ဦးဝီရသူကို တပတ္အတြင္း မမိပါက တရားခံေျပး ေၾကညာၿပီ မ်က္ကြယ္အမႈစစ္ဖြယ္ရွိ

ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဦးဝီရသူ (ဘဒၵႏၱ ဝိစိတၱာ ဘိဝံသ) အား ရာဇဝတ္အေထြေထြမႈ ထပ္ဖြင့္ကာ ဝရမ္းေပးထားသည့္ ဇြန္ ၁၁ ရက္ေန႕အထိ ဖမ္းမမိပါက တရားခံေျပးအျဖစ္ ေၾကညာကာ မ်က္ကြယ္အမႈစစ္ေဆးျခင္း ေဆာင္႐ြက္ဖြယ္ရွိ ေၾကာင္း ဥပေဒဆိုင္ရာ ကြၽမ္းက်င္သူမ်ားက ေျပာသည္။

နိုင္ငံေတာ္အၾကည္ညိုပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) ျဖင့္ ဝရမ္းထုတ္ခံရသည့္ ဦးဝီရသူအား ဝရမ္းျပန္အပ္ရန္ ေနာက္ ဆုံးရက္ ဇြန္လ ၄ ရက္ေန႕အထိ ဖမ္းမိျခင္းမရွိသည့္အတြက္ အေနာက္ပိုင္းခရိုင္ တရား႐ုံးက ပုဒ္မ ၁၂၄(က)/ ရာ ဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၅၁၂ အရ ရာဇဝတ္ အေထြေထြမႈဖြင့္ လွစ္ကာ ဇြန္လ ၁၁ ရက္ေန႕အထိ ဝရမ္းထပ္မံ ထုတ္ေပးထားျခင္းျဖစ္သည္။

ဥပေဒအႀကံေပးျဖစ္သူ ဦးခင္ေမာင္ျမင့္ က “က်င့္ထုံးဥပေဒ ၅၁၂ အရ တရားခံေျပးေၾကညာၿပီဆို ဖမ္းဆီးဖို႔ ရဲတပ္ ဖြဲ႕ရဲ႕ လုပ္ပိုင္ခြင့္ကလဲ က်ယ္ျပန႔္သြားတယ္၊ သူ႕ကိုမမိခဲ့ရင္လည္း မ်က္ကြယ္စစ္ေဆးမႈအေနနဲ႕ တရားလို ဘက္က တင္ျပတဲ့ သက္ေသေတြ စစ္ေဆးၿပီး အမႈလုပ္ငန္းစဥ္ေတြက ဆက္သြားလို႔ရတာေပါ့” ဟု ရွင္းျပသည္။

လက္ရွိတြင္ ဦးဝီရသူအား တရား႐ုံးမွ တရားခံေျပးအျဖစ္ သတ္မွတ္ေၾကညာျခင္းမရွိေသးဘဲ ဖမ္းဆီးရမိေရးအ တြက္ ဝရမ္းထပ္မံထုတ္ေပးထားေၾကာင္း အေနာက္ပိုင္း ခရိုင္ တရား႐ုံး၊ ဒုတိယခရိုင္တရားသူႀကီး(၃)၊ သတင္း ျပန္ၾကားေရး အရာရွိ ဦးမင္းသန႔္က ဧရာဝတီသို႔ေျပာသည္။

ဦးမင္းသန႔္ က “ရဲက ဝရမ္းျပန္အပ္တဲ့အခါမွာ ဦးဝီရသူက တိမ္းေရွာင္ေနတဲ့အတြက္ ဖမ္းမမိလို႔ ဝရမ္း အတည္မျပဳ နိုင္ခဲ့ဘူး၊ အဲ့ဒီအတြက္ ပုဒ္မ ၁၂၄(က)/ ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၅၁၂ အရ ရာဇဝတ္ အေထြေထြမႈ ေျပာင္းဖြင့္ၿပီး ဝရမ္းထပ္ေပးထားတာ၊ တရားခံေျပးေၾကညာတဲ့ အဆင့္မရွိေသးပါဘူး” ဟု ေျပာသည္။

