အသံဖိုင္ကေဝဠုေက်ာ္သြင္းခိုင္းလို႔ သြင္းထားခဲ့တာဟု သင္းသင္းေျပာ

အသံဖိုင္ကေဝဠုေက်ာ္သြင္းခိုင္းလို႔ သြင္းထားခဲ့တာဟု သင္းသင္းေျပာ

ကာမလိမ္လည္မႈျဖင့္တရားစြဲဆိုခံထားရတဲ့သ႐ုပ္ေဆာင္ေဝဠုေက်ာ္နဲ႕တရားလို သင္းသင္းတို႔ ႐ုံးခ်ိန္းမွာေတာ့ ၿပီးခဲ့တဲ့တပတ္က ေဝဠုေက်ာ္တင္သြင္းခဲ့တယ္ဆိုတဲ့ အသံဖိုင္သက္ေသတခုအေၾကာင္းက အမ်ားၾကားမွာ ေျပာစရာတခုအျဖစ္ ပ်ံ့ႏွံ႕ေနပါတယ္။ ဒီလို အြန္လိုင္းေပၚမွာ ပ်ံ့ႏွံ႕ေနတဲ့ သမီးရည္းစားအသံမ်ားပါဝင္တဲ့ အသံဖိုင္ကေတာ့ ေဝဠုေက်ာ္က အသံသြင္းခဲ့တာေၾကာင့္ သြင္းထားခဲ့တာျဖစ္တယ္လို႔ သင္းသင္းကေျပာပါတယ္။ဒီအသံဖိုင္က ေဝဠုေက်ာ္သြင္းခိုင္းလို႔သြင္းပါတယ္။ ေဝဠုေက်ာ္မွာလည္း ဒီအသံဖိုင္ရွိပါတယ္။ ကိုယ္နဲ႕သူနဲ႕ ႀကိဳက္ခဲ့တုန္းက ခ်စ္သူရည္းစားေလ စပြန္ဆာထားေနတာမဟုတ္ဘူး။ ခ်စ္သူရည္းစားေျပာတဲ့အတိုင္း လိုက္လုပ္ေပးခဲ့တာ အဲဒါမွားလို႔လား။ ဒီမွာရွိတဲ့သူေတြလည္း ကိုယ့္လိုမိန္းကေလးမ်ိဳးေတြ သမီးရည္းစားထားရင္ သိလိမ့္မယ္လို႔ ထင္ပါတယ္။ အဲဒါေလးေျပာျပခ်င္တာပါ” လို႔ တရားလိုျဖစ္သူ အလွမယ္သင္းသင္းကေျပာပါတယ္။

အသံဖိုင္ကေဝဠုေက်ာ္သြင္းခိုင္းလို႔ သြင္းထားခဲ့တာဟု သင္းသင္းေျပာ 1

မိန္းမတယာက္အေနနဲ႕ အရွက္သိကၡာအက်ခံၿပီး ကိုယ့္သေဘာဆႏၵနဲ႕ အသံသြင္းထားမွာမဟုတ္ဘဲ ခ်စ္သူရည္းစား ျဖစ္ခဲ့တဲ့အခ်ိန္ျဖစ္တာေၾကာင့္ ေျပာတာကို လုပ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။အသံဖိုင္က ေဝဠုေက်ာ္ဖမ္းခိုင္းလို႔ ဖမ္းတာ။ ေဝဠုေက်ာ္ဆီမွာလည္းရွိတယ္။ သင္းသင္းဆီမွာလည္းရွိတယ္။ ကိုယ့္ထက္သိတတ္နားလည္တာေတြရွိလို႔ က်မေရွ႕ေနကိုအကုန္ေပးထားၿပီးသား။ သူလိုအပ္လို႔သူတင္တာေလ။ က်မနဲ႕ပတ္သက္ခဲ့စဥ္က ခ်စ္သူတေယာက္အေနနဲ႕ ဘာလုပ္ပါညာလုပ္ပါဆိုေတာ့ က်မလုပ္မွာေပါ့။ ခ်စ္ႀကိဳက္ေနတဲ့အခ်ိန္ေလ။ ဒါေတာင္ဗီဒီယိုရိုက္ခ်င္တာေလ။ ျမန္မာမိန္းကေလးတေယာက္အေနနဲ႕ရွက္လို႔။ အဲဒီအသံဖိုင္ေလးကိုခြင့္ျပဳလိုက္တာ ” လို႔ သင္းသင္းကေျပာပါတယ္။

