ပလက္ဝေဒသခံမ်ား၏ ဆန္အိတ္ ၁၀၀ ေက်ာ္ကို AA အဖြဲ႕လုယူသြား

ပလက္ဝေဒသခံမ်ား၏ ဆန္အိတ္ ၁၀၀ ေက်ာ္ကို AA အဖြဲ႕လုယူသြား

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ကုလားတန္ျမစ္ေၾကာင္းတြင္ ေျပးဆြဲေနေသာ စက္ေလွ ၂ စီးကို တားဆီးၿပီး ဆန္အိတ္၁၀၀ ေက်ာ္ အပါအဝင္ စားနပ္ရိကၡာမ်ားအား ရကၡိုင္စစ္တပ္(AA) က လုယူ သြားေၾကာင္း ကာယကံရွင္မ်ားက ေျပာသည္။ပလက္ဝၿမိဳ႕မွ ေတာင္ၿပိဳေက်း႐ြာသို႔ ေျပးဆြဲေသာ ကူးတို႔စက္ေလွႏွင့္ ဆန္အိတ္မ်ား သယ္ေဆာင္လာေသာ စက္ေလွတို႔ကို ပလက္ဝၿမိဳ႕၏ ၁၂ မိုင္အကြာရွိ ေလာင္းတင္ေက်း႐ြာႏွင့္ က်ီးေလေက်း႐ြာၾကားတြင္ ဇြန္ ၃ ရက္ေန႕ လုယူခံရျခင္းျဖစ္ေၾကာင္းသိရသည္။အဆိုပါ ျဖစ္စဥ္တြင္ ဆန္အိတ္ ၁၀၀ ေက်ာ္အပါအဝင္ ကုန္ပစၥည္းမ်ားကို ယူေဆာင္သြားၿပီး စက္ေလွ ေပၚပါသူ ၁၉ ဦးကိုပါ ဖမ္းဆီးသြားခဲ့ျခင္း ျဖစ္ၿပီး ထိုသူမ်ားကို ဇြန္ ၄ ရက္ေန႕ မနက္ပိုင္းတြင္ ျပန္လြတ္ေပးခဲ့ေၾကာင္း စက္ေလွေပၚပါသူမ်ားက ဆိုသည္။

ျပန္လႊတ္လာသူ တဦးက “လိုင္းစက္ေလွနဲ႕သြားတာ အဲလိုင္းစက္ေလွကို ခရာ မႈတ္ၿပီးေခၚတာ စစ္တပ္က လူေတြလို႔ ထင္တာ။ အဲနားေရာက္မွ သူတို႔ (AA) ျဖစ္ေနတာ သိရတယ္၊ နည္းနည္း ေတာ့ ေၾကာက္တာေပါ့၊ တခါမွလည္း မႀကဳံဖူးဘူးဆိုေတာ့။ အဲမွာ ကုန္စက္ေလွက ဆန္ေတြကိုလည္း သယ္ခိုင္းတယ္၊ အဲကုန္စက္ေလွကေန တဆင့္ ေတာထဲကို ဆန္ေတြ သယ္ခိုင္းတယ္၊ ဆန္၊ စားစရာေတြ၊ မုန႔္ ေတြ၊ အခ်ိဳရည္ေတြ၊ အရက္ပုလင္းေတြ၊ ဘီယာေတြေရာ အကုန္လုံးပါတယ္” ဟု ေျပာသည္။AA အဖြဲ႕သည္ ကုလားတန္ျမစ္ေၾကာင္း တေလ်ာက္ သြားလာေနေသာ စက္ေလွမ်ားကို တားဆီး၍ စစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး တျခားေသာ စက္ေလွေမာင္းသမားမ်ားကို ဝါးလုံးျဖင့္ ရိုက္ႏွက္မႈမ်ား ျပဳလုပ္သည္ကို ျမင္ေတြ႕ရ ေၾကာင္း ဖမ္းဆီးေခၚေဆာင္သြားၿပီး ျပန္လြတ္လာသူမ်ားက ဆိုသည္။