ဦးဝီရသူအား ၎ေနထိုင္သည့္ ေက်ာင္းတြင္ သြားေရာက္ရွာေဖြခဲ့သည့္ ရဲအရာရွိ ရဲအုပ္ေဇာ္ေဝလင္း မဟာ ေအာင္ေျမၿမိဳ႕နယ္၊ ေဒးဝန္းအေရွ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဌး တို႔ကိုလည္း ေမလ ၄ ရက္ေန႕က တရား႐ုံး တြင္ ေမးျမန္း စစ္ေဆးခဲ့ေၾကာင္းသိရသည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ က “တရားခံေျပးလို႔ တရား႐ုံးက တရားဝင္ ထုတ္မေၾကညာေသးေပမယ့္ သြားေနတာကေတာ့ မ်က္ကြယ္မွာ ဆက္လက္စစ္ေဆးသြားမယ့္ လမ္းေၾကာင္းပါပဲ၊ က်င့္ထုံးဥပေဒအရ တလ အထိ သူေနတဲ့ေနရာမွာ စာကပ္အသိေပးရေပမယ့္ လိုအပ္ရင္ တရားသူႀကီး ဆုံးျဖတ္ခ်က္နဲ႕ ေဆာင္႐ြက္တာေတြလဲ ရွိပါတယ္” ဟု ေျပာသည္။

ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၅၁၂ တြင္ စြပ္စြဲခံရသူမွ ထြက္ေျပး တိမ္းေရွာင္ေနေၾကာင္း ထင္ရွားေအာင္ျပဳလုပ္ ၿပီးပါက တရားလိုသက္ေသမ်ားအား စြပ္စြဲခံရသူ မ်က္ကြယ္တြင္ စစ္ေဆးကာ အစီအရင္ခံခ်က္မ်ား ေရးမွတ္ယူ နိုင္ၿပီး စြပ္စြဲခံရသူ ဖမ္းမိသည့္အခါ အမႈစစ္ေဆးရာတြင္ သက္ေသခံခ်က္အျဖစ္ တင္ျပနိုင္ေၾကာင္း ဆိုထားသည္။

ဦးဝီရသူအေနျဖင့္ တရားခံေျပးေၾကညာခံရၿပီး မ်က္ကြက္တြင္ အမႈစစ္ေဆးျခင္းခံရပါက တရားလိုသက္ေသ မ်ား၏ ထြက္ဆိုတင္ျပခ်က္မ်ားအား ခုခံေခ်ပပိုင္ခြင့္ဆုံးရႈံးမည္ျဖစ္ၿပီး ၎အား လက္ခံထားသူမ်ား၊ ကူညီအား ေပးသူမ်ားအေနျဖင့္လည္း ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၂၁၂၊ ပုဒ္မ ၁၀၉ တို႔ျဖင့္ ၿငိစြန္းကာ အေရးယူခံရနိုင္ ေၾကာင္းလည္း ဦးခင္ေမာင္ျမင့္က သုံးသပ္ေျပာသည္။

ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၂၁၂ ျဖင့္အေရးယူမႈအေနျဖင့္ တရားလႊတ္ေတာ္ ဦးကိုနီလုပ္ႀကံသတ္ျဖတ္ခံရမႈတြင္ တရားခံ ေအာင္ဝင္းေဇာ္ႏွင့္အတူ ကားတစီးတည္းအတူသြားခဲ့သည့္ ေအာင္ဝင္းထြန္းအား ေျမာက္ပိုင္းခရိုင္ တရား႐ုံးက ပုဒ္မ ၂၁၂ အရ အျပစ္ရွိေၾကာင္းဆုံးျဖတ္ကာ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့သည္။

ဦးဝီရသူ၏ ေဟာေျပာမႈမ်ားႏွင့္ပတ္သက္ၿပီး အေရးယူေပးရန္ အေနာက္ပိုင္းခရိုင္၊ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက အေနာက္ပိုင္းခရိုင္တရား႐ုံးတြင္ ေမလ ၂၈ ရက္ေန႕က တရား႐ုံးဦးတိုက္ ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။

ဦးဝီရသူအား အမႈဖြင့္ဝရမ္းထုတ္ထားသည့္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၁၂၄ (က) အရ ျပစ္မႈထင္ရွားပါက က်ဴး လြန္သူအား အျမင့္ဆုံး ေထာင္ဒဏ္ႏွစ္ ၂၀ ႏွင့္ ေငြဒဏ္ခ်မွတ္နိုင္သည့္ ပုဒ္မျဖစ္သည္။

ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဦးဝီရသူအေနျဖင့္ ၎အေပၚ ဝရမ္းထုတ္ရွာေဖြေနျခင္းႏွင့္ ပတ္သက္ၿပီး ဆရာ ေတာ္ႀကီးမ်ား၏ ဓမၼစက္ျဖင့္ ၾသဝါဒခံယူၿပီးမွသာ အာဏာစက္ျဖင့္ အေရးယူမႈကို ရင္ဆိုင္ေျဖရွင္းမည္ ျဖစ္ေၾကာင္း ေမ ၃၁ ရက္ေန႕ရက္စြဲျဖင့္ နိုင္ငံေတာ္ သံဃမဟာနာယက (မဟန) အဖြဲ႕ထံ ေလွ်ာက္ထားသည့္ စာတြင္ ေျပာထား သည္။

နိုင္ငံေတာ္သံဃ မဟာနာယက(မဟန)အေနျဖင့္ ဦးဝီရသူအား ၾသဝါဒေပးရန္ ေမလ ၃၀ ရက္ေန႕ ခ်ိန္ဆိုခဲ့ေသာ္ လည္း ျပန္လည္ဆိုင္းငံ့ခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီး သံဃနာယကအဖြဲ႕အေနျဖင့္ ၾသဝါဒေပးမည့္အစီအစဥ္အား အေၾကာင္းညီၫြတ္သည့္ အခ်ိန္တြင္ ထပ္မံထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ဦးဝီရသူအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး သံဃနာယကအဖြဲ႕မွ ေခၚယူၾသဝါဒေပးမႈအေပၚ လိုက္နာျခင္းမရွိပါက လည္း သံဃာ့အဖြဲ႕အစည္းဆိုင္ရာ ဥပေဒအမွတ္ (၂၀/၉၀) ျဖင့္ တရားစြဲဆိုမည္ျဖစ္ေၾကာင္းလည္း သာသနာေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ burma.irrawaddy

 

Unicode Version ျဖင့္ဖတ္ရန္

 

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) အား ရာဇဝတ်အထွေထွေမှု ထပ်ဖွင့်ကာ ဝရမ်းပေးထားသည့် ဇွန် ၁၁ ရက်နေ့အထိ ဖမ်းမမိပါက တရားခံပြေးအဖြစ် ကြေညာကာ မျက်ကွယ်အမှုစစ်ဆေးခြင်း ဆောင်ရွက်ဖွယ်ရှိ ကြောင်း ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ခံရသည့် ဦးဝီရသူအား ဝရမ်းပြန်အပ်ရန် နောက် ဆုံးရက် ဇွန်လ ၄ ရက်နေ့အထိ ဖမ်းမိခြင်းမရှိသည့်အတွက် အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၁၂၄(က)/ ရာ ဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှုဖွင့် လှစ်ကာ ဇွန်လ ၁၁ ရက်နေ့အထိ ဝရမ်းထပ်မံ ထုတ်ပေးထားခြင်းဖြစ်သည်။

ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့် က “ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးကြေညာပြီဆို ဖမ်းဆီးဖို့ ရဲတပ် ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကလဲ ကျယ်ပြန့်သွားတယ်၊ သူ့ကိုမမိခဲ့ရင်လည်း မျက်ကွယ်စစ်ဆေးမှုအနေနဲ့ တရားလို ဘက်က တင်ပြတဲ့ သက်သေတွေ စစ်ဆေးပြီး အမှုလုပ်ငန်းစဉ်တွေက ဆက်သွားလို့ရတာပေါ့” ဟု ရှင်းပြသည်။

လက်ရှိတွင် ဦးဝီရသူအား တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ကြေညာခြင်းမရှိသေးဘဲ ဖမ်းဆီးရမိရေးအ တွက် ဝရမ်းထပ်မံထုတ်ပေးထားကြောင်း အနောက်ပိုင်း ခရိုင် တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး(၃)၊ သတင်း ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ဧရာဝတီသို့ပြောသည်။

ဦးမင်းသန့် က “ရဲက ဝရမ်းပြန်အပ်တဲ့အခါမှာ ဦးဝီရသူက တိမ်းရှောင်နေတဲ့အတွက် ဖမ်းမမိလို့ ဝရမ်း အတည်မပြု နိုင်ခဲ့ဘူး၊ အဲ့ဒီအတွက် ပုဒ်မ ၁၂၄(က)/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှု ပြောင်းဖွင့်ပြီး ဝရမ်းထပ်ပေးထားတာ၊ တရားခံပြေးကြေညာတဲ့ အဆင့်မရှိသေးပါဘူး” ဟု ပြောသည်။

