အိမ္ေထာင္ရွိအမ်ိဳးသားက အိမ္နီးခ်င္းမိန္းကေလးငယ္ကို ၿခိမ္းေျခာက္ ေခၚေဆာင္သြားၿပီ သားမယားျပဳက်င့္

အိမ္ေထာင္ရွိအမ်ိဳးသားက အိမ္နီးခ်င္းမိန္းကေလးငယ္ကုိ သားမယားအႀကိမ္ႀကိမ္ျပဳ႕က်င့္လုိ႔ ရဲကဖမ္းလုိက္ၿပီ

ပဲခူး ဇြန္ ၄

ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ ဆြာၿမိဳ႕ေတာင္ပိုင္း အမွတ္ ၃ ရပ္ကြက္ ေက်ာက္သလင္းကုန္းတဲစုေန ၁၅ ႏွစ္အရြယ္ မိန္းကေလးအား အိမ္နီးခ်င္း အိမ္ေထာင္ရွိအမ်ိဳးသားမွ ေခၚေဆာင္သြားၿပီး သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္ခ့ဲသျဖင့္ အမႈဖြင့္အေရးယူေပးရန္ ဇြန္ ၁ ရက္ေန႔ ည ၁၀ နာရီအခ်ိန္က လာေရာက္ တိုင္တန္းခ့ဲသည္။

အိမ္ေထာင္ရွိအမ်ိဳးသားက အိမ္နီးခ်င္းမိန္းကေလးငယ္ကို ၿခိမ္းေျခာက္ ေခၚေဆာင္သြားၿပီ သားမယားျပဳက်င့္ 1

အမႈအား ဆြာနယ္ေျမ ရဲစခန္းမွ ေခတၱစခန္းမွဴး ရဲအုပ္ညီညီ လြင္ ဦးစီးအဖြဲ႕က အခင္းျဖစ္စဥ္အား ဆက္လက္စံုစမ္း၍ ျပစ္မႈက်ဴးလြန္သူ ရန္ရွင္း (ခ) စုတ္ဖြား ၂၈ ႏွစ္အား ၎၏ေနအိမ္တြင္ ဖမ္းဆီးရမိခ့ဲသည္။ ျဖစ္စဥ္မွာ ေမ ၂၂ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန္႔ ရန္ရွင္း (ခ) စုတ္ဖြားမွ မိန္းကေလးအား မိဘမ်ားမရွိခိုက္ ဆိုင္ကယ္ျဖင့္ ေခၚေဆာင္သြားခ့ဲၿပီး ေရတာရွည္ၿမိဳ႕ အေရွ႕ေျမာက္ဘက္ ၄ မိုင္ခန္႔အကြာရွိ မယ္ဒက္ကယ္ ဘုရားဝန္းအတြင္း အင္ပင္မ်ားၾကားတြင္ သားမယားအျဖစ္တစ္ႀကိမ္ျပဳက်င့္ခ့ဲ ေၾကာင္း၊ ထိုမွတဆင့္ စစ္ေတာင္းျမစ္ အေရွ႕ဘက္ကမ္း သစ္ခ်ဆိပ္ေက်းရြာသို႔ ဆက္လက္ေခၚေဆာင္သြားခ့ဲၿပီး

အိမ္ေထာင္ရွိအမ်ိဳးသားက အိမ္နီးခ်င္းမိန္းကေလးငယ္ကို ၿခိမ္းေျခာက္ ေခၚေဆာင္သြားၿပီ သားမယားျပဳက်င့္ 2

ေစ်းဆိုင္ေနအိမ္၌ ညအိပ္စဥ္ သားမယားအျဖစ္ ၃ ႀကိမ္ျပဳက်င့္ခ့ဲေၾကာင္း၊ ဆက္လက္၍ ေနာက္တစ္ေန႔နံနက္ပိုင္းတြင္ သစ္ ခ်ဆိပ္ေက်းရြာမွ ေတာထဲသို႔ေခၚေဆာင္ သြားခ့ဲၿပီး သားမယားအျဖစ္တစ္ႀကိမ္ျပဳ က်င့္ခ့ဲေၾကာင္း၊ ထိုမွတဆင့္ သာဂရၿမိဳ႕ဘက္သို႔ ေတာလမ္းမွတဆင့္ ဆိုင္ကယ္ျဖင့္ေခၚေဆာင္လာခ့ဲၿပီး ရထားလမ္း ဂံုးေက်ာ္တြင္ ခဏေနခ့ဲဦး ျပန္လာေခၚမည္ဟုေျပာကာ ထားရစ္ခ့ဲျခင္းျဖစ္ေၾကာင္း ရဲစခန္းမွတ္တမ္းမ်ားအရသိရွိရသည္။

