ရခိုင္ (၅) ၿမိဳ႕နယ္ ညမထြက္ရအမိန္႔ႏွစ္လထပ္တိုး

ရခိုင္ျပည္နယ္ေျမာက္ပုိင္း (၅) ၿမိဳ႕နယ္တြင္ ညမထြက္ရအမိန္႕ကို ေနာက္ထပ္ႏွစ္လ တိုးျမင့္လိုက္ေၾကာင္း သိရသည္။

ရခုိင္လက္နက္ကုိင္ AA အဖြဲ႔၏ တုိက္ခုိက္မႈမ်ား စတင္ခဲ့ၿပီးေနာက္ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ ပုဏၰားကြ်န္းႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္တို႔တြင္ ျပစ္မႈဆိုင္ရာ က်င့္ထံုးဥပေဒပုဒ္မ ၁၄၄ အရ ထုတ္ျပန္ထားသည့္ ညမထြက္ရအမိန္႔ကို ၾသဂုတ္ ၂ ရက္ေန႔အထိ ႏွစ္လထပ္မံတိုးျမႇင့္လိုက္ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ေျပာသည္။

“လံုၿခံဳေရးအရ စိတ္ခ်ယံုၾကည္ရတဲ႔ အေနအထားမရွိေသးလို႔ ေနာက္ထပ္ႏွစ္လထပ္မံတိုးလိုက္တာပါ “ဟု ၄င္းက ေျပာသည္။

ရခိုင္ (၅) ၿမိဳ႕နယ္ ညမထြက္ရအမိန္႔ႏွစ္လထပ္တိုး 1

အဆိုပါ ၿမိဳ႕နယ္ငါးၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ဧၿပီ ၂ ရက္က စတင္၍ ညမထြက္ရအမိန္႔ကို ထုတ္ျပန္ထားျခင္းျဖစ္သည္။အဆိုပါငါးၿမိဳ႕နယ္အတြင္းရွိ အဓိကလမ္းမႀကီးမ်ား၊ လမ္း သြယ္မ်ား၊ လမ္းႀကိဳလမ္းၾကားမ်ား၊ ဥယ်ာဥ္ပန္းၿခံမ်ား၊ အမ်ားျပည္ သူႏွင့္ဆိုင္ေသာေနရာမ်ားတြင္သြားလာျခင္းကို တားျမစ္ထားျခင္းျဖစ္ၿပီး ဥပေဒကိုေဖာက္ဖ်က္က်ဴးလြန္ပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။

ညမထြက္ရအမိန္႔ ထပ္မံတိုးျမင့္ျခင္းကို အမ်ားျပည္သူသိေအာင္ သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမ်ားက ေၾကညာသြားမည္ျဖစ္ကာ ည ၉ နာ ရီမွ နံနက္ ၆ နာရီအတြင္း ညမထြက္ရအမိန္႔ကို ထုတ္ျပန္ျခင္း ျဖစ္သည္။Isee Media

 

Unicode Version ျဖင့္ဖတ္ရန္

 

ရခိုင်ပြည်နယ်မြောက်ပိုင်း (၅) မြို့နယ်တွင် ညမထွက်ရအမိန့်ကို နောက်ထပ်နှစ်လ တိုးမြင့်လိုက်ကြောင်း သိရသည်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို သြဂုတ် ၂ ရက်နေ့အထိ နှစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“လုံခြုံရေးအရ စိတ်ချယုံကြည်ရတဲ့ အနေအထားမရှိသေးလို့ နောက်ထပ်နှစ်လထပ်မံတိုးလိုက်တာပါ “ဟု ၄င်းက ပြောသည်။

ရခိုင္ (၅) ၿမိဳ႕နယ္ ညမထြက္ရအမိန္႔ႏွစ္လထပ္တိုး 1

အဆိုပါ မြို့နယ်ငါးမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂ ရက်က စတင်၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။အဆိုပါငါးမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ၊ လမ်း သွယ်များ၊ လမ်းကြိုလမ်းကြားများ၊ ဥယျာဉ်ပန်းခြံများ၊ အများပြည် သူနှင့်ဆိုင်သောနေရာများတွင်သွားလာခြင်းကို တားမြစ်ထားခြင်းဖြစ်ပြီး ဥပဒေကိုဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ညမထွက်ရအမိန့် ထပ်မံတိုးမြင့်ခြင်းကို အများပြည်သူသိအောင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ကြေညာသွားမည်ဖြစ်ကာ ည ၉ နာ ရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။Isee Media