ဘုတလင္ၿမိဳ့နယ္၊ ေမာင္းေထာင္ေက်းရြာတြင္ ႂကြက္ဝမ္းပူမ်ား အစုလိုက္ ေသဆုံးမွု ျဖစ္ေပၚ

ဘုတလင္ ဇြန္ ၄
စစ္ကိုင္းတိုင္းေဒသႀကီး ဘုတလင္ၿမိဳ့နယ္ ေမာင္းေထာင္ေက်းရြာတြင္ ဇြန္ ၃ ရက္ နံနက္ပိုင္းက စတင္၍ ႂကြက္ဝမ္းပူမ်ား အစုလိုက္ ေသဆုံးမွု ျဖစ္ေပၚခဲ့ရာ တိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာန၊ ၿမိဳ့နယ္စီမံခန႔္ခြဲမွု ေကာ္မတီႏွင့္ ၿမိဳ့နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနတို့ ပူးေပါင္းၿပီး ႂကြက္မွတစ္ဆင့္ ကူးစက္ေရာဂါ မျဖစ္ပြား ေစေရး ကြင္းဆင္းစစ္ေဆးအသိပညာေပးခဲ့ေၾကာင္း သိရသည္။

ဘုတလင္ၿမိဳ့နယ္၊ ေမာင္းေထာင္ေက်းရြာတြင္ ႂကြက္ဝမ္းပူမ်ား အစုလိုက္ ေသဆုံးမွု ျဖစ္ေပၚ 1

ေမာင္းေထာင္ေက်းရြာရွိ ေနအိမ္အခ်ိဳ့ႏွင့္ ဆန္စက္ဝင္း၊ ရွမ္းေခါက္ဆြဲ ဆိုင္၊ ဘုရားဝင္းအတြင္းတို့တြင္ (၃/၄)လသားအရြယ္ခန႔္ရွိ ႂကြက္ဝမ္းပူ(၃၈၂)ေကာင္ အစုလိုက္ ေသဆုံးမွု ျဖစ္ေပၚခဲ့ၿပီး ေသဆုံး သည့္ ႂကြက္မ်ားကို ခြဲစိပ္စစ္ေဆးကာ တိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာနမွ ရန္ကုန္ၿမိဳ့ရွိ ဓာတ္ခြဲခန္းသို့ ေပးပို့ထားၿပီး ၿမိဳ့နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွလည္း စဉ့္ကိုင္ၿမိဳ့ရွိ တိရစၧာန္ ဓာတ္ခြဲခန္းသို့ ေပးပို့ထားေၾကာင္း သိရသည္။ၿမိဳ့နယ္ျပန္/ဆက္(ဘုတလင္)

 

Unicode Version ျဖင့္ဖတ္ရန္

 

ဘုတလင် ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာတွင် ဇွန် ၃ ရက် နံနက်ပိုင်းက စတင်၍ ကြွက်ဝမ်းပူများ အစုလိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ရာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကြွက်မှတစ်ဆင့် ကူးစက်ရောဂါ မဖြစ်ပွား စေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရသည်။

ဘုတလင္ၿမိဳ့နယ္၊ ေမာင္းေထာင္ေက်းရြာတြင္ ႂကြက္ဝမ္းပူမ်ား အစုလိုက္ ေသဆုံးမွု ျဖစ္ေပၚ 1

မောင်းထောင်ကျေးရွာရှိ နေအိမ်အချို့နှင့် ဆန်စက်ဝင်း၊ ရှမ်းခေါက်ဆွဲ ဆိုင်၊ ဘုရားဝင်းအတွင်းတို့တွင် (၃/၄)လသားအရွယ်ခန့်ရှိ ကြွက်ဝမ်းပူ(၃၈၂)ကောင် အစုလိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံး သည့် ကြွက်များကို ခွဲစိပ်စစ်ဆေးကာ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း စဉ့်ကိုင်မြို့ရှိ တိရစ္ဆာန် ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း သိရသည်။မြို့နယ်ပြန်/ဆက်(ဘုတလင်)