ျပန္လြတ္လာသူမ်ားက ၎တို႔ အသက္လုံၿခဳံေရး အတြက္ နာမည္ႏွင့္ ေနရပ္မ်ားကို မေဖာ္ျပရန္ ေတာင္းဆိုသည္။ျပန္လြတ္လာသူ တဦးက “တခါမွ မႀကဳံဖူးဘူးေလ နည္းနည္းေတာ့ ေၾကာက္တာေပါ့၊ လိုင္းေပၚမွာပဲ ေတြ႕ဖူး တာ အခုမွ လူကို ျမင္တာနဲ႕ ဘယ္လိုလဲမသိဘူး၊ ေၾကာက္လည္း ေၾကာက္တယ္၊ မေန႕က ညဆို ျပန္လြတ္မလား ဆိုၿပီးေတာ့ ထင္တာ မလြတ္ဘူး၊ အဲလိုင္းစက္ေလွေပၚမွာပဲ အိမ္ေနရတယ္။ ထမင္းေကြၽးတယ္၊ ဟင္းေတာ့ မေပးဘူး။ ဟြန္တာ စက္ေလွအေသးေလးေတြကို ေခၚတာ မၾကား လို႔လား မသိဘူး၊ ဝါးလုံးနဲ႕ ရိုက္တယ္” ဟု ေျပာသည္။

AA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္သုခကေတာ့ ကုလားတန္ျမစ္ေၾကာင္း တေလ်ာက္တြင္ မိမိတို႔အေန ျဖင့္ လုံၿခဳံေရးအရ စက္ေလွမ်ားကို ေခၚယူ စစ္ေဆးမႈမ်ားရွိေၾကာင္း၊ အရပ္သားမ်ား၏ ဆန္အိတ္မ်ားကို သိမ္း ဆည္းမႈ မရွိေၾကာင္း၊ ျမန္မာ့တပ္မေတာ္က အရပ္သားမ်ားကို အသုံးခ်ၿပီး ရိကၡာမ်ားသယ္ေဆာင္မႈမ်ား ရွိေန ျခင္းေၾကာင့္ ျမန္မာ့တပ္မေတာ္ႏွင့္ ဆက္ႏြယ္ပါက သိမ္းဆည္းမႈမ်ားရွိေၾကာင္း ဧရာဝတီသို႔ ဆိုသည္။ဦးခိုင္သုခ က “တခါတေလမွာ ျမန္မာ့တပ္မေတာ္ ဘက္ကေနၿပီးေတာ့

အရပ္သားေတြကို အကာအကြယ္ ယူၿပီးေတာ့မွ စစ္ေရး ျပင္ဆင္တာေတြလည္း ရွိေနတယ္၊ အဲမွာ အထူးသျဖင့္ေတာ့ ရိကၡာပစၥည္းေတြကို အရပ္သား စက္ေလွေတြ ကေနၿပီးေတာ့ ပို႔ေနတာေတြ ရွိတယ္၊ ဒီဟာေတြနဲ႕ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ဘက္ကေနၿပီးေတာ့ စိစစ္ၿပီး ေတြ႕ရွိရင္ေတာ့ ရန္သူပစၥည္းေတြဆိုရင္ေတာ့ ဒါသိမ္းဆည္းတာေတြရွိတယ္၊ အဲဒီမွာ ဆန္အိတ္ယူတယ္ မယူဘူး ဆိုတာ ကို ျပန္ၿပီးေတာ့ ေမးၾကည့္ရအုံးမယ္၊ ရန္သူကေန ပို႔ခိုင္းတဲ့ ပစၥည္းေတြဆိုလို႔ရွိရင္ေတာ့ သိမ္းသင့္ရင္ သိမ္းရမွာပဲ၊ အဲဒီမွာ အရပ္သား ပစၥည္းဆိုရင္ေတာ့ က်ေနာ္တို႔က သိမ္းစရာ အေၾကာင္းမရွိပါဘူး” ဟု ေျပာသည္။

