ခင္ဦးၿမိဳ႕နယ္၌ ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ႏွစ္ဦးေသ တစ္ဦးဒဏ္ရာရ

ခင္ဦး (ဇြန္-၅)

စစ္ကုိင္းတုိင္းေဒသႀကီး၊ ေရႊဘုိခရုိင္၊ ခင္ဦးၿမိဳ႕နယ္၌ ဇြန္ (၄)ရက္ေန႔ ညေန (၆)နာရီခြဲက ဆုိင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုက္တိုက္မိရာမွ လူႏွစ္ဦးေသဆုံး၍ တစ္ဦးျပင္းထန္ဒဏ္ရာရရွိသြားေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္ ေရႊဘို-ျမစ္ႀကီးနား(ျပည္ေထာင္စု) ကားလမ္းမႀကီးေပၚ၌ မိုင္တိုင္အမွတ္ ၁၄/၆ အနီးတြင္ ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မႈျဖစ္ပြားေၾကာင္း သတင္းအရ ကုန္းႀကီးရဲကင္းစခန္းမွဴး ဒုရဲအုပ္ထြန္းလင္း ႏွင့္ တပ္ဖြဲ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးရာ ေရႊဘိုဘက္မွ ျမစ္ႀကီးနားဘက္သို႔ နံပါတ္မပါ KENBO CZI 125 အနက္ေရာင္ဆိုက္ကယ္ ေမာင္းႏွင္လာေသာ ဖိုးလျပည့္ ၂၃ ႏွစ္ (ဘ)ဦးသက္ေနာင္ မဂၤလာက်ဳံးေတာ္ရပ္ကြက္၊ ေရႊဘိုၿမိဳ႕ေနသူ ႏွင့္ ျမစ္ႀကီးနားဘက္မွ ေရႊဘိုဘက္သို႔ ယာဥ္အမွတ္- ၂၂ယ/၇၇၃၂ YESANBO 125 အနက္ေရာင္ဆိုင္ကယ္ ေမာင္းႏွင္လာေသာ

ခင္ဦးၿမိဳ႕နယ္၌ ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ႏွစ္ဦးေသ တစ္ဦးဒဏ္ရာရ 1

အမည္မသိ အမ်ိဳးသား(စံုစမ္းဆဲ) ႏွင့္ ယာဥ္ေနာက္တြင္ လိုက္ပါစီးနင္းလာေသာ ရန္ေအး ၂၈ ႏွစ္ (ဘ)ဦးသိန္း၀င္း ေက်ာက္ဆည္ကန္ေက်းရြာ၊ ကန္႔ဘလူၿမိဳ႔နယ္ေနသူတို႔ ဆိုင္ကယ္ႏွစ္စီးမွာ ခင္ဦးၿမိဳ႕နယ္ ေရႊဘို-ျမစ္ႀကီးနား(ျပည္ေထာင္စု) ကားလမ္းမႀကီး မိုင္တိုင္အမွတ္ ၁၄/၆ အနီး လမ္းအလယ္တြင္ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ ဆိုင္ကယ္ေမာင္းႏွင္သူမ်ားမွာ ဖိုးလျပည့္ ၂၃ ႏွစ္မွာ ဦးေခါင္းေနာက္ေစ့ ကြဲအက္ဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္ဒဏ္ရာ၊ ၀ဲဒူးေခါင္းေပါက္ၿပဲဒဏ္ရာႏွင့္

အမည္မသိအမ်ိဳးသားတစ္ဦးမွာ ဦးေခါင္းကြဲေၾကဒဏ္ရာ၊ ဦးေႏွာက္ထြက္၊ ၀ဲဒူးဆုတ္ၿပဲဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္ဒဏ္ရာ တို႔ျဖင့္ ေနရာတြင္ ေသဆံုးေနၿပီး၊ ယာဥ္ေနာက္မွလိုက္ပါလာေသာ ရန္ေအး ၂၈ ႏွစ္မွာ ၀ဲေျခသလံုးအရိုးက်ိဳးဒဏ္ရာ၊ ယာလက္ဖ်ံပြန္းပဲဒဏ္ရာမ်ား ရရွိထားသျဖင့္ ျမတ္သီရိနာေရးကူညီမႈအသင္းကားျဖင့္ ခင္ဦးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသလ်က္ရွိေၾကာင္း သိရသည္။