ဦးဝီရသူအား ၎င်းနေထိုင်သည့် ကျောင်းတွင် သွားရောက်ရှာဖွေခဲ့သည့် ရဲအရာရှိ ရဲအုပ်ဇော်ဝေလင်း မဟာ အောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး တို့ကိုလည်း မေလ ၄ ရက်နေ့က တရားရုံး တွင် မေးမြန်း စစ်ဆေးခဲ့ကြောင်းသိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က “တရားခံပြေးလို့ တရားရုံးက တရားဝင် ထုတ်မကြေညာသေးပေမယ့် သွားနေတာကတော့ မျက်ကွယ်မှာ ဆက်လက်စစ်ဆေးသွားမယ့် လမ်းကြောင်းပါပဲ၊ ကျင့်ထုံးဥပဒေအရ တလ အထိ သူနေတဲ့နေရာမှာ စာကပ်အသိပေးရပေမယ့် လိုအပ်ရင် တရားသူကြီး ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာတွေလဲ ရှိပါတယ်” ဟု ပြောသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ တွင် စွပ်စွဲခံရသူမှ ထွက်ပြေး တိမ်းရှောင်နေကြောင်း ထင်ရှားအောင်ပြုလုပ် ပြီးပါက တရားလိုသက်သေများအား စွပ်စွဲခံရသူ မျက်ကွယ်တွင် စစ်ဆေးကာ အစီအရင်ခံချက်များ ရေးမှတ်ယူ နိုင်ပြီး စွပ်စွဲခံရသူ ဖမ်းမိသည့်အခါ အမှုစစ်ဆေးရာတွင် သက်သေခံချက်အဖြစ် တင်ပြနိုင်ကြောင်း ဆိုထားသည်။

ဦးဝီရသူအနေဖြင့် တရားခံပြေးကြေညာခံရပြီး မျက်ကွက်တွင် အမှုစစ်ဆေးခြင်းခံရပါက တရားလိုသက်သေ များ၏ ထွက်ဆိုတင်ပြချက်များအား ခုခံချေပပိုင်ခွင့်ဆုံးရှုံးမည်ဖြစ်ပြီး ၎င်းအား လက်ခံထားသူများ၊ ကူညီအား ပေးသူများအနေဖြင့်လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မ ၁၀၉ တို့ဖြင့် ငြိစွန်းကာ အရေးယူခံရနိုင် ကြောင်းလည်း ဦးခင်မောင်မြင့်က သုံးသပ်ပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၂ ဖြင့်အရေးယူမှုအနေဖြင့် တရားလွှတ်တော် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင် တရားခံ အောင်ဝင်းဇော်နှင့်အတူ ကားတစီးတည်းအတူသွားခဲ့သည့် အောင်ဝင်းထွန်းအား မြောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၂၁၂ အရ အပြစ်ရှိကြောင်းဆုံးဖြတ်ကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

ဦးဝီရသူ၏ ဟောပြောမှုများနှင့်ပတ်သက်ပြီး အရေးယူပေးရန် အနောက်ပိုင်းခရိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင်တရားရုံးတွင် မေလ ၂၈ ရက်နေ့က တရားရုံးဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူအား အမှုဖွင့်ဝရမ်းထုတ်ထားသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က) အရ ပြစ်မှုထင်ရှားပါက ကျူး လွန်သူအား အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူအနေဖြင့် ၎င်းအပေါ် ဝရမ်းထုတ်ရှာဖွေနေခြင်းနှင့် ပတ်သက်ပြီး ဆရာ တော်ကြီးများ၏ ဓမ္မစက်ဖြင့် သြဝါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူမှုကို ရင်ဆိုင်ဖြေရှင်းမည် ဖြစ်ကြောင်း မေ ၃၁ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ထံ လျှောက်ထားသည့် စာတွင် ပြောထား သည်။

နိုင်ငံတော်သံဃ မဟာနာယက(မဟန)အနေဖြင့် ဦးဝီရသူအား သြဝါဒပေးရန် မေလ ၃၀ ရက်နေ့ ချိန်ဆိုခဲ့သော် လည်း ပြန်လည်ဆိုင်းငံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့အနေဖြင့် သြဝါဒပေးမည့်အစီအစဉ်အား အကြောင်းညီညွတ်သည့် အချိန်တွင် ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးဝီရသူအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ခေါ်ယူသြဝါဒပေးမှုအပေါ် လိုက်နာခြင်းမရှိပါက လည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် (၂၀/၉၀) ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်းလည်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ burma.irrawaddy

Be the first to comment

Leave a Reply

Your email address will not be published.


*