AA ဘက္က ယင္းသို႔ ေျပာဆိုေနေသာ္လည္း ၎တို႔ ဖမ္းဆီးထိန္းသိမ္းခဲ့သည့္ ေဒသခံမ်ား အားလုံးကို အျပစ္မရွိ၍ပင္ လႊတ္ေပးခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္လည္း ဆန္အိတ္မ်ား၊ ဘီယာ၊ အခ်ိဳေရႏွင့္ အျခားစားေသာက္ ကုန္မ်ားကိုေတာ့ ျပန္မေပးဘဲယူထားလိုက္သည္။ဧရာဝတီက သီးျခားစုံစမ္းသိရွိခ်က္အရ ဖမ္းဆီးခံရၿပီး ျပန္လြတ္လာသည့္ ၁၉ ဦးမွာ ေဒသခံ ေတာင္သူမ်ား အမ်ားစု ျဖစ္ၿပီး ပညာေရး ဝန္ထမ္း တခ်ိဳ႕ ပါဝင္သည္ကို ေတြ႕ရသည္။AA အဖြဲ႕၏ စြပ္စြဲခ်က္မ်ားႏွင့္ ပတ္သက္ၿပီး တပ္မေတာ္က မိမိတို႔ ရိကၡာမ်ား မဟုတ္ေၾကာင္း၊ ပလက္ဝေဒသခံ မ်ား၏ ရိကၡာမ်ားသာျဖစ္ၿပီး မိမိတို႔အေနျဖင့္ ရိကၡာမ်ားကို လုံၿခဳံေရးအေစာင့္အေရွာက္ျဖင့္သာ သယ္ေလ့ရွိ ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဧရာဝတီသို႔ ေျပာသည္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က “မရွိပါဘူးဗ်ာ၊ က်ေနာ္တို႔က စၿပီးသြားလာကတည္းကိုက ရိကၡာကို သူ႕ဟာနဲ႕သူ ပါၿပီးသာပါ။ အဲဒါေတြက သူတို႔ ပုတ္ခတ္ၿပီး ေျပာတဲ့ဟာပါ။ က်ေနာ္တို႔လည္း သတင္းေတြတက္လာမွ သိရတာ၊ အဲသတင္းက ေမးျမန္းစုံစမ္းဆဲ သူက အမ်ားအားျဖင့္ကေတာ့ ပလက္ဝေဒသခံေတြ ပလက္ဝဘက္ကေန သယ္တဲ့ဟာေတြျဖစ္နိုင္ပါတယ္။ က်ေနာ္တို႔ သယ္တာကေတာ့ သူ႕ဟာနဲ႕သူရွိပါတယ္။

သူ႕နည္းစနစ္နဲ႕သူ ရွိပါတယ္။ က်ေနာ္တို႔ကေတာ့ မ်ားေသာ အားျဖင့္ကေတာ့ ေရလမ္း၊ ကုန္းလမ္းကေတာ့ မသုံးဘူး လုံၿခဳံတဲ့လမ္းေၾကာင္းကေန သယ္ေလ့ သယ္ထရွိတယ္။ သယ္ရင္လည္း က်ေနာ္တို႔က လုံၿခဳံေရး အေစာင့္အေရွာက္က ပါၿပီးသားဗ်ာ” ဟု ေျပာသည္။ပလက္ဝၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ တိုင္းမႉး၏ ပါမစ္ျဖင့္ ေက်း႐ြာအုပ္စု တအုပ္စုလွ်င္ တလကို ဆန္အိတ္ ၅၀ အိတ္စီသာ ဝယ္ယူ (သယ္ယူ) ခြင့္ရွိေၾကာင္း သတ္မွတ္ထားၿပီး ယခု AA က ယူေဆာင္ သြားေသာ ဆန္အိတ္ ၁၀၀ ေက်ာ္သည္ ေက်း႐ြာအုပ္စုမ်ား ခြဲတမ္းအရ ဝယ္ယူ၍ သြယ္ေဆာင္သြားေသာ ဆန္မ်ားျဖစ္ ေၾကာင္း စက္ေလွေပၚပါသူမ်ားက ဆိုၾကသည္။

