သိန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၃၇,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀,၀၀၀ ပြား ဖမ်းဆီးရမိ 1
Unicode Version ဖြင့်ဖတ်ရန်
သိန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၃၇,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀,၀၀၀ ပြား ဖမ်းဆီးရမိ
သိန္နီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဇွန်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် သိန္နီမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွားကားလမ်းမ ကြီးပေါ်တွင်ငွေကျပ်သိန်း ၃၇,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၅၀,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင် ငံရဲတပ်ဖွဲ ့မှသတင်းထုတ်ပြန်သည်။
သိန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၃၇,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀,၀၀၀ ပြား ဖမ်းဆီးရမိ 1
အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွားကားလမ်းမကြီးပေါ်တွင်လွင်မျိုးအောင်(ခ)အိုက်ပီးမောင်းနှင်ပြီး ရန်စန်း လိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်တားဆီးစစ်ဆေးနေစဉ် ရန်စန်း ထွက်ပြေးသွားခဲ့၍ လွင်မျိုးအောင်(ခ)အိုက်ပီးနှင့် မော်တော် ယာဉ်အားရှာဖွေရာယာဉ်နောက်ခန်းအတွင်းမှစိတ်ကြွရူးသွပ် ဆေးပြား ၁,၈၅၀,၀၀၀ ပြား၊ ငွေ ၂၀၀,၀၀၀ ကျပ်နှင့် လက် ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
လွင်မျိုးအောင်(ခ)အိုက်ပီး (၃၃)နှစ်နှင့် ရန်စန်း(၅၀)နှစ်(ဖမ်းမမိသေး)တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။ The Ladies News