ရန္ကုန္ျမိဳ႕တြင္းရိွ မီးခိုးထြက္သည့္ကားမ်ားကို ထိန္းသိမ္းသြားမည္

ရန္ကုန္ၿမိဳ႕မွာရိွေနတဲ့ မီးခိုးထြက္တဲ့ကားေတြကို လာမယ့္ႏွစ္ေတြမွာ ပတ္၀န္းက်င္ထိခိုက္မႈေလွ်ာ့ခ်ဖို႔ အတြက္ ထိန္းသိမ္းသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။ ရန္ကုန္တကၠသိုလ္ စိန္ရတုခန္းမမွာ ဇြန္(၅)ရက္က က်င္းပတဲ့ ကမာၻ႔ပတ္၀န္းက်င္ထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္ပဲြမွာ အခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရန္ကုန္ျမိဳ႕တြင္းရိွ မီးခိုးထြက္သည့္ကားမ်ားကို ထိန္းသိမ္းသြားမည္ 1

“Public Transport ကိစၥရပ္ေတြမွာလည္း သဘာ၀ပတ္၀န္းက်င္ကို ထိန္းသိမ္းႏိုင္ဖို႔ ၾကိဳးစားေနပါတယ္။ ကၽြန္ေတာ္တို႔ျမိဳ႕မွာရွိတဲ့ ေမာင္းႏွင္ေနတဲ႔ကားေတြထဲက မီးခိုးထြက္ေနတဲ့ကားေတြကို အမွန္အတိုင္း ေျပာရရင္ ထိန္းသိမ္းရမွာျဖစ္ပါတယ္။ အင္ဂ်င္က်ေနတဲ့၊ မီးခိုးထြက္ေနတဲ့ကားေတြ လမ္းမမွာေမာင္းလို႔ မရႏိုင္ပါဘူး။ ဒါေပမယ့္ တတ္ႏို္င္သေလာက္ လူထုရဲ႕စီးပြားေရးဖြံ႔ျဖိဳးတိုးတက္လာဖို႔ တခ်ိဳ႕အေျခအေန ေတြကို ထိန္းသိမ္းေဆာင္ရြက္ေနတာျဖစ္ပါတယ္။ လာမယ့္ႏွစ္ေတြအတြင္းမွာေတာ့ လမ္းမေပၚမွာ သြားေနတဲ့ကားေတြ မီးခိုးထြက္ေနလို႔ေတာ့ မရႏိုင္ေတာ့ဘူးလို႔ ေျပာရမွာျဖစ္ပါတယ္”လို႔ ဦးၿဖိဳးမင္းသိန္း ကေျပာပါတယ္။

ရန္ကုန္ျမိဳ႕တြင္းရိွ မီးခိုးထြက္သည့္ကားမ်ားကို ထိန္းသိမ္းသြားမည္ 2

ျမန္မာႏိုင္ငံဟာ ကမာၻေပၚရွိ ေလထုညစ္ညမ္းမႈအမ်ားဆံုး (၁၅)ႏုိင္ငံထဲမွာ ပါ၀င္ေနၿပီး ေလထုညစ္ညမ္းမႈ ေၾကာင့္ နွစ္စဥ္ လူေပါင္း(၂၂၀၀၀)ေက်ာ္ေသဆံုးေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႕ (WHO)က ထုတ္ျပန္ ထားပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသံအမတ္ကလည္း ရန္ကုန္တိုင္းအစိုးရအေနနဲ႕ ေမာ္ေတာ္ယာဥ္ မေလွ်ာ့ခ်ရင္ေတာင္ အရည္အေသြးျပည့္မီတဲ့ ဓာတ္ဆီ၊ ဒီဇယ္ဆီေတြကိုသာ အသံုးျပဳေစဖို႔ ေဆာင္ရြက္သင့္ တယ္လို႔ ဇြန္(၃)ရက္က Junction City မွာျပဳလုပ္ခဲ့တဲ့ ကမာၻ႔ပတ္၀န္းက်င္ထိန္းသိမ္းေရး အခမ္းအနားမွာ တိုက္တြန္းထားပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ လူဦးေရပိုမိုထူထပ္လာၿပီး ကားသံုးစဲြသူေတြ တိုးပြားလာတာ ေၾကာင့္ ပတ္၀န္းက်င္ကို ထိခိုက္လာေနတယ္လို႔ Clean Yangon က ျပန္ၾကားေရးတာ၀န္ခံ မလိႈင္ဇာလြင္က ေျပာပါတယ္။