ပလက္ဝၿမိဳ႕နယ္ရွိ အမည္မေဖာ္လိုသူ အစိုးရ အရာရွိတဦး က “ဆန္အိတ္ ၁၅၀ ရွိတယ္ AA ယူသြားတာ၊ အုပ္စု ခြဲတမ္းအရ ဆန္ေတြ အဲဒါေတြက။ အစိုးရ ေထာက္ပံ့တဲ့ ဆန္ေတြေတာ့ မဟုတ္ဘူး၊ က်ေနာ္တို႔က မိမိအစီအစဥ္ နဲ႕ ဆန္ေဝရတယ္၊ က်ေနာ္တို႔က ခြဲတမ္းနဲ႕ ဆန္ေဝရတယ္၊ ဆန္သယ္ယူခြင့္ကို ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးနဲ႕ တိုင္းမႉးရဲ႕ ပါမစ္နဲ႕ယူရတာေပါ့။ အဲမွာ ႐ြာသားေတြ စုၿပီးေတာ့ ဝယ္ထားတဲ့ဟာေတြေပါ့ အခု AA ယူသြားတဲ့ ဆန္အိတ္ေတြက” ဟု ေျပာသည္။

တပ္မေတာ္ႏွင့္ AA တို႔ၾကား ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း အပါအဝင္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေျမာက္ဦး၊ ပုဏၰကြၽန္း၊ မင္းျပား စသည့္ ၿမိဳ႕နယ္မ်ားအတြင္းမွာ ၂၀၁၈ ခုႏွစ္၊ နိုဝင္ဘာလမွ စတင္၍ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ရာ ယခုအခ်ိန္ထိပင္ ျဖစ္သည္။အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲေရွာင္ ၂၀၀၀ ေက်ာ္ရွိၿပီး ရခိုင္ျပည္နယ္အတြင္း တြင္ တိုက္ပြဲေရွာင္ ၃၀၀၀၀ ေက်ာ္ရွိေနသည္။ TheIrrawadyBurmese

 

Unicode Version ျဖင့္ဖတ္ရန္

 

ပလက်ဝဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော်ကို AA အဖွဲ့လုယူသွား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်းတွင် ပြေးဆွဲနေသော စက်လှေ ၂ စီးကို တားဆီးပြီး ဆန်အိတ်၁၀၀ ကျော် အပါအဝင် စားနပ်ရိက္ခာများအား ရက္ခိုင်စစ်တပ်(AA) က လုယူ သွားကြောင်း ကာယကံရှင်များက ပြောသည်။ပလက်ဝမြို့မှ တောင်ပြိုကျေးရွာသို့ ပြေးဆွဲသော ကူးတို့စက်လှေနှင့် ဆန်အိတ်များ သယ်ဆောင်လာသော စက်လှေတို့ကို ပလက်ဝမြို့၏ ၁၂ မိုင်အကွာရှိ လောင်းတင်ကျေးရွာနှင့် ကျီးလေကျေးရွာကြားတွင် ဇွန် ၃ ရက်နေ့ လုယူခံရခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ ဖြစ်စဉ်တွင် ဆန်အိတ် ၁၀၀ ကျော်အပါအဝင် ကုန်ပစ္စည်းများကို ယူဆောင်သွားပြီး စက်လှေ ပေါ်ပါသူ ၁၉ ဦးကိုပါ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး ထိုသူများကို ဇွန် ၄ ရက်နေ့ မနက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း စက်လှေပေါ်ပါသူများက ဆိုသည်။

ပြန်လွှတ်လာသူ တဦးက “လိုင်းစက်လှေနဲ့သွားတာ အဲလိုင်းစက်လှေကို ခရာ မှုတ်ပြီးခေါ်တာ စစ်တပ်က လူတွေလို့ ထင်တာ။ အဲနားရောက်မှ သူတို့ (AA) ဖြစ်နေတာ သိရတယ်၊ နည်းနည်း တော့ ကြောက်တာပေါ့၊ တခါမှလည်း မကြုံဖူးဘူးဆိုတော့။ အဲမှာ ကုန်စက်လှေက ဆန်တွေကိုလည်း သယ်ခိုင်းတယ်၊ အဲကုန်စက်လှေကနေ တဆင့် တောထဲကို ဆန်တွေ သယ်ခိုင်းတယ်၊ ဆန်၊ စားစရာတွေ၊ မုန့် တွေ၊ အချိုရည်တွေ၊ အရက်ပုလင်းတွေ၊ ဘီယာတွေရော အကုန်လုံးပါတယ်” ဟု ပြောသည်။AA အဖွဲ့သည် ကုလားတန်မြစ်ကြောင်း တလျောက် သွားလာနေသော စက်လှေများကို တားဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး တခြားသော စက်လှေမောင်းသမားများကို ဝါးလုံးဖြင့် ရိုက်နှက်မှုများ ပြုလုပ်သည်ကို မြင်တွေ့ရ ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွတ်လာသူများက ဆိုသည်။

