သိန်းတစ်သောင်းခွဲကံထူးရှင် ကိုဝင်းကျော် ရွာဦးကျောင်းဆရာတော်ဘုရားတွက် သိန်း(၃၃၈)သိန်းတန်ကားဝယ်လာပါပြီ



သိန်းတစ်သောင်းခွဲကံထူးရှင် ကိုဝင်းကျော် ရွာဦးကျောင်းဆရာတော်ဘုရားတွက် သိန်း(၃၃၈)သိန်းတန်ကားဝယ်လာပါပြီ 1



သိန်းတစ်သောင်းခွဲကံထူးရှင် ကိုဝင်းကျော် ရွာဦးကျောင်းဆရာတော်ဘုရားတွက် သိန်း(၃၃၈)သိန်းတန်ကားဝယ်လာပါပြီ 2



သိန်းတစ်သောင်းခွဲကံထူးရှင် ကိုဝင်းကျော် ရွာဦးကျောင်းဆရာတော်ဘုရားတွက် သိန်း(၃၃၈)သိန်းတန်ကားဝယ်လာပါပြီ 3


သိန်းတစ်သောင်းခွဲကံထူးရှင် ကိုဝင်းကျော် ရွာဦးကျောင်းဆရာတော်ဘုရားတွက် သိန်း(၃၃၈)သိန်းတန်ကားဝယ်လာပါပြီ 4


 

Unicode Version ဖြင့်ဖတ်ရန်

 

သိန်းတစ်သောင်းခွဲဆုရှင် ကိုဝင်းကျော် ရွာဦးကျောင်းအတွက် ၃၃၈ သိန်းတန် ကားဝယ်လာပါပြီ …..
မွေးရပ်မြေမှ ရွာဦးကျောင်း ဆရာတော်အတွက် ကားဝယ်နေတဲ့ သိန်းတစ်သောင်းခွဲကံထူးရှင်

၁.၆.၂၀၁၉ မှာ ထွက်ရှိတဲ့ (၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကြီးမှ သိန်းတစ်သောင်းခွဲကံထူးရှင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် ဗ၂၃ ရပ်ကွက်မှ “ပွင့်သစ်” ကွမ်းယာဆိုင် ပိုင်ရှင်ဖြစ်တဲ့ ကိုဝင်းကျော် မှ ဆွတ်ခူးရရှိသွားတာပဲဖြစ်ပါတယ်..။

ကိုဝင်းကျော် ရဲ့ မွေးဖွားရာ ဇာတိမြေသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာဖြစ်ပြီး လက်ရှိတွင် ကိုဝင်းကျော်ရဲ့ မိခင်ကြီးသည်လည်း ကိုဝင်းကျော်ရဲ့ မွေးရပ်မြေ ထိန်ကန်ကျေးရွာတွင် နေထိုင်လျှက်ရှိပါသည်။

ကို ဝင်း ကျော် သည် အောင် ဘာ လေ ထီ မ ပေါက် ခင် အ ချိန် က တည်း က မွေး ရပ် မြေ မှ ရွာ ဦးကျောင်း ထိုင်ဆ ရာတော် ထံ ကား လူ ရန် ဆန္ဒ ရှိ နေ ခဲ့ သော် လည်း မိ မိ ရဲ့ စီး ပွား ရေး အ ခြေ အ နေ ကြောင့် ကား တစ် စီး လုံး ကို ဝယ် လှူ ရန် မ တတ် နိုင် သ ဖြင့် မိ မိ တတ် နိုင် သ လောက် ဆ ရာ တော် ဘု ရား ကား ဝယ် ပါ က ငွေ ၅ သိန်း ထည့်ဝင် လှူ ဒါန်း နိုင် ကြောင်း လျှောက် ထား ခဲ့ ကြောင်း သိ ထား ရ ပါ သည်။

ယခုတွင်မူ ကိုဝင်ကျော်ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။ ယူတွင် သိန်းတစ်သောင်းခွဲ ကံထူးရှင် ဖြစ်တဲ့ ကိုဝင်းကျော်ကိုယ်တိုင် မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်အတွက် ရန်ကုန်သို့ ရောက်ရှိကာ ကားဝယ် ၃၃၈ သိန်တန် ကားဝယ်လာပါပြီ ။

ရွာဦးကျောင်းအတွက် ကားလှူပြီးရုံနဲ့ ကိုဝင်းကျော် မကျေနပ်နိုင်သေးပါဘူး။ ဆွမ်းစားကျာင်း ဒါမှမဟုတ် ဓမ္မာရုံတစ်ခုခု ဆောက်လှူဦးမယ်။ သားနှစ်ယောက်အတွက် ရှင်ပြုအလှူကြီးလုပ်မယ် လို့လည်း သိထားရပါတယ်။

သိန်းတစ်သောင်းခွဲ ဆုရှင် ကိုဝင်းကျော်ရဲ့ အိပ်ရှင်မကလည်း မုံရွာဘက်လို့သိရပါတယ်။ အိမ်ရှင်မရဲ့ ရပ်ရွာမှာလည်း လှူကြီးတန်းကြီး လုပ်ဦးမယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ကိုဝင်းကျော် ကံထူးကာ သိန်းတစ်သောင်းခွဲ ဆုကြီးပေါက်သွားတာဟာ ဆွေမျိုးသားချင်းတွေ အတွက် ရပ်ရွာအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုမှာမို့ မလွဲဧကန် အားလုံးကံထူးကြတယ်လို့ ပြောနိုင်ပါတယ်။