ပန်ကာ မပိတ်ခဲ့မိဘဲ ခရီးထွက်သွား ရာမှ နေအိမ်မီးလောင်မှု
ပန်ကာ မပိတ်ခဲ့မိဘဲ ခရီးထွက်သွား ရာမှ နေအိမ်မီးလောင်မှု 1
ပန်ကာ မပိတ်ခဲ့မိဘဲ ခရီးထွက်သွား ရာမှ နေအိမ်မီးလောင်မှု 2
မီးငြှိမ်းသတ်​ ယာဉ် ​(၂) စီး၊ ​ရေသယ်​ယာဉ်​ (၃) စီး၊ အရန် ​မီးသတ်​ယာဉ်​ (၃) စီးတို့ဖြင့်​ သွား​ရောက်​ကာ ပြည်​သူများနှင့်​ အတူ ပူး​ပေါင်းဝိုင်းဝန်း ငြှိမ်းသတ်​ခဲ့ရသည်​။
ပန်ကာ မပိတ်ခဲ့မိဘဲ ခရီးထွက်သွား ရာမှ နေအိမ်မီးလောင်မှု 3
ပန်ကာ မပိတ်ခဲ့မိဘဲ ခရီးထွက်သွား ရာမှ နေအိမ်မီးလောင်မှု 4
Unicode Version ဖြင့်ဖတ်ရန်
ပန်​ကာ မပိတ်​ဘဲ ခရီးထွက်​သွား ရာမှ ဝါယာ​ရှော့ခ်​ ဖြစ်​ကာ ​နေအိမ်​ မီး​လောင်​မှုဖြစ်​ပွား
ကချင်​ပြည်​နယ်​၊ ဗန်​း​မော်​မြို့တွင်​ ပန်​ကာ မပိတ်​ဘဲ ခရီးထွက်​ သွားရာမှ လူမရှိခိုက်​ ဝါယာ​ရှော့ခ်​ဖြစ်​ကာ ​နေအိမ်​တစ်​လုံး မီး​လောင်​ဆုံးရှုံးမှု ဖြစ်​ပွားခဲ့​ကြောင်​း သိရသည်​။
ဖြစ်​စဉ်​မှာ ဇွန်​ ၃ ရက်​ ည​နေ ၆ နာရီ​ကျော် ​ခန်​့က ဗန်​း​မော်​မြို့၊ မင်​းလှ ရပ်​ကွက်​​ရှိ ဦးဘိုဘို ​နေအိမ်​၌ မီး​လောင်​မှု ဖြစ်​ပွား​ကြောင်​း သတင်​းအရ
ခရိုင်​မီးသတ် ​ဦးစီးမှူး ဦးစိုးမင်​းခိုင်​နှင် ​့သ​န္ဓေ/အရန်​မီးသတ်​ တပ်​ဖွဲ့ဝင်​များ၊ မြို့မရဲစခန်​းမှူး ဒုရဲမှူးခင်​​မောင်​​ငွေ နှင်​့အဖွဲ့တို့က
ပန်ကာ မပိတ်ခဲ့မိဘဲ ခရီးထွက်သွား ရာမှ နေအိမ်မီးလောင်မှု 5
မီးငြိှမ်​းသတ်​ ယာဉ် ​(၂) စီး၊ ​ရေသယ်​ယာဉ်​ (၃) စီး၊ အရန် ​မီးသတ်​ယာဉ်​ (၃) စီးတို့ဖြင်​့ သွား​ရောက်​ကာ ပြည်​သူများနှင်​့ အတူ ပူး​ပေါင်​းဝိုင်​းဝန်​း ငြှိမ်​းသတ်​ခဲ့ရသည်​။
မီး​လောင်​မှု ဖြစ်​စဉ်​အား စုံစမ်​းစစ်​​ဆေးရာ အိမ်​ရှင်​များ ခရီးထွက်​​နေစဉ်​ ​နေအိမ်​အိပ်​ခန်​း အတွင်​းရှိ ပန်​ကာအား မပိတ်​ဘဲ ထားခဲ့ရာမှ ဝါယာ​ရှော့ခ်​ ဖြစ်​ကာ မီး​ကူးစက်​​လောင်​ခြင်​း ဖြစ်​ပြီး
မီး​လောင်​မှု​ကြောင်​့ သွပ်​မိုး အုတ်​ညှပ်​ (၁) ထပ်​တိုက်​​နေအိမ်​ တစ်​လုံး မီး​လောင်​ဆုံးရှုံးခဲ့ ​ကြောင်​း ရဲမှတ်​တမ်​းအရ သိရသည်​။
ဖြစ်​စဉ်​နှင်​့ ပတ်​သက်​ပြီး ဦးဘိုဘို(၃၆) နှစ်​အား ဗန်​း​မော်​မြို့မရဲစခန်​းက (ပ)၂၀၅/၂၀၁၉ ရာဇသတ်​ကြီး ပုဒ်​မ ၂၈၅ ဖြင်​့ အမှု ဖွင်​့လှစ်​ ဆောင်​ရွက် ​ထားရှိ​ကြောင်​း သိရသည်​။ ဗန်းမော်ပွင့်သစ်
Be the first to comment
Leave a Reply
Your email address will not be published.
*