ခင္ဦးၿမိဳ႕နယ္၌ ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ႏွစ္ဦးေသ တစ္ဦးဒဏ္ရာရ 2

၎ျဖစ္စဥ္ႏွင့္ပါတ္သက္၍ ခင္ဦးၿမိဳ႕မရဲစခန္းမွ ယာဥ္(ပ) ၁၁/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၃၇/၃၃၈/၃၀၄-က ျဖင့္ ဖိုးလျပည့္ ၂၃ ႏွစ္ ႏွင့္ အမည္မသိအမ်ိဳးသားတစ္ဦး (စံုစမ္းဆဲ) တိုႏွစ္ဦးအား အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ ထားေၾကာင္း သိရသည္။….Chit Sann…..

 

Unicode Version ျဖင့္ဖတ္ရန္

 

ခင်ဦး (ဇွန်-၅)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ဇွန် (၄)ရက်နေ့ ညနေ (၆)နာရီခွဲက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုက်တိုက်မိရာမှ လူနှစ်ဦးသေဆုံး၍ တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား(ပြည်ထောင်စု) ကားလမ်းမကြီးပေါ်၌ မိုင်တိုင်အမှတ် ၁၄/၆ အနီးတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကုန်းကြီးရဲကင်းစခန်းမှူး ဒုရဲအုပ်ထွန်းလင်း နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ရွှေဘိုဘက်မှ မြစ်ကြီးနားဘက်သို့ နံပါတ်မပါ KENBO CZI 125 အနက်ရောင်ဆိုက်ကယ် မောင်းနှင်လာသော ဖိုးလပြည့် ၂၃ နှစ် (ဘ)ဦးသက်နောင် မင်္ဂလာကျုံးတော်ရပ်ကွက်၊ ရွှေဘိုမြို့နေသူ နှင့် မြစ်ကြီးနားဘက်မှ ရွှေဘိုဘက်သို့ ယာဉ်အမှတ်- ၂၂ယ/၇၇၃၂ YESANBO 125 အနက်ရောင်ဆိုင်ကယ် မောင်းနှင်လာသော

ခင္ဦးၿမိဳ႕နယ္၌ ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ႏွစ္ဦးေသ တစ္ဦးဒဏ္ရာရ 1

အမည်မသိ အမျိုးသား(စုံစမ်းဆဲ) နှင့် ယာဉ်နောက်တွင် လိုက်ပါစီးနင်းလာသော ရန်အေး ၂၈ နှစ် (ဘ)ဦးသိန်းဝင်း ကျောက်ဆည်ကန်ကျေးရွာ၊ ကန့်ဘလူမြို့နယ်နေသူတို့ ဆိုင်ကယ်နှစ်စီးမှာ ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား(ပြည်ထောင်စု) ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၄/၆ အနီး လမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူများမှာ ဖိုးလပြည့် ၂၃ နှစ်မှာ ဦးခေါင်းနောက်စေ့ ကွဲအက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ၀ဲဒူးခေါင်းပေါက်ပြဲဒဏ်ရာနှင့်

အမည်မသိအမျိုးသားတစ်ဦးမှာ ဦးခေါင်းကွဲကြေဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲဒူးဆုတ်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ တို့ဖြင့် နေရာတွင် သေဆုံးနေပြီး၊ ယာဉ်နောက်မှလိုက်ပါလာသော ရန်အေး ၂၈ နှစ်မှာ ၀ဲခြေသလုံးအရိုးကျိုးဒဏ်ရာ၊ ယာလက်ဖျံပွန်းပဲဒဏ်ရာများ ရရှိထားသဖြင့် မြတ်သီရိနာရေးကူညီမှုအသင်းကားဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

ခင္ဦးၿမိဳ႕နယ္၌ ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ႏွစ္ဦးေသ တစ္ဦးဒဏ္ရာရ 2

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ ခင်ဦးမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၁/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၃၇/၃၃၈/၃၀၄-က ဖြင့် ဖိုးလပြည့် ၂၃ နှစ် နှင့် အမည်မသိအမျိုးသားတစ်ဦး (စုံစမ်းဆဲ) တိုနှစ်ဦးအား အမှုဖွင့် စစ်ဆေးဆောင်ရွက် ထားကြောင်း သိရသည်။….Chit Sann…..