ျမန္မာႏိုင္ငံက ေက်ာင္းသူ ေက်ာင္းသားေတြအတြက္ စက္ဘီးအစီးေရ (၁၀၀၀၀)လႉဒါန္းမဲ့ Lesswalk

စကာၤပူနဲ႔ မေလးရွားႏုိင္ငံတို႔မွာ လုပ္ငန္းဖ်က္သိမ္္းလုိက္တဲ႔ စက္ဘီး အငွား ကုမၸဏီေတြ ျဖစ္တဲ႔ ofo နဲ႔ oBike တို႔က စက္ဘီး အစီးေရ ၁ ေသာင္းကို ျမန္မာႏုိင္ငံက လိုအပ္ေနတဲ႔ ေက်ာင္းသားေတြကို လွဴဒါန္းဖို႔ ျမန္မာ အကူအညီေပးေရး အဖြဲ႔ ျဖစ္တဲ႔ Lesswalk က ၀ယ္ယူလိုက္ပါတယ္။

ျမန္မာႏိုင္ငံက ေက်ာင္းသူ ေက်ာင္းသားေတြအတြက္ စက္ဘီးအစီးေရ (၁၀၀၀၀)လႉဒါန္းမဲ့ Lesswalk 1

ဒီစက္ဘီးေတြကိုေတာ့ ခ်ိဳ႕တဲ႔တဲ႔ မိသားစုေတြ၊ ၁ မိုင္ေက်ာ္ေက်ာ္ ေျခလ်င္ေလွ်ာက္ ေက်ာင္းတက္ေနရသူေတြကို အခမဲ႔ ျဖန္႔ေ၀မယ္လို႔လည္း Lesswalk တည္ေထာင္သူ Mike Than Tun Win က သူ႔ရဲ႕ ၀က္ဘ္ဆိုက္မွာ ေရးထားပါတယ္။ စက္ဘီးေတြ ၀ယ္ယူ၊ ျပင္ဆင္ သယ္ေဆာင္ရတဲ႔ စာရိတ္ စုစုေပါင္းက အေမရိကန္ ေဒၚလာ ၃ သိန္းခြဲကေန ၄ သိန္းေလာက္ ကုန္က်ၿပီး ကုန္က်စာရိတ္ ထက္၀က္ကိုေတာ့ စပြန္ဆာေပးသူေတြက ေပးေခ်မယ္လို႔ ခန္႔မွန္းရၿပီး က်န္တာကိုေတာ့ Lesswalk က က်ခံမယ္ဆိုၿပီးလည္း စကာၤပူ Straits Times က ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံက ေက်ာင္းသူ ေက်ာင္းသားေတြအတြက္ စက္ဘီးအစီးေရ (၁၀၀၀၀)လႉဒါန္းမဲ့ Lesswalk 2

လက္ရွိမွာ စက္ဘီး ၃ ေထာင္ေလာက္ သေဘာၤနဲ႔ ေရာက္ရွိလာၿပီး က်န္တာေတြကေတာ့ ဇြန္လကုန္ေလာက္မွာ ေရာက္မယ္လို႔ ခန္႔မွန္းထားၿပီး ၂၀၁၉ ခုႏွစ္ အကုန္မွာ အားလံုးကို ေပးအပ္မွာ ျဖစ္ပါတယ္။ စက္ဘီး အငွားလုပ္ငန္းေတြ ျဖစ္တဲ႔ ofo နဲ႔ oBike တို႔က လုပ္ငန္းနားလိုက္ၿပီးေနာက္မွာေတာ့ လုပ္ငန္းကေန ေငြျပန္ေဖာ္ဖို႔ အတြက္ စက္ဘီး အေတာ္မ်ားမ်ားကို သံတိုသံစ အျဖစ္ ေရာင္းခ်ခဲ႔တာပါ။ ဒီစက္ဘီးေတြကိုေတာ့ စကာၤပူက စက္ဘီးအငွားလုပ္ငန္းျဖစ္တဲ႔ Anywheel က ၾကားလူ အျဖစ္နဲ႔ ကူညီ ၀ယ္ယူေပးခဲ႔တာပါ။ VOA

 

Unicode Version ျဖင့္ဖတ္ရန္

 

စကာင်္ပူနဲ့ မလေးရှားနိုင်ငံတို့မှာ လုပ်ငန်းဖျက်သိမ််းလိုက်တဲ့ စက်ဘီး အငှား ကုမ္ပဏီတွေ ဖြစ်တဲ့ ofo နဲ့ oBike တို့က စက်ဘီး အစီးရေ ၁ သောင်းကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ကျောင်းသားတွေကို လှူဒါန်းဖို့ မြန်မာ အကူအညီပေးရေး အဖွဲ့ ဖြစ်တဲ့ Lesswalk က ၀ယ်ယူလိုက်ပါတယ်။

ဒီစက်ဘီးတွေကိုတော့ ချို့တဲ့တဲ့ မိသားစုတွေ၊ ၁ မိုင်ကျော်ကျော် ခြေလျင်လျှောက် ကျောင်းတက်နေရသူတွေကို အခမဲ့ ဖြန့်ဝေမယ်လို့လည်း Lesswalk တည်ထောင်သူ Mike Than Tun Win က သူ့ရဲ့ ၀က်ဘ်ဆိုက်မှာ ရေးထားပါတယ်။ စက်ဘီးတွေ ၀ယ်ယူ၊ ပြင်ဆင် သယ်ဆောင်ရတဲ့ စာရိတ် စုစုပေါင်းက အမေရိကန် ဒေါ်လာ ၃ သိန်းခွဲကနေ ၄ သိန်းလောက် ကုန်ကျပြီး ကုန်ကျစာရိတ် ထက်ဝက်ကိုတော့ စပွန်ဆာပေးသူတွေက ပေးချေမယ်လို့ ခန့်မှန်းရပြီး ကျန်တာကိုတော့ Lesswalk က ကျခံမယ်ဆိုပြီးလည်း စကာင်္ပူ Straits Times က ဖော်ပြပါတယ်။

လက်ရှိမှာ စက်ဘီး ၃ ထောင်လောက် သဘောင်္နဲ့ ရောက်ရှိလာပြီး ကျန်တာတွေကတော့ ဇွန်လကုန်လောက်မှာ ရောက်မယ်လို့ ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် အကုန်မှာ အားလုံးကို ပေးအပ်မှာ ဖြစ်ပါတယ်။ စက်ဘီး အငှားလုပ်ငန်းတွေ ဖြစ်တဲ့ ofo နဲ့ oBike တို့က လုပ်ငန်းနားလိုက်ပြီးနောက်မှာတော့ လုပ်ငန်းကနေ ငွေပြန်ဖော်ဖို့ အတွက် စက်ဘီး အတော်များများကို သံတိုသံစ အဖြစ် ရောင်းချခဲ့တာပါ။ ဒီစက်ဘီးတွေကိုတော့ စကာင်္ပူက စက်ဘီးအငှားလုပ်ငန်းဖြစ်တဲ့ Anywheel က ကြားလူ အဖြစ်နဲ့ ကူညီ ၀ယ်ယူပေးခဲ့တာပါ။ VOA