အသံဖိုင္ကေဝဠုေက်ာ္သြင္းခိုင္းလို႔ သြင္းထားခဲ့တာဟု သင္းသင္းေျပာ 2

အဆိုပါ အသံဖိုင္ကိုေတာ့ ေဝဠုေက်ာ္ဘက္မွ ၿပီးခဲ့တဲ့႐ုံးခ်ိန္းမွာတင္သြင္းခဲ့တာျဖစ္ၿပီး သင္းသင္းဘက္မွ ယေန႕႐ုံးခ်ိန္းတြင္ ေလွ်ာက္လဲခ်က္တင္ခဲ့ပါတယ္။ယေန႕ဇြန္လ ၅ရက္ေန႕႐ုံးခ်ိန္းကိုေတာ့ စြပ္စြဲခံသူ ေဝဠုေက်ာ္ဘက္မွ ပ်က္ကြက္ခဲ့ၿပီး ေဝဠုေက်ာ္ရဲ႕ေရွ႕ေနမွလည္း တရား႐ုံးတြင္ ႐ုံးကင္းလြတ္ခြင့္ကို တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။သူတို႔ဘက္က အမႈကိုအျမန္ၿပီးခ်င္တယ္လို႔ေျပာတယ္။ ႐ုံးကင္းလြတ္ခြင့္တင္တယ္။ ႐ုံးကိုအစကတည္းက မလာခ်င္ဘူးဆိုရင္ ေဝဠုေက်ာ္ကတရားခံျဖစ္တဲ့အတြက္ ဒီျပစ္မႈကိုမက်ဴးလြန္နဲ႕ေပါ့။ အဲဒါပဲေျပာခ်င္တာပါ။ သူ႕မွာလည္းလူမႈေရးရွိသလို က်မမွာလည္းရွိတယ္။ က်မတို႔က ပိုဆိုးပါတယ္။ ဘဝသမားေတြပါ။ တေန႕လုပ္မွ တေန႕စားရတဲ့ဘဝ။ က်မေတာင္႐ုံးခ်ိန္းမွန္ေအာင္ တက္နိုင္ေသးတာပဲ။ ေရွ႕ေနတေယာက္အေနနဲ႕ မလုပ္သင့္ဘူး ထင္တယ္။ ဒီေလွ်ာက္လဲခ်က္ကိုပယ္ဖ်က္မွာပဲ” လို႔ သင္းသင္းကေျပာပါတယ္။

အသံဖိုင္ကေဝဠုေက်ာ္သြင္းခိုင္းလို႔ သြင္းထားခဲ့တာဟု သင္းသင္းေျပာ 3

တဖက္ကေရွ႕ေနရဲ႕ တရားခြင္မွာ မဆင္မျခင္ေျပာတဲ့စကားမ်ားေၾကာင့္ သင္းသင္းဘက္မွ တရား႐ုံးေျပာင္းဖို႔ အထိဆုံးျဖတ္ထားတယ္လို႔ သိရပါတယ္သင္းသင္းက တရားသူႀကီးကိုယုံတယ္။ သူ႕ရဲ႕သီလသမာဓိသိကၡာကိုယုံတယ္။ အမွန္တရားယုံတယ္။ အမွန္တရားအတြက္သြားတယ္။ တိုင္မယ္ဆိုရင္လည္း တဖက္ကေရွ႕ေနေၾကာင့္တိုင္မွာပဲ။ တဖက္ကေရွ႕ေနလည္းစကားကို ဆင္ျခင္ေျပာပါ။ တရားခြင္မွာဆင္ျခင္မေျပာလို႔ ဒီတိုင္းဆက္သြားမယ္ဆိုရင္ ႐ုံးေျပာင္းဖို႔အထိဆုံးျဖတ္ထားပါတယ္။ ႐ုံးေျပာင္းၿပီးရင္တိုင္မွာပါ” လို႔ သင္းသင္းကေျပာပါတယ္။အဆိုပါအမႈကိုေတာ့ အလွမယ္သင္းသင္းမွ ဇန္နဝါရီ ၈ရက္ေန႕ကစတင္တရားစြဲဆိုခဲ့တာျဖစ္ၿပီး ေဝဠုေက်ာ္ကေတာ့ ေငြက်ပ္ သိန္း၅၀ျဖင့္ အာမခံရယူကာ အမႈရင္ဆိုင္ေနဆဲျဖစ္ပါတယ္။ေနာက္တႀကိမ္႐ုံးခ်ိန္းကိုေတာ့ ဇြန္လ ၁၉ရက္ေန႕ကို ျပန္လည္ခ်ိန္းဆိုထားပါတယ္။TheIrrawaddyBurmeseNews

