မင္းျပားၿမိဳ႕နယ္တိုက္ပြဲအတြင္း အက်အဆံုးတခ်ိဳ႕ႏွင့္လက္နက္ဆံုးရႈံးမႈတခ်ိဳ႕ရွိဟု တပ္မေတာ္ဘက္မွ အတည္ျပဳ

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေသာတပ္မေတာ္ႏွင့္ AA တို႔၏တိုက္ပြဲအတြင္းတပ္ မေတာ္ဘက္မွ အက်အဆံုးတခ်ိဳ႕ႏွင့္ လက္နက္ဆံုးရႈံးမႈတခ်ိဳ႕ ရွိခဲ့သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက The Ladies News သို ့အတည္ ျပဳ ေျပာၾကားသည္။

ဇြန္လ ၂ရက္ေန႔က မင္းျပားၿမိဳ႕နယ္ ေရႊတမာေက်းရြာႏွင့္ ေအာင္တိုင္ရြာၾကားျဖစ္ပြားခဲ့ေသာ တိုက္ပြဲအတြင္း၌ တပ္မေတာ္ဘက္မွလက္နက္ငယ္ ၁၀လက္ခန္႔၊ RPG ဗံုးသီးမ်ားႏွင့္ စစ္အသံုးအေဆာင္ပစၥည္းတခ်ိဳ႕ကို သိမ္းဆည္းရမိသည္ဟု AA က ဇြန္ ၂ရက္တြင္ဓါတ္ပံုႏွင့္တကြထုတ္ျပန္ထားသည္။

မင္းျပားၿမိဳ႕နယ္တိုက္ပြဲအတြင္း အက်အဆံုးတခ်ိဳ႕ႏွင့္လက္နက္ဆံုးရႈံးမႈတခ်ိဳ႕ရွိဟု တပ္မေတာ္ဘက္မွ အတည္ျပဳ 1

အဆိုပါေဒသတြင္ ဇြန္လ ၂ရက္က ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ ေၾကာင္း၊ ထိခိုက္က်ဆံုးမႈတခ်ိဳ ့ႏွင့္ လက္နက္ဆံုးရႈံးမႈတခ်ိဳ႕ လည္းရွိခဲ့ေၾကာင္း သို႔ေသာ္အေရအတြက္မမ်ားေၾကာင္း၊ ထိခိုက္က်ဆံုးမႈမွာ ႏွစ္ဖက္စလံုးတြင္ရွိၿပီး AA ထုတ္ျပန္ထားသည့္ပံုမ်ားကိုမူ မၾကည့္ရေသးေၾကာင္းဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာၾကားသည္။

“ေရႊတမာေက်းရြာရဲ႕ ေတာင္ဘက္ေပါ့။ စပါးထားရဲ ့ေျမာက္ ဘက္မွာ အဲဒီေန႔တုန္းက ထိေတြ႕မႈေတြရွိတယ္။ ရြာနဲ႔ေတာ့ နည္းနည္းေဝးတယ္။ အဲဒီမွာေတာ့ တက္မေတာ္ဘက္က ထိခိုက္ဒဏ္ရာရက်ဆံုးမႈေတြရွိပါတယ္။ ကၽြန္ေတာ္တို႔ဘက္ က လက္နက္အခ်ိဳ႕လည္းဆံုးရႈံးခဲ့တာရွိတယ္။ ကၽြန္ေတာ္ ေတာ့ ပံုေတာ့မၾကည့္ရေသးဘူး။ အေရအတြက္ သိပ္မ်ားမ်ားစားစားေတာ့မဟုတ္ပါဘူး။ လက္နက္ဆံုးခဲ့တာရွိတယ္။ ထိခိုက္က်ဆံုးမႈေတာ့ ရွိခဲ့ပါတယ္။ ႏွစ္ဖက္စလံုးမွာ ရွိပါတယ္” ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

ဇြန္လ ၃ရက္ေန႔တြင္မူ စပါးထားေက်းရြာသားမ်ား ခိုလႈံေန ေသာဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္းလက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲေသာေၾကာင့္ ရြာသား ၆ဦးေသဆံုးကာ ၈ဦးခန္႔ ဒဏ္ရာရရွိခဲ့သည္။

မင္းျပားၿမိဳ႕နယ္တိုက္ပြဲအတြင္း အက်အဆံုးတခ်ိဳ႕ႏွင့္လက္နက္ဆံုးရႈံးမႈတခ်ိဳ႕ရွိဟု တပ္မေတာ္ဘက္မွ အတည္ျပဳ 2

