓါးအိမ်(၁)ခု၊ မူးယစ်ရောင်းချငွေဟုယူဆရသောငွေ(၈၁၀၀၀၀)ကျပ်တို့အား ရှာဖွေတွေ့ရှိရာ သက်သေများရှေ့ သိမ်းဆည်းခဲ့ပြီး တရားခံ အောင်လှဝင်းအား ရေးမြို့မရဲစခန်း မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ) ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။