ေဒၚေအာင္ဆန္းစုၾကည္ကိုCharlesတကၠသိုလ္ကသမိုင္းဝင္ဆုတံဆိပ္ ဂုဏ္ျပဳခ်ီးျမႇင့္

ေဒၚေအာင္ဆန္းစုၾကည္ကိုCharlesတကၠသိုလ္ကသမိုင္းဝင္ဆုတံဆိပ္ ဂုဏ္ျပဳခ်ီးျမႇင့္

ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်က္သမၼတႏိုင္ငံရွိ Charles University ပါေမာကၡခ်ဳပ္က Historical Medal Charles University ဆုတံဆိပ္ ဂုဏ္ျပဳေပးအပ္လိုက္ပါတယ္။Charles University ကုိ ၁၃၄၈ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ဥေရာပအလယ္ပိုင္းမွာ ပထမဆုံး ဖြင့္လွစ္ခဲ့တဲ့ သမိုင္းဝင္တကၠသုိလ္တခုလည္း ျဖစ္ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ဟာ ဆုတံဆိပ္ လက္ခံယူခဲ့သလို Charles တကၠသိုလ္မွာ ပါေမာကၡခ်ဳပ္၊ ပါေမာကၡေတြ၊ ေက်ာင္းသား ေက်ာင္းသူေတြကိုလည္း “ဒီမိုကေရစီစနစ္သုိ႔ အသြင္ကူးေျပာင္းမႈတြင္ ႀကံဳေတြ႔ရေသာ စိန္ေခၚမႈမ်ား” ေခါင္းစဥ္နဲ႔ ေဟာေျပာပုိ႔ခ်ခဲ့ပါတယ္။

ေဟာေျပာပုိ႔ခ်ရာမွာ ျမန္မာႏိုင္ငံနဲ႔ ခ်က္ကိုဆလိုဗက္ကီးယားႏိုင္ငံတို႔အၾကား ဒီမိုကေရစီစနစ္သို႔ ကူးေျပာင္းဖို႔ စတင္တ့ဲကာလ တႏွစ္သာကြာေပမယ့္ ဆလိုေဗးကီးယားႏိုင္ငံမွာ ေသြးထြက္သံယိုမရွိဘဲ ႏူးညံ့သိမ္ေမြ႔စြာ ကူးေျပာင္းႏိုင္ခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံမွာ ၁၉၈၈ ခုႏွစ္က ျပဳျပင္ေျပာင္းလဲဖို႔ ျပည္သူေတြရဲ႕ ဆႏၵေဖာ္ထုတ္မႈေတြဟာ ခ်က္သမၼတႏိုင္ငံရဲ႕ ကတၱီပါေတာ္လွန္ေရးကဲ့သို႔ ႏူးညံ့သိမ္ေမြ႔မႈ မရွိခဲ့ေၾကာင္း ထည့္သြင္းေျပာသြားပါတယ္။ဒါ့အျပင္ ဒီမိုကေရစီစံႏႈန္းနဲ႔ ကိုက္ညီမႈမရွိတဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ေရးကိစၥ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥနဲ႔ ရခိုင္အေရးကိစၥေတြနဲ႔ ပတ္သက္တဲ့ စိန္ေခၚမႈေတြနဲ႔ ေဆာင္ရြက္ခ်က္ေတြ အေၾကာင္းလည္း ေျပာၾကားသြားပါတယ္။