အိမ္ေထာင္ရွိအမ်ိဳးသားက အိမ္နီးခ်င္းမိန္းကေလးငယ္ကို ၿခိမ္းေျခာက္ ေခၚေဆာင္သြားၿပီ သားမယားျပဳက်င့္ 3

အမႈအား လူမႈေရးအရ လာေရာက္ညွိႏိႈင္းျခင္းမရွိသည့္အတြက္ ယခုမွလာေရာက္တိုင္တန္းျခင္းျဖစ္ေၾကာင္းသိရၿပီး ဆြာ နယ္ေျမရဲစခန္းမွ (ပ) ၁၁၁/၂၀၁၉ ျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ အရ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။ကိုလြင္ (ဆြာ)

 

Unicode Version ျဖင့္ဖတ္ရန္

 

အိမ်ထောင်ရှိအမျိုးသားက အိမ်နီးချင်းမိန်းကလေးငယ်ကို သားမယားအကြိမ်ကြိမ်ပြု့ကျင့်လို့ ရဲကဖမ်းလိုက်ပြီ

ပဲခူး ဇွန် ၄

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့တောင်ပိုင်း အမှတ် ၃ ရပ်ကွက် ကျောက်သလင်းကုန်းတဲစုနေ ၁၅ နှစ်အရွယ် မိန်းကလေးအား အိမ်နီးချင်း အိမ်ထောင်ရှိအမျိုးသားမှ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သဖြင့် အမှုဖွင့်အရေးယူပေးရန် ဇွန် ၁ ရက်နေ့ ည ၁၀ နာရီအချိန်က လာရောက် တိုင်တန်းခဲ့သည်။

အမှုအား ဆွာနယ်မြေ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ညီညီ လွင် ဦးစီးအဖွဲ့က အခင်းဖြစ်စဉ်အား ဆက်လက်စုံစမ်း၍ ပြစ်မှုကျူးလွန်သူ ရန်ရှင်း (ခ) စုတ်ဖွား ၂၈ နှစ်အား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ မေ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် ရန်ရှင်း (ခ) စုတ်ဖွားမှ မိန်းကလေးအား မိဘများမရှိခိုက် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ရေတာရှည်မြို့ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ မယ်ဒက်ကယ် ဘုရားဝန်းအတွင်း အင်ပင်များကြားတွင် သားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့ ကြောင်း၊

ထိုမှတဆင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း သစ်ချဆိပ်ကျေးရွာသို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ပြီး စျေးဆိုင်နေအိမ်၌ ညအိပ်စဉ် သားမယားအဖြစ် ၃ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဆက်လက်၍ နောက်တစ်နေ့နံနက်ပိုင်းတွင် သစ် ချဆိပ်ကျေးရွာမှ တောထဲသို့ခေါ်ဆောင် သွားခဲ့ပြီး သားမယားအဖြစ်တစ်ကြိမ်ပြု ကျင့်ခဲ့ကြောင်း၊ ထိုမှတဆင့် သာဂရမြို့ဘက်သို့ တောလမ်းမှတဆင့် ဆိုင်ကယ်ဖြင့်ခေါ်ဆောင်လာခဲ့ပြီး ရထားလမ်း ဂုံးကျော်တွင် ခဏနေခဲ့ဦး ပြန်လာခေါ်မည်ဟုပြောကာ ထားရစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများအရသိရှိရသည်။

အမှုအား လူမှုရေးအရ လာရောက်ညှိနှိုင်းခြင်းမရှိသည့်အတွက် ယခုမှလာရောက်တိုင်တန်းခြင်းဖြစ်ကြောင်းသိရပြီး ဆွာ နယ်မြေရဲစခန်းမှ (ပ) ၁၁၁/၂၀၁၉ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။ကိုလွင် (ဆွာ)