ေမာင္းတံဂိတ္ကို တိုက္၍ ေမာင္းႏွင္ေသာ ကားကို လိုက္လံ ဖမ္းဆီး ရာမွ ရဲ ယူနီေဖာင္း ႏွင့္ အသံုးအေဆာင္မ်ား သိမ္းဆည္းရရွိ

ေညာင္ေလးပင္ၿမိဳ႕နယ္၌ ေမာင္းႏွင္ ထြက္ေျပးသည့္ ေမာ္ေတာ္ယာဥ္ အား ဖမ္းဆီးရာမွ ရဲတပ္ဖြဲ႕ဝင္ ၁ ဦး ဒဏ္ရာ ရရွိ၍ ရဲတပ္ဖြဲ႕ ယူနီေဖာင္းအက်ႌ ၁ ထည္ႏွင့္ အသုံးအေဆာင္မ်ား သိမ္းဆည္းရမိမႈ

၂၀၁၉ခုႏွစ္၊ ဇြန္လ ၄ ရက္ေန႔ ၁၀၃၀ အခ်ိန္ ဒိုက္ဦးၿမိဳ႕၊ ဒရယ္မီးရပ္ကြက္ ရန္ကုန္-မႏၲေလး လမ္းေဟာင္း ေမာင္းတံဂိတ္ အား

ခ်စ္ထူးေအာင္ (ခ)ေနလင္းေက်ာ္(၃၁) ႏွစ္ ေမာင္းႏွင္သည့္ YGN 3F/xxxx နံပါတ္ပါ Honda Fit ယာဥ္ (လိုင္စင္မဲ့) သည္ ဝင္တိုက္ကာ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့သျဖင့္

ေမာင္းတံဂိတ္ကို တိုက္၍ ေမာင္းႏွင္ေသာ ကားကို လိုက္လံ ဖမ္းဆီး ရာမွ ရဲ ယူနီေဖာင္း ႏွင့္ အသံုးအေဆာင္မ်ား သိမ္းဆည္းရရွိ 1

ႁပြန္တန္ဆာနယ္ေျမ ရဲစခန္း တပ္ဖြဲ႕ဝင္မ်ားမွ လိုက္လံဖမ္းဆီးရာ ႁပြန္တန္ဆာၿမိဳ႕၊ ဇီးျဖဴဘုရား ေက်း႐ြာလမ္းရွိ တံတားထိပ္ အနီး လမ္းျပင္ေနသည့္ ေနရာတြင္ ဆက္လက္ ေမာင္းႏွင္၍ မရေသာေၾကာင့္ ဆင္း၍ ထြက္ေျပးခဲ့သည္။

ကားေပၚမွ ဆင္း၍ ထြက္ေျပးခဲ့ၿပီး ၎အား သိဂႌေက်း႐ြာအနီးရွိ လယ္ကြက္ အတြင္း၌ ရဲတပ္ဖြဲ႕မွ လုံးေထြး ဖမ္းဆီးစဥ္ ခ်စ္ထူးေအာင္ (ခ)ေနလင္းေက်ာ္မွ ၎ကိုင္ ေဆာင္ထားသည့္ ဓါးရွည္ ၂ ေခ်ာင္းျဖင့္ ျပန္လည္ ခုခံသျဖင့္

ရဲဒုတပ္ၾကပ္ ေအာင္ေအာင္(၃၂)ႏွစ္ တြင္ ယာလက္ေမာင္း ျပတ္ရွဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့ၿပီး ဖမ္းဆီး ရမိခဲ့ပါေၾကာင္း သိရသည္။

ေမာင္းတံဂိတ္ကို တိုက္၍ ေမာင္းႏွင္ေသာ ကားကို လိုက္လံ ဖမ္းဆီး ရာမွ ရဲ ယူနီေဖာင္း ႏွင့္ အသံုးအေဆာင္မ်ား သိမ္းဆည္းရရွိ 2

အဆိုပါေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕လက္ေမာင္း တံဆိပ္ႏွင့္ မ်ိဳးဦး အမည္ပါ ဒုရဲအုပ္ အဆင့္ ရဲယူနီေဖာင္း အက်ႌ ၁ ထည္၊

ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕တံဆိပ္ပါ လည္စည္း ၁ ခု၊ ရဲမိုးကာ ၁ ထည္၊ လည္ရွည္/တို ဖိနပ္ ၂ ရံ၊ လက္ထိပ္ ၁ ကြင္းတပ္ဆင္ထားသည့္ ခါးပတ္ႀကီး ၁ ခုႏွင့္

၎၏ ခႏၶာကိုယ္ေပၚမွ အရွည္ ၁၅ လက္မခန႔္ ဓါးဦးခြၽန္ ၂ ေခ်ာင္း၊ ဖုန္း ၂ လုံး၊ လက္စြပ္ ၁ ကြင္း၊ ေငြ ၂၅,၂၀၀ က်ပ္အား သိမ္းဆည္း ရမိခဲ့သည္။

ရဲဒုတပ္ၾကပ္ ေအာင္ေအာင္အား ႁပြန္တန္ဆာ တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ကာ ခ်စ္ထူးေအာင္ (ခ)ေနလင္းေက်ာ္(၃၁)ႏွစ္ အား စစ္ေမးရာ

ဇြန္လ ၃ ရက္ေန႔ ၀၈၀၀ အခ်ိန္ ျမဝတီၿမိဳ႕ (၁၃) ဂိတ္ကားႀကီးကြင္း၌ ၎ေမာင္းႏွင္လာသည့္ လိုင္စင္မဲ့ ယာဥ္အား ေတာင္ႀကီးၿမိဳ႕ ေနသူ ေက်ာ္မင္းႏိုင္က ပို႔ေဆာင္ခ က်ပ္ ၅ သိန္းျဖင့္ ေတာင္ႀကီးၿမိဳ႕သို႔ ပို႔ေဆာင္ ခိုင္း၍ ေမာင္းႏွင္ ခဲ့ေၾကာင္း၊

ယာဥ္ေပၚပါ ရဲဝတ္ ပစၥည္းမ်ားအား ဖမ္းဆီးခံ ရမွသာ ယာဥ္ေပၚတြင္ ပါရွိလာသည္ကို သိရွိ ခဲ့ေၾကာင္း သိရွိရ သျဖင့္ ၁၄၀၅ အခ်ိန္တြင္ ခ်စ္ထူးေအာင္ (ခ)ေနလင္းေက်ာ္ (၃၁)ႏွစ္အား

ေမာင္းတံဂိတ္ကို တိုက္၍ ေမာင္းႏွင္ေသာ ကားကို လိုက္လံ ဖမ္းဆီး ရာမွ ရဲ ယူနီေဖာင္း ႏွင့္ အသံုးအေဆာင္မ်ား သိမ္းဆည္းရရွိ 3

ႁပြန္တန္ဆာ နယ္ေျမ ရဲစခန္း(ပ)၈၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၂ ျဖင့္ လည္းေကာင္း၊ ၁၄၁၀ အခ်ိန္ တြင္ (ပ)၈၃/၂၀၁၉၊ လက္နက္ ဥပေဒပုဒ္မ ၁၉ (စ)ျဖင့္ လည္းေကာင္း အမႈဖြင့္ စစ္ေဆး လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။ ျပည္ထဲေရး

 

Unicode Version ျဖင့္ဖတ္ရန္

 

ညောင်လေးပင်မြို့နယ်၌ မောင်းနှင် ထွက်ပြေးသည့် မော်တော်ယာဉ် အား ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာ ရရှိ၍ ရဲတပ်ဖွဲ့ ယူနီဖောင်းအကျႌ ၁ ထည်နှင့် အသုံးအဆောင်များ သိမ်းဆည်းရမိမှု

၂၀၁၉ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ၁၀၃၀ အချိန် ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်း မောင်းတံဂိတ် အား

ချစ်ထူးအောင် (ခ)နေလင်းကျော်(၃၁) နှစ် မောင်းနှင်သည့် YGN 3F/xxxx နံပါတ်ပါ Honda Fit ယာဉ် (လိုင်စင်မဲ့) သည် ဝင်တိုက်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့်