ပြန်လွတ်လာသူများက ၎င်းတို့ အသက်လုံခြုံရေး အတွက် နာမည်နှင့် နေရပ်များကို မဖော်ပြရန် တောင်းဆိုသည်။ပြန်လွတ်လာသူ တဦးက “တခါမှ မကြုံဖူးဘူးလေ နည်းနည်းတော့ ကြောက်တာပေါ့၊ လိုင်းပေါ်မှာပဲ တွေ့ဖူး တာ အခုမှ လူကို မြင်တာနဲ့ ဘယ်လိုလဲမသိဘူး၊ ကြောက်လည်း ကြောက်တယ်၊ မနေ့က ညဆို ပြန်လွတ်မလား ဆိုပြီးတော့ ထင်တာ မလွတ်ဘူး၊ အဲလိုင်းစက်လှေပေါ်မှာပဲ အိမ်နေရတယ်။ ထမင်းကျွေးတယ်၊ ဟင်းတော့ မပေးဘူး။ ဟွန်တာ စက်လှေအသေးလေးတွေကို ခေါ်တာ မကြား လို့လား မသိဘူး၊ ဝါးလုံးနဲ့ ရိုက်တယ်” ဟု ပြောသည်။

AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ကုလားတန်မြစ်ကြောင်း တလျောက်တွင် မိမိတို့အနေ ဖြင့် လုံခြုံရေးအရ စက်လှေများကို ခေါ်ယူ စစ်ဆေးမှုများရှိကြောင်း၊ အရပ်သားများ၏ ဆန်အိတ်များကို သိမ်း ဆည်းမှု မရှိကြောင်း၊ မြန်မာ့တပ်မတော်က အရပ်သားများကို အသုံးချပြီး ရိက္ခာများသယ်ဆောင်မှုများ ရှိနေ ခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် ဆက်နွယ်ပါက သိမ်းဆည်းမှုများရှိကြောင်း ဧရာဝတီသို့ ဆိုသည်။ဦးခိုင်သုခ က “တခါတလေမှာ မြန်မာ့တပ်မတော် ဘက်ကနေပြီးတော့ အရပ်သားတွေကို အကာအကွယ် ယူပြီးတော့မှ စစ်ရေး ပြင်ဆင်တာတွေလည်း ရှိနေတယ်၊ အဲမှာ အထူးသဖြင့်တော့ ရိက္ခာပစ္စည်းတွေကို

အရပ်သား စက်လှေတွေ ကနေပြီးတော့ ပို့နေတာတွေ ရှိတယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘက်ကနေပြီးတော့ စိစစ်ပြီး တွေ့ရှိရင်တော့ ရန်သူပစ္စည်းတွေဆိုရင်တော့ ဒါသိမ်းဆည်းတာတွေရှိတယ်၊ အဲဒီမှာ ဆန်အိတ်ယူတယ် မယူဘူး ဆိုတာ ကို ပြန်ပြီးတော့ မေးကြည့်ရအုံးမယ်၊ ရန်သူကနေ ပို့ခိုင်းတဲ့ ပစ္စည်းတွေဆိုလို့ရှိရင်တော့ သိမ်းသင့်ရင် သိမ်းရမှာပဲ၊ အဲဒီမှာ အရပ်သား ပစ္စည်းဆိုရင်တော့ ကျနော်တို့က သိမ်းစရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။

