တရုတ္တြင္ အလုပ္ရမည္ဟု ေျပာျပီး တရုတ္မယား အျဖစ္ ေရာင္းခ်မႈ ျဖစ္ပြား

အလုပ္ရမည္ဟု ေျပာဆိုကာ တ႐ုတ္အမ်ိဳးသားထံ ေရာင္းခ်သူ (၂) ဦးအား အေရးယူထား

ေနျပည္ေတာ္၊ ဇြန္ ၄

ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၊ ကေလးသူငယ္ ေစာင့္ေရွာက္ေရးအဖြဲ႕ ပန္းတိုင္ရွင္ အရပ္ဘက္အဖြဲ႕မွ ဇြန္လ ၃ ရက္ေန႔ နံနက္ ၉ နာရီ အခ်ိန္တြင္ လူကုန္းကူးခံရသူ ဒဂုံေတာင္ၿမိဳ႕နယ္၊ (၂၂)ရပ္ကြက္ေန မ××××(၁၈)ႏွစ္အား ေမးျမန္းခဲ့သည္။

တရုတ္တြင္ အလုပ္ရမည္ဟု ေျပာျပီး တရုတ္မယား အျဖစ္ ေရာင္းခ်မႈ ျဖစ္ပြား 1

ျဖစ္စဥ္မွာ မ××××သည္ ေရႊျပည္သာၿမိဳ႕နယ္၊ သံဒင္းေစ်းအေဆာင္၌ ေနထိုင္စဥ္ မင္းဒႆ ေဖ႕ဘုတ္ အေကာင့္ျဖင့္ လူမႈကြန္ရက္ အသုံးျပဳသူ ေမွာ္ဘီၿမိဳ႕နယ္၊ ရိုးႀကီးေက်းရြာေန ေဇာ္သက္ေထြး(ခ) ခ်စ္ေထြး(ခ)နိုင္လင္း(၃၀)ႏွစ္ႏွင့္ ခင္မင္ရင္းႏွီးခဲ့ၿပီး

သံဒင္းေစ်း အနီးရွိ လက္ဖက္ရည္ဆိုင္ သို႔ေခၚကာ ေဒၚစန္းစန္းေဝ ဆိုသူႏွင့္ မိတ္ဆက္ေပးခဲ့ေၾကာင္း၊ ေဒၚစန္းစန္းေဝမွ ၎အား တ႐ုတ္နိုင္ငံ၊ ေရႊလီၿမိဳ႕ရွိ ေဟာ့ေပါ့ ဆိုင္တြင္ အလုပ္လုပ္ကိုင္ ပါက (၁)လလၽွင္ သုံးသိန္းခြဲ က်ပ္ရမည္၊

တရုတ္တြင္ အလုပ္ရမည္ဟု ေျပာျပီး တရုတ္မယား အျဖစ္ ေရာင္းခ်မႈ ျဖစ္ပြား 2

လုပ္ကိုင္လိုပါက မူဆယ္မွ ေစာင့္ေနမည္ဟု ေျပာဆိုခဲ့ေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၅ ရက္ေန႔ ညေန ၃ နာရီ အခ်ိန္တြင္ ခရီးသည္ တင္ကားျဖင့္ မူဆယ္ၿမိဳ႕သို႔ သြားေရာက္ခဲ့ရာ

ေနာက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ေရာက္ရွိခဲ့ေၾကာင္း၊ မူဆယ္မွ တစ္ဆင့္ တ႐ုတ္နိုင္ငံရွိ ေဒၚစန္းစန္းေဝ၏ ေနအိမ္သို႔ သြားေရာက္ခဲ့ၿပီး ေနာက္

ေဒၚစန္းစန္းေဝမွ တ႐ုတ္အမ်ိဳးသားႏွင့္ ယူရန္ ေျပာဆိုသျဖင့္ မ××××မွ မယူနိုင္ေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း ေဒၚစန္းစန္းေဝမွ ဖန႔္ေကြ ဆိုသူေနအိမ္ သို႔ ေခၚသြားခဲ့ကာ ဖန္ေကြ႕ထံမွ ေငြမ်ား လက္ခံရယူ ေနသည္ကို ျမင္ေတြ႕ရ ေၾကာင္း၊

မ××××မွ ဖန္ေကြ႕ဆိုသူႏွင့္ ေပါင္းသင္း ေနထိုင္ခဲ့ရာတြင္ ႏွိပ္စက္ခံ ေနရၿပီး ဖန္ေကြ႕ႏွင့္ အတူ ၿမိဳ႕ထဲသို႔ သြားေရာက္စဥ္ ကားေပၚမွ ခုန္ခ်ကာ ရဲစခန္းသို႔ တိုင္တန္းခဲ့ ေၾကာင္း၊

၂၀၁၉ ခုႏွစ္၊ ေမလ ၂၄ ရက္ေန႔တြင္ မူဆယ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးခဲ့ရာ ေမလ ၃၁ ရက္ေန႔ တြင္ ဒဂုံေတာင္ ၿမိဳ႕နယ္ရွိ မိဘမ်ားေနအိမ္သို႔ ေရာက္ရွိ ေၾကာင္း သိရွိရေသာေၾကာင့္