ပြွန်တန်ဆာနယ်မြေ ရဲစခန်း တပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ပြွန်တန်ဆာမြို့၊ ဇီးဖြူဘုရား ကျေးရွာလမ်းရှိ တံတားထိပ် အနီး လမ်းပြင်နေသည့် နေရာတွင် ဆက်လက် မောင်းနှင်၍ မရသောကြောင့် ဆင်း၍ ထွက်ပြေးခဲ့သည်။

ကားပေါ်မှ ဆင်း၍ ထွက်ပြေးခဲ့ပြီး ၎င်းအား သိင်္ဂီကျေးရွာအနီးရှိ လယ်ကွက် အတွင်း၌ ရဲတပ်ဖွဲ့မှ လုံးထွေး ဖမ်းဆီးစဉ် ချစ်ထူးအောင် (ခ)နေလင်းကျော်မှ ၎င်းကိုင် ဆောင်ထားသည့် ဓါးရှည် ၂ ချောင်းဖြင့် ပြန်လည် ခုခံသဖြင့်

ရဲဒုတပ်ကြပ် အောင်အောင်(၃၂)နှစ် တွင် ယာလက်မောင်း ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ဖမ်းဆီး ရမိခဲ့ပါကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်အား စစ်ဆေးရာ ကရင်ပြည်နယ် ရဲတပ်ဖွဲ့လက်မောင်း တံဆိပ်နှင့် မျိုးဦး အမည်ပါ ဒုရဲအုပ် အဆင့် ရဲယူနီဖောင်း အကျႌ ၁ ထည်၊

ကရင်ပြည်နယ် ရဲတပ်ဖွဲ့တံဆိပ်ပါ လည်စည်း ၁ ခု၊ ရဲမိုးကာ ၁ ထည်၊ လည်ရှည်/တို ဖိနပ် ၂ ရံ၊ လက်ထိပ် ၁ ကွင်းတပ်ဆင်ထားသည့် ခါးပတ်ကြီး ၁ ခုနှင့်

၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရှည် ၁၅ လက်မခန့် ဓါးဦးချွန် ၂ ချောင်း၊ ဖုန်း ၂ လုံး၊ လက်စွပ် ၁ ကွင်း၊ ငွေ ၂၅,၂၀၀ ကျပ်အား သိမ်းဆည်း ရမိခဲ့သည်။

ရဲဒုတပ်ကြပ် အောင်အောင်အား ပြွန်တန်ဆာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ချစ်ထူးအောင် (ခ)နေလင်းကျော်(၃၁)နှစ် အား စစ်မေးရာ

ဇွန်လ ၃ ရက်နေ့ ၀၈၀၀ အချိန် မြဝတီမြို့ (၁၃) ဂိတ်ကားကြီးကွင်း၌ ၎င်းမောင်းနှင်လာသည့် လိုင်စင်မဲ့ ယာဉ်အား တောင်ကြီးမြို့ နေသူ ကျော်မင်းနိုင်က ပို့ဆောင်ခ ကျပ် ၅ သိန်းဖြင့် တောင်ကြီးမြို့သို့ ပို့ဆောင် ခိုင်း၍ မောင်းနှင် ခဲ့ကြောင်း၊

ယာဉ်ပေါ်ပါ ရဲဝတ် ပစ္စည်းများအား ဖမ်းဆီးခံ ရမှသာ ယာဉ်ပေါ်တွင် ပါရှိလာသည်ကို သိရှိ ခဲ့ကြောင်း သိရှိရ သဖြင့် ၁၄၀၅ အချိန်တွင် ချစ်ထူးအောင် (ခ)နေလင်းကျော် (၃၁)နှစ်အား

ပြွန်တန်ဆာ နယ်မြေ ရဲစခန်း(ပ)၈၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂ ဖြင့် လည်းကောင်း၊ ၁၄၁၀ အချိန် တွင် (ပ)၈၃/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ ပြည်ထဲရေး