ရခိုင္ျပည္နယ္ဟာ ႏိုင္ငံတကာရဲ႕ အာ႐ုံစိုက္ရာ ျမန္မာႏိုင္ငံရဲ႕ တခုတည္းေသာကိစၥရပ္ ျဖစ္လာခဲ့ေၾကာင္း၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြနဲ႔ ရခိုင္အေရးကိစၥတို႔ဟာ ျမန္မာႏိုင္ငံ အသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ရဲ႕ အစိတ္အပိုင္းတခ်ိဳ႕သာ ျဖစ္ေပမယ့္ ႏိုင္ငံတကာက အာ႐ုံစိုက္ၿပီး အေလးေပး ေဖာ္ျပခံေနရေၾကာင္း၊ ဒါေပမယ့္ အသြင္ကူးေျပာင္းမႈမွ ျမန္မာျပည္သူေတြ ရရွိလိုတဲ့ ရာစုႏွစ္ဝက္ေက်ာ္ၾကာ ေမၽွာ္လင့္ခ်က္ေတြနဲ႔ လိုအင္ဆႏၵေတြကိုေတာ့ အေလးထားမႈ စိတ္ဝင္စားမႈ အလြန္နည္းပါးၾကတယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားပါတယ္။ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ဟာ ခ်က္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာ က်င္းပတဲ့ ျမန္မာ-ခ်က္ ႏွစ္ႏိုင္ငံ စီးပြားေရးဖိုရမ္ကို ခ်က္သမၼတႏိုင္ငံ ဝန္ႀကီးခ်ဳပ္ အန္ဒရီးဘားဘီစ္နဲ႔အတူ တက္ေရာက္ မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ခ်က္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔ဆုံၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ တုိးျမႇင့္ေရး၊ စီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ တုိးျမႇင့္ေရး၊ ပညာေရး၊ က်န္းမာေရးနဲ႔ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ အေတြ႔အႀကဳံေတြ အျပန္အလွန္ မွ်ေဝသြားေရး ကိစၥေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ အတိုင္ပင္ခံ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။ DVB

 

Unicode Version ျဖင့္ဖတ္ရန္

 

ဒေါ်အောင်ဆန်းစုကြည်ကိုCharlesတက္ကသိုလ်ကသမိုင်းဝင်ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတနိုင်ငံရှိ Charles University ပါမောက္ခချုပ်က Historical Medal Charles University ဆုတံဆိပ် ဂုဏ်ပြုပေးအပ်လိုက်ပါတယ်။Charles University ကို ၁၃၄၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဥရောပအလယ်ပိုင်းမှာ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ သမိုင်းဝင်တက္ကသိုလ်တခုလည်း ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုတံဆိပ် လက်ခံယူခဲ့သလို Charles တက္ကသိုလ်မှာ ပါမောက္ခချုပ်၊ ပါမောက္ခတွေ၊ ကျောင်းသား ကျောင်းသူတွေကိုလည်း “ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ ဟောပြောပို့ချခဲ့ပါတယ်။

ဟောပြောပို့ချရာမှာ မြန်မာနိုင်ငံနဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံတို့အကြား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းဖို့ စတင်တဲ့ကာလ တနှစ်သာကွာပေမယ့် ဆလိုဗေးကီးယားနိုင်ငံမှာ သွေးထွက်သံယိုမရှိဘဲ နူးညံ့သိမ်မွေ့စွာ ကူးပြောင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ပြုပြင်ပြောင်းလဲဖို့ ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ ချက်သမ္မတနိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးကဲ့သို့ နူးညံ့သိမ်မွေ့မှု မရှိခဲ့ကြောင်း ထည့်သွင်းပြောသွားပါတယ်။ဒါ့အပြင် ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ရခိုင်အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေနဲ့ ဆောင်ရွက်ချက်တွေ အကြောင်းလည်း ပြောကြားသွားပါတယ်။

ရခိုင်ပြည်နယ်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်ရာ မြန်မာနိုင်ငံရဲ့ တခုတည်းသောကိစ္စရပ် ဖြစ်လာခဲ့ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ရခိုင်အရေးကိစ္စတို့ဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတချို့သာ ဖြစ်ပေမယ့် နိုင်ငံတကာက အာရုံစိုက်ပြီး အလေးပေး ဖော်ပြခံနေရကြောင်း၊ ဒါပေမယ့် အသွင်ကူးပြောင်းမှုမှ မြန်မာပြည်သူတွေ ရရှိလိုတဲ့ ရာစုနှစ်ဝက်ကျော်ကြာ မျှော်လင့်ချက်တွေနဲ့ လိုအင်ဆန္ဒတွေကိုတော့ အလေးထားမှု စိတ်ဝင်စားမှု အလွန်နည်းပါးကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ချက်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ မြန်မာ-ချက် နှစ်နိုင်ငံ စီးပွားရေးဖိုရမ်ကို ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အန်ဒရီးဘားဘီစ်နဲ့အတူ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အတွေ့အကြုံတွေ အပြန်အလှန် မျှဝေသွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ DVB