ငါ့သေရာက္ၿမိဳ့ကုလားတဲေက်းရြာတြင္ အိမ္းဝန္းၿခံစည္းရိုးကိစၥ အျငင္းပြားရာမွ လူသတ္မွုျဖစ္ပြား

ေညာင္ဦး ဇြန္ ၅
မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ့နယ္ ငါ့သေရာက္ၿမိဳ့ ကုလားတဲေက်းရြာတြင္ ဇြန္ ၅ ရက္ ယေန႔ နံနက္ ၆ နာရီက အိမ္ဝန္းၿခံစည္းရိုးကိစၥႏွင့္ ပတ္သက္ၿပီး အျငင္းပြားရာမွ ခိုက္ရန္ျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ေသဆုံးမွုျဖစ္ပြားခဲ့ေၾကာင္း ေညာင္ဦးခရိုင္ ရဲတပ္ဖြဲ႕မွူး႐ုံးမွ သိရသည္။

ျဖစ္စဥ္မွာ ဇြန္ ၅ ရက္ ယေန႔ နံနက္ ၆ နာရီက ေညာင္ဦးၿမိဳ့နယ္ ငါ့သေရာက္ၿမိဳ့၊ ကုလားတဲေက်းရြာေန ဦးေရႊစိုးအား အိမ္နီးခ်င္း ျဖစ္သူ ဦးခ်စ္ဝင္း က အိမ္ဝန္းၿခံစည္းရိုးကိစၥႏွင့္ပတ္သက္ၿပီး အျငင္းပြားရာမွ တစ္ဆင့္ တူရြင္းငန္းျပားျဖင့္ ရိုက္ႏွက္ရာ ဦးေရႊစိုး တြင္ ဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါ လူေသဆုံးမွုႏွင့္ ပတ္သက္၍ ေသဆုံးသူ၏သားျဖစ္သူ ဦးဟန္ျမင့္က တရားလိုျပဳ လုပ္ တိုင္းတန္းသျဖင့္ ငါ့သေရာက္ နယ္ေျမရဲစခန္းမွ တရားခံ ဦးခ်စ္ဝင္း အား အမွုဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။ ရဲဝင္းနိုင္ (ေညာင္ဦး)

 

Unicode Version ျဖင့္ဖတ္ရန္

 

ညောင်ဦး ဇွန် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကုလားတဲကျေးရွာတွင် ဇွန် ၅ ရက် ယနေ့ နံနက် ၆ နာရီက အိမ်ဝန်းခြံစည်းရိုးကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ ခိုက်ရန်ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၅ ရက် ယနေ့ နံနက် ၆ နာရီက ညောင်ဦးမြို့နယ် ငါ့သရောက်မြို့၊ ကုလားတဲကျေးရွာနေ ဦးရွှေစိုးအား အိမ်နီးချင်း ဖြစ်သူ ဦးချစ်ဝင်း က အိမ်ဝန်းခြံစည်းရိုးကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားရာမှ တစ်ဆင့် တူရွင်းငန်းပြားဖြင့် ရိုက်နှက်ရာ ဦးရွှေစိုး တွင် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏သားဖြစ်သူ ဦးဟန်မြင့်က တရားလိုပြု လုပ် တိုင်းတန်းသဖြင့် ငါ့သရောက် နယ်မြေရဲစခန်းမှ တရားခံ ဦးချစ်ဝင်း အား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)