ဦးဝီရသူကိုရာဇဝတ္အေထြေထြအမႈနဲ႕ သီးျခားအမႈဖြင့္လိုက္ၿပီးဝရမ္းအသစ္ထုတ္လုိက္

ဦးဝီရသူကိုရာဇဝတ္အေထြေထြအမႈနဲ႕ သီးျခားအမႈဖြင့္လိုက္ၿပီးဝရမ္းအသစ္ထုတ္လုိက္

ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈပုဒ္မနဲ႕ တိုင္တန္းခံထားရတဲ့ ဦးဝီရသူကို ရာဇဝတ္ အေထြေထြအမႈနဲ႕ ဒီကေန႕ (ဇြန္လ ၄ ) ရက္ ေန႕ မွာ ထပ္မံ ဖြင့္လွစ္လုိက္ၿပီ လို႕အေနာက္ပိုင္းခရိုင္တရားရုံး ရဲ႕ သတင္းနဲ႕ ျပန္ၾကားေရးအရာရိွ ဒုတိယခရိုင္တရားသူႀကီး ( ၃) ဦးမင္းသန္႕က ေျပာပါတယ္။ရာဇဝတ္အေထြအေထြအမႈ ဖြင့္လုိက္တာျဖစ္ၿပီး ဝရမ္းအသစ္ ကိုလည္း ထုတ္ထားတယ္လုိ႕ ဦးမင္းသန္႕က ဆိုပါတယ္။ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းက ဦးဝီရသူကို ႏုိင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ၂၁၄ (က) နဲ႕ အေရးယူေပးဖို႕အေနာက္ပိုင္းခရိုင္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ကအေနာက္ပိုင္းခရိုင္ တရားရုံးကို ဦးတိုက္ေလွ်ာက္ထားခဲ့တာျဖစ္ၿပီး တရားရုံးက ဝရမ္းထုတ္ေပးထားတာပါ။

တရားရုံးရဲ႕ဝရမး္အရ ဒီကေန႕ ဇြန္လ ၄ ရက္မွာ ဦးဝီရသူကို တရားရုံးေရွ႕ေမွာက္ကို ရဲတပ္ဖြဲ႕ ေခၚေဆာင္လာရမွာျဖစ္ပါတယ္။ဒါေပမယ့္ဖမ္းဝရမး္ကို မႏၱေလး ၊မဟာေအာင္ေျမ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ရဲအုပ္ေဇာ္ေဝလင္းက ဒီကေန႕ တရားရုံးကိုျပန္သြင္းရာမွာ ဦးဝီရသူ မပါလာတာေၾကာင့္ ရာဇဝတ္က်င့္ထုံးဥပေဒ ၅၁၂ အရ ရာဇဝတ္အေထြေထြ အမႈ ဖြင့္လွစ္လုိက္တာ လို႕ အေနာက္ပိုင္းခရိုင္တရားရုံး ရဲ႕ သတင္းနဲ႕ ျပန္ၾကားေရးအရာရိွ ဒုတိယ ခရိုင္ တရာသူႀကီး ( ၃) ဦးမင္းသန္႕က ဆိုပါတယ္။ဒီလို ရာဇဝတ္အေထြေထြအမႈ ဖြင့္တာဟာ ဝရမ္းသတ္မွတ္ရက္အတြင္း တရားရုံးကို စြပ္စြဲခံရသူ ေရာက္မလာခဲ့တာေၾကာင့္ျဖစ္ၿပီး တရားခံေျပးအျပစ္ေၾကညာႏိုင္ဖို႕အတြက္ ဥပေဒအရ ေဆာင္ရြက္တာျဖစ္တယ္လုိ႕ ဥပေဒအၾကံေပး တစ္ဦးျဖစ္တဲ့ ဦးခင္ေမာင္ျမင့္က ဆိုပါတယ္။

