နမ့္ခမ္းမွမာဘယ္စက်င္ေက်ာက္မ်ားကို တ႐ုတ္ျပည္ဘက္သို႔တရားမ၀င္ခိုးေရာင္းေန

နမ့္ခမ္းမွမာဘယ္စက်င္ေက်ာက္မ်ားကို တ႐ုတ္ျပည္ဘက္သို႔တရားမ၀င္ခိုးေရာင္းေန

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခ႐ုိင္၊ နမ့္ခမ္းၿမိဳ႕နယ္ထဲမွာ မာဘယ္စက်င္ေက်ာက္ေတြ တူးၿပီး တ႐ုတ္ႏိုင္ငံကို တရားမ၀င္ခိုးေရာင္းေနတဲ့ကိစၥ အေရးယူေပးဖို႔ ေဒသခံႏိုင္ငံေရးပါတီနဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြက သက္ဆိုင္ရာကို တိုင္တန္္းထားပါတယ္။ေက်ာက္တူးေဖာ္ထုတ္လုပ္တဲ့ေနရာဟာ နမ့္ခမ္းၿမိဳ႕နယ္၊ ဟင္လံုေက်းရြာအုပ္စု၊ ပန္ကူေက်း ရြာရွိ ဖာေမာက္ေတာင္တန္းဘက္မွာရွိပါတယ္။

ေက်ာက္ေတြ ခိုးထုတ္ေနတာဟာ ပတ္၀န္းက်င္သဘာ၀ သယံဇာတကို ထိခိုက္ေစၿပီး အနီးကေရႊလီေရအားလွ်ပ္စစ္ထုတ္လုပ္ေရးကိုလည္း ထိခိုက္ေစတဲ့အျပင္ ႏိုင္ငံေတာ္ကိုလည္း ေစာ္ကားရာေရာက္တဲ့အတြက္ အခုလိုတိုင္စာေပးပို႔ရတာလို႔ နမ့္ခမ္းၿမိဳ႕ လူမႈညီညြတ္ေရးအသင္း အတြင္းေရးမႉး စိုင္းထြန္းလိႈင္က ဒီဗြီဘီကို ေျပာပါတယ္။

နမ့္ခမ္းမွမာဘယ္စက်င္ေက်ာက္မ်ားကို တ႐ုတ္ျပည္ဘက္သို႔တရားမ၀င္ခိုးေရာင္းေန 1

“အဲဒီမွာ ဒီႏွစ္ဆန္းပိုင္းကစၿပီး ေက်ာက္ေဆာင္ေတြခြဲ၊ ေက်ာက္ဘေလာက္တံုးေတြ လုပ္ၿပီး ဆယ္ဘီးကားႀကီးေတြနဲ႔ တ႐ုတ္ျပည္ဘက္ ေရာင္းခ်ေနတာ သိရတယ္။ ဒါနဲ႔ ဘယ္သူေတြဘယ္လို ထုတ္သလဲဆိုတာ ဆက္စံုစမ္းၿပီး တရားမ၀င္ထုတ္ေနတာသိရလို႔ သက္ဆိုင္ရာကို တိုင္တန္း လိုက္တာပါ။

ထုတ္လုပ္တဲ့ ကုမၸဏီက ၃ ခုေလာက္ရွိတယ္၊ ဒီလိုေက်ာက္ထုတ္ျခင္း အားျဖင့္ ေတာေတာင္ျပဳန္းတီးမယ္၊ သဘာ၀၀န္း က်င္ထိခိုက္မယ္။ အဲဒီေတာင္ေျခမွာ ေရႊလီျမစ္ရွိၿပီး ေျမစာေတြ ေရႊလီျမစ္ထဲစီးဆင္းရင္ ေရအားလွ်ပ္စစ္ထုတ္လုပ္မႈကို ထိခိုက္မယ္၊ သူတို႔ ဘာလုပ္မလဲဆိုတာကို အဲဒီနားက ရြာသားေတြကို အသိေပးတိုင္ပင္တာ မရွိဘူး။ သက္ဆိုင္ရာ ကိုလည္းအသိမေပးဘဲ လုပ္ခ်င္ရာလုပ္ေနတာ ႏိုင္ငံေတာ္ကိုေစာ္ကားရာလည္းေရာက္တယ္။”