ရန္ကုန္ျမိဳ႕တြင္းရိွ မီးခိုးထြက္သည့္ကားမ်ားကို ထိန္းသိမ္းသြားမည္ 3

ရန္ကုန္ျမိဳ႕တြင္းရိွ မီးခိုးထြက္သည့္ကားမ်ားကို ထိန္းသိမ္းသြားမည္ 4

ကမၻာေပၚမွာရိွတဲ့ ႏိုင္ငံေပါင္း (၁၉၃) ႏိုင္ငံအနက္ ျမန္မာႏိုင္ငံအပါအ၀င္ ႏိုင္ငံ(၉၀)ဟာ ေမာ္ေတာ္ယာဥ္က ထြက္တဲ့ အခိုးအေငြ႔ထုတ္လႊတ္မႈ စံခ်ိန္၊ စံညႊန္း သတ္မွတ္ထားတာမရိွေသးဘူးလို႔ သယံဇာတႏွင့္ သဘာ၀ ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ၾကီးဌာန ပတ္၀န္းက်င္ထိန္းသိမ္းေရး ဦးစီးဌာနက သိရပါတယ္။ သူရမင္းေစာဦး

 

Unicode Version ျဖင့္ဖတ္ရန္

 

ရန်ကုန်မြို့မှာရှိနေတဲ့ မီးခိုးထွက်တဲ့ကားတွေကို လာမယ့်နှစ်တွေမှာ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချဖို့ အတွက် ထိန်းသိမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဇွန်(၅)ရက်က ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

“Public Transport ကိစ္စရပ်တွေမှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့မြို့မှာရှိတဲ့ မောင်းနှင်နေတဲ့ကားတွေထဲက မီးခိုးထွက်နေတဲ့ကားတွေကို အမှန်အတိုင်း ပြောရရင် ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အင်ဂျင်ကျနေတဲ့၊ မီးခိုးထွက်နေတဲ့ကားတွေ လမ်းမမှာမောင်းလို့ မရနိုင်ပါဘူး။ ဒါပေမယ့် တတ်နို်င်သလောက် လူထုရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ တချို့အခြေအနေ တွေကို ထိန်းသိမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ လာမယ့်နှစ်တွေအတွင်းမှာတော့ လမ်းမပေါ်မှာ သွားနေတဲ့ကားတွေ မီးခိုးထွက်နေလို့တော့ မရနိုင်တော့ဘူးလို့ ပြောရမှာဖြစ်ပါတယ်”လို့ ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်ရှိ လေထုညစ်ညမ်းမှုအများဆုံး (၁၅)နိုင်ငံထဲမှာ ပါ၀င်နေပြီး လေထုညစ်ညမ်းမှု ကြောင့် နှစ်စဉ် လူပေါင်း(၂၂၀၀၀)ကျော်သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန် ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကလည်း ရန်ကုန်တိုင်းအစိုးရအနေနဲ့ မော်တော်ယာဉ် မလျှော့ချရင်တောင် အရည်အသွေးပြည့်မီတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကိုသာ အသုံးပြုစေဖို့ ဆောင်ရွက်သင့် တယ်လို့ ဇွန်(၃)ရက်က Junction City မှာပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အခမ်းအနားမှာ တိုက်တွန်းထားပါတယ်။ ရန်ကုန်မြို့မှာတော့ လူဦးရေပိုမိုထူထပ်လာပြီး ကားသုံးစွဲသူတွေ တိုးပွားလာတာ ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်လာနေတယ်လို့ Clean Yangon က ပြန်ကြားရေးတာဝန်ခံ မလှိုင်ဇာလွင်က ပြောပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း (၁၉၃) နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ(၉၀)ဟာ မော်တော်ယာဉ်က ထွက်တဲ့ အခိုးအငွေ့ထုတ်လွှတ်မှု စံချိန်၊ စံညွှန်း သတ်မှတ်ထားတာမရှိသေးဘူးလို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သိရပါတယ်။ သူရမင်းစောဦး