ဒါေပမယ့္ ဒီလိုတရားခံေျပးအျဖစ္ ေၾကညာမယ့္ရုံးခ်ိန္းမတိုင္ မွာ စြပ္စြဲခံရသူဟာ တရားရုံးကိုေရာက္လာခဲ့ရင္ေတာ့ ရာဇဝတ္ အေထြေထြအမႈ နဲ႕ အမႈဖြင့္ခံရမွာမဟုတ္ေတာ့ဘူးလို႕ ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။ရာဇဝတ္အေထြေထြအမႈနဲ႕ပတ္သက္တဲ့ ရုံးခ်ိန္းကိုေတာ့ ဇြန္လ ၁၁ ရက္ကို ခ်ိန္းဆိုထားတယ္လုိ႕သိရပါတယ္။7DaysNews

 

Unicode Version ျဖင့္ဖတ္ရန္

 

ဦးဝီရသူကိုရာဇဝတ်အထွေထွေအမှုနဲ့ သီးခြားအမှုဖွင့်လိုက်ပြီးဝရမ်းအသစ်ထုတ်လိုက်

နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မနဲ့ တိုင်တန်းခံထားရတဲ့ ဦးဝီရသူကို ရာဇဝတ် အထွေထွေအမှုနဲ့ ဒီကနေ့ (ဇွန်လ ၄ ) ရက် နေ့ မှာ ထပ်မံ ဖွင့်လှစ်လိုက်ပြီ လို့အနောက်ပိုင်းခရိုင်တရားရုံး ရဲ့ သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ( ၃) ဦးမင်းသန့်က ပြောပါတယ်။ရာဇဝတ်အထွေအထွေအမှု ဖွင့်လိုက်တာဖြစ်ပြီး ဝရမ်းအသစ် ကိုလည်း ထုတ်ထားတယ်လို့ ဦးမင်းသန့်က ဆိုပါတယ်။ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဦးဝီရသူကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၂၁၄ (က) နဲ့ အရေးယူပေးဖို့အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ကအနောက်ပိုင်းခရိုင် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး တရားရုံးက ဝရမ်းထုတ်ပေးထားတာပါ။

တရားရုံးရဲ့ဝရမး်အရ ဒီကနေ့ ဇွန်လ ၄ ရက်မှာ ဦးဝီရသူကို တရားရုံးရှေ့မှောက်ကို ရဲတပ်ဖွဲ့ ခေါ်ဆောင်လာရမှာဖြစ်ပါတယ်။ဒါပေမယ့်ဖမ်းဝရမး်ကို မန္တလေး ၊မဟာအောင်မြေ မြို့နယ် ရဲတပ်ဖွဲ့ ရဲအုပ်ဇော်ဝေလင်းက ဒီကနေ့ တရားရုံးကိုပြန်သွင်းရာမှာ ဦးဝီရသူ မပါလာတာကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ၅၁၂ အရ ရာဇဝတ်အထွေထွေ အမှု ဖွင့်လှစ်လိုက်တာ လို့ အနောက်ပိုင်းခရိုင်တရားရုံး ရဲ့ သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင် တရာသူကြီး ( ၃) ဦးမင်းသန့်က ဆိုပါတယ်။ဒီလို ရာဇဝတ်အထွေထွေအမှု ဖွင့်တာဟာ ဝရမ်းသတ်မှတ်ရက်အတွင်း တရားရုံးကို စွပ်စွဲခံရသူ ရောက်မလာခဲ့တာကြောင့်ဖြစ်ပြီး တရားခံပြေးအပြစ်ကြေညာနိုင်ဖို့အတွက် ဥပဒေအရ ဆောင်ရွက်တာဖြစ်တယ်လို့ ဥပဒေအကြံပေး တစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က ဆိုပါတယ်။

ဒါပေမယ့် ဒီလိုတရားခံပြေးအဖြစ် ကြေညာမယ့်ရုံးချိန်းမတိုင် မှာ စွပ်စွဲခံရသူဟာ တရားရုံးကိုရောက်လာခဲ့ရင်တော့ ရာဇဝတ် အထွေထွေအမှု နဲ့ အမှုဖွင့်ခံရမှာမဟုတ်တော့ဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။ရာဇဝတ်အထွေထွေအမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းကိုတော့ ဇွန်လ ၁၁ ရက်ကို ချိန်းဆိုထားတယ်လို့သိရပါတယ်။7DaysNews