AA ဘက်က ယင်းသို့ ပြောဆိုနေသော်လည်း ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဒေသခံများ အားလုံးကို အပြစ်မရှိ၍ပင် လွှတ်ပေးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဆန်အိတ်များ၊ ဘီယာ၊ အချိုရေနှင့် အခြားစားသောက် ကုန်များကိုတော့ ပြန်မပေးဘဲယူထားလိုက်သည်။ဧရာဝတီက သီးခြားစုံစမ်းသိရှိချက်အရ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ၁၉ ဦးမှာ ဒေသခံ တောင်သူများ အများစု ဖြစ်ပြီး ပညာရေး ဝန်ထမ်း တချို့ ပါဝင်သည်ကို တွေ့ရသည်။AA အဖွဲ့၏ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တပ်မတော်က မိမိတို့ ရိက္ခာများ မဟုတ်ကြောင်း၊ ပလက်ဝဒေသခံ များ၏ ရိက္ခာများသာဖြစ်ပြီး မိမိတို့အနေဖြင့် ရိက္ခာများကို လုံခြုံရေးအစောင့်အရှောက်ဖြင့်သာ သယ်လေ့ရှိ ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မရှိပါဘူးဗျာ၊ ကျနော်တို့က စပြီးသွားလာကတည်းကိုက ရိက္ခာကို သူ့ဟာနဲ့သူ ပါပြီးသာပါ။ အဲဒါတွေက သူတို့ ပုတ်ခတ်ပြီး ပြောတဲ့ဟာပါ။ ကျနော်တို့လည်း သတင်းတွေတက်လာမှ သိရတာ၊ အဲသတင်းက မေးမြန်းစုံစမ်းဆဲ သူက အများအားဖြင့်ကတော့ ပလက်ဝဒေသခံတွေ ပလက်ဝဘက်ကနေ သယ်တဲ့ဟာတွေဖြစ်နိုင်ပါတယ်။ ကျနော်တို့ သယ်တာကတော့ သူ့ဟာနဲ့သူရှိပါတယ်။ သူ့နည်းစနစ်နဲ့သူ ရှိပါတယ်။ ကျနော်တို့ကတော့ များသော အားဖြင့်ကတော့ ရေလမ်း၊ ကုန်းလမ်းကတော့ မသုံးဘူး လုံခြုံတဲ့လမ်းကြောင်းကနေ သယ်လေ့ သယ်ထရှိတယ်။

သယ်ရင်လည်း ကျနော်တို့က လုံခြုံရေး အစောင့်အရှောက်က ပါပြီးသားဗျာ” ဟု ပြောသည်။ပလက်ဝမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းမှူး၏ ပါမစ်ဖြင့် ကျေးရွာအုပ်စု တအုပ်စုလျှင် တလကို ဆန်အိတ် ၅၀ အိတ်စီသာ ဝယ်ယူ (သယ်ယူ) ခွင့်ရှိကြောင်း သတ်မှတ်ထားပြီး ယခု AA က ယူဆောင် သွားသော ဆန်အိတ် ၁၀၀ ကျော်သည် ကျေးရွာအုပ်စုများ ခွဲတမ်းအရ ဝယ်ယူ၍ သွယ်ဆောင်သွားသော ဆန်များဖြစ် ကြောင်း စက်လှေပေါ်ပါသူများက ဆိုကြသည်။

ပလက်ဝမြို့နယ်ရှိ အမည်မဖော်လိုသူ အစိုးရ အရာရှိတဦး က “ဆန်အိတ် ၁၅၀ ရှိတယ် AA ယူသွားတာ၊ အုပ်စု ခွဲတမ်းအရ ဆန်တွေ အဲဒါတွေက။ အစိုးရ ထောက်ပံ့တဲ့ ဆန်တွေတော့ မဟုတ်ဘူး၊ ကျနော်တို့က မိမိအစီအစဉ် နဲ့ ဆန်ဝေရတယ်၊ ကျနော်တို့က ခွဲတမ်းနဲ့ ဆန်ဝေရတယ်၊ ဆန်သယ်ယူခွင့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တိုင်းမှူးရဲ့ ပါမစ်နဲ့ယူရတာပေါ့။ အဲမှာ ရွာသားတွေ စုပြီးတော့ ဝယ်ထားတဲ့ဟာတွေပေါ့ အခု AA ယူသွားတဲ့ ဆန်အိတ်တွေက” ဟု ပြောသည်။

တပ်မတော်နှင့် AA တို့ကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အပါအဝင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဏကျွန်း၊ မင်းပြား စသည့် မြို့နယ်များအတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိပင် ဖြစ်သည်။အဆိုပါ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲရှောင် ၂၀၀၀ ကျော်ရှိပြီး ရခိုင်ပြည်နယ်အတွင်း တွင် တိုက်ပွဲရှောင် ၃၀၀၀၀ ကျော်ရှိနေသည်။ TheIrrawadyBurmese