ဒါေၾကာင့္ နမ့္ခမ္းၿမိဳ႕နယ္ က်ားျဖဴပါတီ SNDP၊ လူမႈညီၫြတ္ေရးအသင္း၊ ေရွးေဟာင္း အေမြအႏွစ္ႏွင့္ သမိုင္းဝင္ေနရာမ်ား ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ေရးအသင္း၊ နမ့္ခမ္းၿမိဳ႕ ေတာင္သူလယ္သမားမ်ားအဖြဲ႔နဲ႔ ရပ္မိရပ္ဖေတြက ကန္႔ကြက္ေၾကာင္း လက္မွတ္ေရးထိုးၿပီး ဇြန္လ ၃ ရက္က သမၼတ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ ၿမိဳ႕နယ္နဲ႔ ခ႐ုိင္အုပ္ခ်ဳပ္ေရးမႉးေတြထံ ကန္႔ကြက္စာေပးပို႔ခဲ့ပါတယ္။ DVB News

 

Unicode Version ျဖင့္ဖတ္ရန္

 

နမ့်ခမ်းမှမာဘယ်စကျင်ကျောက်များကို တရုတ်ပြည်ဘက်သို့တရားမဝင်ခိုးရောင်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ မာဘယ်စကျင်ကျောက်တွေ တူးပြီး တရုတ်နိုင်ငံကို တရားမဝင်ခိုးရောင်းနေတဲ့ကိစ္စ အရေးယူပေးဖို့ ဒေသခံနိုင်ငံရေးပါတီနဲ့ မြို့မိမြို့ဖတွေက သက်ဆိုင်ရာကို တိုင်တန််းထားပါတယ်။ကျောက်တူးဖော်ထုတ်လုပ်တဲ့နေရာဟာ နမ့်ခမ်းမြို့နယ်၊ ဟင်လုံကျေးရွာအုပ်စု၊ ပန်ကူကျေး ရွာရှိ ဖာမောက်တောင်တန်းဘက်မှာရှိပါတယ်။

ကျောက်တွေ ခိုးထုတ်နေတာဟာ ပတ်ဝန်းကျင်သဘာဝ သယံဇာတကို ထိခိုက်စေပြီး အနီးကရွှေလီရေအားလျှပ်စစ်ထုတ်လုပ်ရေးကိုလည်း ထိခိုက်စေတဲ့အပြင် နိုင်ငံတော်ကိုလည်း စော်ကားရာရောက်တဲ့အတွက် အခုလိုတိုင်စာပေးပို့ရတာလို့ နမ့်ခမ်းမြို့ လူမှုညီညွတ်ရေးအသင်း အတွင်းရေးမှူး စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

နမ့္ခမ္းမွမာဘယ္စက်င္ေက်ာက္မ်ားကို တ႐ုတ္ျပည္ဘက္သို႔တရားမ၀င္ခိုးေရာင္းေန 1

“အဲဒီမှာ ဒီနှစ်ဆန်းပိုင်းကစပြီး ကျောက်ဆောင်တွေခွဲ၊ ကျောက်ဘလောက်တုံးတွေ လုပ်ပြီး ဆယ်ဘီးကားကြီးတွေနဲ့ တရုတ်ပြည်ဘက် ရောင်းချနေတာ သိရတယ်။ ဒါနဲ့ ဘယ်သူတွေဘယ်လို ထုတ်သလဲဆိုတာ ဆက်စုံစမ်းပြီး တရားမဝင်ထုတ်နေတာသိရလို့ သက်ဆိုင်ရာကို တိုင်တန်း လိုက်တာပါ။

ထုတ်လုပ်တဲ့ ကုမ္ပဏီက ၃ ခုလောက်ရှိတယ်၊ ဒီလိုကျောက်ထုတ်ခြင်း အားဖြင့် တောတောင်ပြုန်းတီးမယ်၊ သဘာဝဝန်း ကျင်ထိခိုက်မယ်။ အဲဒီတောင်ခြေမှာ ရွှေလီမြစ်ရှိပြီး မြေစာတွေ ရွှေလီမြစ်ထဲစီးဆင်းရင် ရေအားလျှပ်စစ်ထုတ်လုပ်မှုကို ထိခိုက်မယ်၊ သူတို့ ဘာလုပ်မလဲဆိုတာကို အဲဒီနားက ရွာသားတွေကို အသိပေးတိုင်ပင်တာ မရှိဘူး။ သက်ဆိုင်ရာ ကိုလည်းအသိမပေးဘဲ လုပ်ချင်ရာလုပ်နေတာ နိုင်ငံတော်ကိုစော်ကားရာလည်းရောက်တယ်။”

ဒါကြောင့် နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ SNDP၊ လူမှုညီညွတ်ရေးအသင်း၊ ရှေးဟောင်း အမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအသင်း၊ နမ့်ခမ်းမြို့ တောင်သူလယ်သမားများအဖွဲ့နဲ့ ရပ်မိရပ်ဖတွေက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး ဇွန်လ ၃ ရက်က သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေထံ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ DVB News