က်ပ္ ၅၀၀ တန္ထီမွ က်ပ္သိန္း ၅၀၀ ဆု အပါအ၀င္ ထုတ္ယူျခင္းမရွိေသးသည္ ဆုလက္မွတ္ ၉,၀၀၀ ေက်ာ္ရွိ

(၁၆) ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ထီမွ က်ပ္သိန္း ၅၀၀ ဆုအပါအ၀င္ ဆုလက္မွတ္ ၉,၀၀၀ေက်ာ္ လာေရာက္ထုတ္ယူျခင္းမရွိေသးေၾကာင္း ေအာင္ဘာေလ သိန္းဆုဌာနက ေၾကညာသည္။

(၁၆)ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ထီကို ယမန္ႏွစ္ ဇူလုိင္ ၁ ရက္က ဖြင့္လွစ္ခဲ့ၿပီး ယခုႏွစ္ဇြန္လကုန္တြင္ ဆုလက္မွတ္ထုတ္ယူခြင့္ကုန္ဆုံးမည္ ျဖစ္သည္။

ထုိ႔ေၾကာင့္ ယင္းဆုလက္ မွတ္မ်ားကို ဇြန္လ ၂၈ ရက္ ေနာက္ဆုံးထား ထုတ္ယူရန္ႏွင့္ သတ္မွတ္ကာလအတြင္း ထုတ္ယူျခင္း မရွိပါက ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းယူမည္ဟု ေအာင္ဘာေလ သိန္းဆုဌာန ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

‘‘မ်ားေသာအားျဖင့္ ထီလက္မွတ္ေပ်ာက္တာ၊ ထီမတုိက္မိတာ ေတြေၾကာင့္ ေပါက္လို႔ေပါက္မွန္း မသိလို႔လာ မထုတ္ၾကတာ’’ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာန တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

က်ပ္ ၅၀၀ တန္ထီမွ က်ပ္သိန္း ၅၀၀ ဆု အပါအ၀င္ ထုတ္ယူျခင္းမရွိေသးသည္ ဆုလက္မွတ္ ၉,၀၀၀ ေက်ာ္ရွိ 1

ထုိသို႔ လာေရာက္ထုတ္ယူ ျခင္းမရွိသည့္ ဆုလက္မွတ္ ၉,၄၁၁ဆုရွိၿပီး ဆုႀကီးမ်ားျဖစ္သည့္ က်ပ္သိန္း ၅၀၀ တစ္ဆု၊ က်ပ္ သိန္း ၃၀၀ ႏွစ္ဆုႏွင့္ က်ပ္သိန္း ၁၀၀ တစ္ဆုတို႔ ပါ၀င္သည္။

အဆိုပါ ထုတ္ယူမႈမရွိေသး သည့္ ဆုလက္မွတ္အေရအတြက္ သည္ က်ပ္ ၅၀၀ တန္ထီ (၁၆)ႀကိ္မ္ေျမာက္ ၁၆ လအတြင္း အနည္း ဆုံး ျဖစ္သည္။

ယခင္လမ်ားက က်ပ္ ၅၀၀ တန္ထီမွ ထုတ္ယူျခင္းမရွိသည့္ ဆုလက္မွတ္အေရအတြက္ လစဥ္ ၁၀,၀၀၀ ေက်ာ္ရွိသည္။

ထုိသို႔ သတ္မွတ္ကာလအ တြင္း ထုတ္ယူျခင္းမရွိသည့္ ဆု ေငြမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းယူေသာ္လည္း ဇူလုိင္ ၁ ရက္တြင္ ဖြင့္လွစ္မည့္ က်ပ္တစ္ေထာင္တန္ထီ ငါးႀကိမ္ေျမာက္ကစ၍ ယင္းဘ႑ာသိမ္းေငြမ်ားကို ထီဆုမဲအျဖစ္ ခ်ီးျမႇင့္မည္ဟု ေအာင္ဘာေလသိန္းဆုဌာနခဲြ ၫႊန္ၾကားေရးမွဴး ဦးေက်ာ္သန္႔လြင္က ေျပာၾကားသည္။ 7daydaily

 

Unicode Version ျဖင့္ဖတ္ရန္

 

(၁၆) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီမှ ကျပ်သိန်း ၅၀၀ ဆုအပါအဝင် ဆုလက်မှတ် ၉,၀၀၀ကျော် လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်း အောင်ဘာလေ သိန်းဆုဌာနက ကြေညာသည်။

(၁၆)ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီကို ယမန်နှစ် ဇူလိုင် ၁ ရက်က ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ဇွန်လကုန်တွင် ဆုလက်မှတ်ထုတ်ယူခွင့်ကုန်ဆုံးမည် ဖြစ်သည်။

ထို့ကြောင့် ယင်းဆုလက် မှတ်များကို ဇွန်လ ၂၈ ရက် နောက်ဆုံးထား ထုတ်ယူရန်နှင့် သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်း မရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု အောင်ဘာလေ သိန်းဆုဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

‘‘များသောအားဖြင့် ထီလက်မှတ်ပျောက်တာ၊ ထီမတိုက်မိတာ တွေကြောင့် ပေါက်လို့ပေါက်မှန်း မသိလို့လာ မထုတ်ကြတာ’’ဟု ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

က်ပ္ ၅၀၀ တန္ထီမွ က်ပ္သိန္း ၅၀၀ ဆု အပါအ၀င္ ထုတ္ယူျခင္းမရွိေသးသည္ ဆုလက္မွတ္ ၉,၀၀၀ ေက်ာ္ရွိ 1

ထိုသို့ လာရောက်ထုတ်ယူ ခြင်းမရှိသည့် ဆုလက်မှတ် ၉,၄၁၁ဆုရှိပြီး ဆုကြီးများဖြစ်သည့် ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ် သိန်း ၃၀၀ နှစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုတို့ ပါ၀င်သည်။

အဆိုပါ ထုတ်ယူမှုမရှိသေး သည့် ဆုလက်မှတ်အရေအတွက် သည် ကျပ် ၅၀၀ တန်ထီ (၁၆)ကြိ်မ်မြောက် ၁၆ လအတွင်း အနည်း ဆုံး ဖြစ်သည်။

ယခင်လများက ကျပ် ၅၀၀ တန်ထီမှ ထုတ်ယူခြင်းမရှိသည့် ဆုလက်မှတ်အရေအတွက် လစဉ် ၁၀,၀၀၀ ကျော်ရှိသည်။

ထိုသို့ သတ်မှတ်ကာလအ တွင်း ထုတ်ယူခြင်းမရှိသည့် ဆု ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူသော်လည်း ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန်ထီ ငါးကြိမ်မြောက်ကစ၍ ယင်းဘဏ္ဍာသိမ်းငွေများကို ထီဆုမဲအဖြစ် ချီးမြှင့်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောကြားသည်။ 7daydaily