 

Unicode Version ျဖင့္ဖတ္ရန္

 

အသံဖိုင်ကဝေဠုကျော်သွင်းခိုင်းလို့ သွင်းထားခဲ့တာဟု သင်းသင်းပြော

ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုခံထားရတဲ့သရုပ်ဆောင်ဝေဠုကျော်နဲ့တရားလို သင်းသင်းတို့ ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့တပတ်က ဝေဠုကျော်တင်သွင်းခဲ့တယ်ဆိုတဲ့ အသံဖိုင်သက်သေတခုအကြောင်းက အများကြားမှာ ပြောစရာတခုအဖြစ် ပျံ့နှံ့နေပါတယ်။ ဒီလို အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သမီးရည်းစားအသံများပါဝင်တဲ့ အသံဖိုင်ကတော့ ဝေဠုကျော်က အသံသွင်းခဲ့တာကြောင့် သွင်းထားခဲ့တာဖြစ်တယ်လို့ သင်းသင်းကပြောပါတယ်။ဒီအသံဖိုင်က ဝေဠုကျော်သွင်းခိုင်းလို့သွင်းပါတယ်။ ဝေဠုကျော်မှာလည်း ဒီအသံဖိုင်ရှိပါတယ်။ ကိုယ်နဲ့သူနဲ့ ကြိုက်ခဲ့တုန်းက ချစ်သူရည်းစားလေ စပွန်ဆာထားနေတာမဟုတ်ဘူး။ ချစ်သူရည်းစားပြောတဲ့အတိုင်း လိုက်လုပ်ပေးခဲ့တာ အဲဒါမှားလို့လား။ ဒီမှာရှိတဲ့သူတွေလည်း ကိုယ့်လိုမိန်းကလေးမျိုးတွေ သမီးရည်းစားထားရင် သိလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါလေးပြောပြချင်တာပါ” လို့ တရားလိုဖြစ်သူ အလှမယ်သင်းသင်းကပြောပါတယ်။

မိန်းမတယာက်အနေနဲ့ အရှက်သိက္ခာအကျခံပြီး ကိုယ့်သဘောဆန္ဒနဲ့ အသံသွင်းထားမှာမဟုတ်ဘဲ ချစ်သူရည်းစား ဖြစ်ခဲ့တဲ့အချိန်ဖြစ်တာကြောင့် ပြောတာကို လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အသံဖိုင်က ဝေဠုကျော်ဖမ်းခိုင်းလို့ ဖမ်းတာ။ ဝေဠုကျော်ဆီမှာလည်းရှိတယ်။ သင်းသင်းဆီမှာလည်းရှိတယ်။ ကိုယ့်ထက်သိတတ်နားလည်တာတွေရှိလို့ ကျမရှေ့နေကိုအကုန်ပေးထားပြီးသား။ သူလိုအပ်လို့သူတင်တာလေ။ ကျမနဲ့ပတ်သက်ခဲ့စဉ်က ချစ်သူတယောက်အနေနဲ့ ဘာလုပ်ပါညာလုပ်ပါဆိုတော့ ကျမလုပ်မှာပေါ့။ ချစ်ကြိုက်နေတဲ့အချိန်လေ။ ဒါတောင်ဗီဒီယိုရိုက်ချင်တာလေ။ မြန်မာမိန်းကလေးတယောက်အနေနဲ့ရှက်လို့။ အဲဒီအသံဖိုင်လေးကိုခွင့်ပြုလိုက်တာ ” လို့ သင်းသင်းကပြောပါတယ်။