တရုတ္တြင္ အလုပ္ရမည္ဟု ေျပာျပီး တရုတ္မယား အျဖစ္ ေရာင္းခ်မႈ ျဖစ္ပြား 3

၎တို႔အား အေရးယူေပးရန္ တိုင္တန္းခ်က္အရ ေဇာ္သက္ေထြး (ခ) ခ်စ္ေထြး (ခ)နိုင္လင္းႏွင့္ ေဒၚစန္းစန္းေဝ တို႔အား ေရႊျပည္သာ ၿမိဳ႕မရဲစခန္း (ပ)၁၉၁၈/၂၀၁၉၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/၃၂ ျဖင့္ အေရး ယူထားေၾကာင္း သတင္းရရွိသည္။ ရဲဇာနည္

 

Unicode Version ျဖင့္ဖတ္ရန္

 

အလုပ်ရမည်ဟု ပြောဆိုကာ တရုတ်အမျိုးသားထံ ရောင်းချသူ (၂) ဦးအား အရေးယူထား

နေပြည်တော်၊ ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ ပန်းတိုင်ရှင် အရပ်ဘက်အဖွဲ့မှ ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် လူကုန်းကူးခံရသူ ဒဂုံတောင်မြို့နယ်၊ (၂၂)ရပ်ကွက်နေ မ××××(၁၈)နှစ်အား မေးမြန်းခဲ့သည်။

ဖြစ်စဉ်မှာ မ××××သည် ရွှေပြည်သာမြို့နယ်၊ သံဒင်းစျေးအဆောင်၌ နေထိုင်စဉ် မင်းဒဿ ဖေ့ဘုတ် အကောင့်ဖြင့် လူမှုကွန်ရက် အသုံးပြုသူ မှော်ဘီမြို့နယ်၊ ရိုးကြီးကျေးရွာနေ ဇော်သက်ထွေး(ခ) ချစ်ထွေး(ခ)နိုင်လင်း(၃၀)နှစ်နှင့် ခင်မင်ရင်းနှီးခဲ့ပြီး

သံဒင်းစျေး အနီးရှိ လက်ဖက်ရည်ဆိုင် သို့ခေါ်ကာ ဒေါ်စန်းစန်းဝေ ဆိုသူနှင့် မိတ်ဆက်ပေးခဲ့ကြောင်း၊ ဒေါ်စန်းစန်းဝေမှ ၎င်းအား တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ဟော့ပေါ့ ဆိုင်တွင် အလုပ်လုပ်ကိုင် ပါက (၁)လလျှင် သုံးသိန်းခွဲ ကျပ်ရမည်၊

လုပ်ကိုင်လိုပါက မူဆယ်မှ စောင့်နေမည်ဟု ပြောဆိုခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ခရီးသည် တင်ကားဖြင့် မူဆယ်မြို့သို့ သွားရောက်ခဲ့ရာ

နောက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်း၊ မူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံရှိ ဒေါ်စန်းစန်းဝေ၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး နောက်

ဒေါ်စန်းစန်းဝေမှ တရုတ်အမျိုးသားနှင့် ယူရန် ပြောဆိုသဖြင့် မ××××မှ မယူနိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ဒေါ်စန်းစန်းဝေမှ ဖန့်ကွေ ဆိုသူနေအိမ် သို့ ခေါ်သွားခဲ့ကာ ဖန်ကွေ့ထံမှ ငွေများ လက်ခံရယူ နေသည်ကို မြင်တွေ့ရ ကြောင်း၊

မ××××မှ ဖန်ကွေ့ဆိုသူနှင့် ပေါင်းသင်း နေထိုင်ခဲ့ရာတွင် နှိပ်စက်ခံ နေရပြီး ဖန်ကွေ့နှင့် အတူ မြို့ထဲသို့ သွားရောက်စဉ် ကားပေါ်မှ ခုန်ချကာ ရဲစခန်းသို့ တိုင်တန်းခဲ့ ကြောင်း၊

၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် မူဆယ်မြို့သို့ လွှဲပြောင်းပေးခဲ့ရာ မေလ ၃၁ ရက်နေ့ တွင် ဒဂုံတောင် မြို့နယ်ရှိ မိဘများနေအိမ်သို့ ရောက်ရှိ ကြောင်း သိရှိရသောကြောင့်

၎င်းတို့အား အရေးယူပေးရန် တိုင်တန်းချက်အရ ဇော်သက်ထွေး (ခ) ချစ်ထွေး (ခ)နိုင်လင်းနှင့် ဒေါ်စန်းစန်းဝေ တို့အား ရွှေပြည်သာ မြို့မရဲစခန်း (ပ)၁၉၁၈/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေး ယူထားကြောင်း သတင်းရရှိသည်။ ရဲဇာနည်