တပ္မေတာ္ႏွင့္ AA တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ယခုကဲ့သို ့အရပ္သားေသဆံုးမွု ့မ်ားသည္လည္း မၾကာခဏျဖစ္ေပၚလ်က္ ရွိသည္။ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး (REC) ၏စာရင္းဇယားမ်ားအရ တိုက္ပြဲကာလႏွစ္ဝက္ခန္႔သို႔ေရာက္ ရွိလာခ်ိန္တြင္ ေနရပ္စြန္႔ခြာ စစ္ေဘးေရွာင္ဦးေရမွာ ၄၀,၀၀၀ ေက်ာ္ရွိလာၿပီျဖစ္ေၾကာင္းသိရသည္။

ပံုမ်ား- AA ဒု-စစ္ဦးစီးခ်ဳပ္ညိဳထြန္းေအာင္၏ လူမွု ့ကြန္ရက္ အေကာင့္တြင္ ဇြန္ ၂ ရက္ေန ့က တင္ထားသည့္ပံုမ်ား ေအာင္ရဲေနာင္/The Ladies News

 

Unicode Version ျဖင့္ဖတ္ရန္

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သောတပ်မတော်နှင့် AA တို့၏တိုက်ပွဲအတွင်းတပ် မတော်ဘက်မှ အကျအဆုံးတချို့နှင့် လက်နက်ဆုံးရှုံးမှုတချို့ ရှိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက The Ladies News သို ့အတည် ပြု ပြောကြားသည်။

ဇွန်လ ၂ရက်နေ့က မင်းပြားမြို့နယ် ရွှေတမာကျေးရွာနှင့် အောင်တိုင်ရွာကြားဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ တပ်မတော်ဘက်မှလက်နက်ငယ် ၁၀လက်ခန့်၊ RPG ဗုံးသီးများနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိသည်ဟု AA က ဇွန် ၂ရက်တွင်ဓါတ်ပုံနှင့်တကွထုတ်ပြန်ထားသည်။

အဆိုပါဒေသတွင် ဇွန်လ ၂ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ထိခိုက်ကျဆုံးမှုတချို ့နှင့် လက်နက်ဆုံးရှုံးမှုတချို့ လည်းရှိခဲ့ကြောင်း သို့သော်အရေအတွက်မများကြောင်း၊ ထိခိုက်ကျဆုံးမှုမှာ နှစ်ဖက်စလုံးတွင်ရှိပြီး AA ထုတ်ပြန်ထားသည့်ပုံများကိုမူ မကြည့်ရသေးကြောင်းဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

“ရွှေတမာကျေးရွာရဲ့ တောင်ဘက်ပေါ့။ စပါးထားရဲ ့မြောက် ဘက်မှာ အဲဒီနေ့တုန်းက ထိတွေ့မှုတွေရှိတယ်။ ရွာနဲ့တော့ နည်းနည်းဝေးတယ်။ အဲဒီမှာတော့ တက်မတော်ဘက်က ထိခိုက်ဒဏ်ရာရကျဆုံးမှုတွေရှိပါတယ်။ ကျွန်တော်တို့ဘက် က လက်နက်အချို့လည်းဆုံးရှုံးခဲ့တာရှိတယ်။ ကျွန်တော် တော့ ပုံတော့မကြည့်ရသေးဘူး။ အရေအတွက် သိပ်များများစားစားတော့မဟုတ်ပါဘူး။ လက်နက်ဆုံးခဲ့တာရှိတယ်။ ထိခိုက်ကျဆုံးမှုတော့ ရှိခဲ့ပါတယ်။ နှစ်ဖက်စလုံးမှာ ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇွန်လ ၃ရက်နေ့တွင်မူ စပါးထားကျေးရွာသားများ ခိုလှုံနေ သောဘုန်းတော်ကြီးကျောင်းဝန်းအတွင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ရွာသား ၆ဦးသေဆုံးကာ ၈ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ယခုကဲ့သို ့အရပ်သားသေဆုံးမှု ့များသည်လည်း မကြာခဏဖြစ်ပေါ်လျက် ရှိသည်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏စာရင်းဇယားများအရ တိုက်ပွဲကာလနှစ်ဝက်ခန့်သို့ရောက် ရှိလာချိန်တွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေမှာ ၄၀,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်းသိရသည်။

ပုံများ- AA ဒု-စစ်ဦးစီးချုပ်ညိုထွန်းအောင်၏ လူမှု ့ကွန်ရက် အကောင့်တွင် ဇွန် ၂ ရက်နေ ့က တင်ထားသည့်ပုံများ အောင်ရဲနောင်/The Ladies News