အဆိုပါ အသံဖိုင်ကိုတော့ ဝေဠုကျော်ဘက်မှ ပြီးခဲ့တဲ့ရုံးချိန်းမှာတင်သွင်းခဲ့တာဖြစ်ပြီး သင်းသင်းဘက်မှ ယနေ့ရုံးချိန်းတွင် လျှောက်လဲချက်တင်ခဲ့ပါတယ်။ယနေ့ဇွန်လ ၅ရက်နေ့ရုံးချိန်းကိုတော့ စွပ်စွဲခံသူ ဝေဠုကျော်ဘက်မှ ပျက်ကွက်ခဲ့ပြီး ဝေဠုကျော်ရဲ့ရှေ့နေမှလည်း တရားရုံးတွင် ရုံးကင်းလွတ်ခွင့်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။သူတို့ဘက်က အမှုကိုအမြန်ပြီးချင်တယ်လို့ပြောတယ်။ ရုံးကင်းလွတ်ခွင့်တင်တယ်။ ရုံးကိုအစကတည်းက မလာချင်ဘူးဆိုရင် ဝေဠုကျော်ကတရားခံဖြစ်တဲ့အတွက် ဒီပြစ်မှုကိုမကျူးလွန်နဲ့ပေါ့။ အဲဒါပဲပြောချင်တာပါ။ သူ့မှာလည်းလူမှုရေးရှိသလို ကျမမှာလည်းရှိတယ်။ ကျမတို့က ပိုဆိုးပါတယ်။ ဘဝသမားတွေပါ။ တနေ့လုပ်မှ တနေ့စားရတဲ့ဘဝ။ ကျမတောင်ရုံးချိန်းမှန်အောင် တက်နိုင်သေးတာပဲ။ ရှေ့နေတယောက်အနေနဲ့ မလုပ်သင့်ဘူး ထင်တယ်။ ဒီလျှောက်လဲချက်ကိုပယ်ဖျက်မှာပဲ” လို့ သင်းသင်းကပြောပါတယ်။

တဖက်ကရှေ့နေရဲ့ တရားခွင်မှာ မဆင်မခြင်ပြောတဲ့စကားများကြောင့် သင်းသင်းဘက်မှ တရားရုံးပြောင်းဖို့ အထိဆုံးဖြတ်ထားတယ်လို့ သိရပါတယ်သင်းသင်းက တရားသူကြီးကိုယုံတယ်။ သူ့ရဲ့သီလသမာဓိသိက္ခာကိုယုံတယ်။ အမှန်တရားယုံတယ်။ အမှန်တရားအတွက်သွားတယ်။ တိုင်မယ်ဆိုရင်လည်း တဖက်ကရှေ့နေကြောင့်တိုင်မှာပဲ။ တဖက်ကရှေ့နေလည်းစကားကို ဆင်ခြင်ပြောပါ။ တရားခွင်မှာဆင်ခြင်မပြောလို့ ဒီတိုင်းဆက်သွားမယ်ဆိုရင် ရုံးပြောင်းဖို့အထိဆုံးဖြတ်ထားပါတယ်။ ရုံးပြောင်းပြီးရင်တိုင်မှာပါ” လို့ သင်းသင်းကပြောပါတယ်။အဆိုပါအမှုကိုတော့ အလှမယ်သင်းသင်းမှ ဇန်နဝါရီ ၈ရက်နေ့ကစတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်ကတော့ ငွေကျပ် သိန်း၅၀ဖြင့် အာမခံရယူကာ အမှုရင်ဆိုင်နေဆဲဖြစ်ပါတယ်။နောက်တကြိမ်ရုံးချိန်းကိုတော့ ဇွန်လ ၁၉ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။TheIrrawaddyBurmeseNews

Be the first to comment

Leave a Reply

Your email address will not be published.


*