စစ္ကုိင္းတုိင္း ၿမိဳ႕နယ္ႏွစ္ခုတြင္ ေလျပင္းတုိက္ခတ္မႈေၾကာင့္ အိမ္ေျခ ၈၀၀ ခန္႔ ပ်က္စီး

စစ္ကုိင္းတုိင္း ၿမိဳ႕နယ္ႏွစ္ခုတြင္ ေလျပင္းတုိက္ခတ္မႈေၾကာင့္ အိမ္ေျခ ၈၀၀ ခန္႔ ပ်က္စီး

စစ္ကိုင္းတုိင္းအတြင္း ၿမိဳ႕ နယ္ႏွစ္ခုတြင္ ေလျပင္းတုိက္ခတ္ မႈေၾကာင့္ အိမ္ေျခ ၈၀၀ ခန္႔ ပ်က္ စီးခဲ့ေၾကာင္း တုိင္းေဒသႀကီးေဘး အႏၲရာယ္ဆုိင္ရာ စီမံခန္႔ခဲြမႈဌာနၫႊန္ၾကားေရးမွဴး ဦးစ၀ီလီဖရန္႔က ေျပာသည္။ေမလ ၁၃ ရက္ ညေနက ေလျပင္းတုိက္ခတ္ျခင္းေၾကာင့္ ယင္းမာပင္ခ႐ိုင္အတြင္း ကနီၿမိဳ႕နယ္တြင္ အိမ္ေျခ ၇၈၀ ခန္႔ႏွင့္ ပုလဲၿမိဳ႕နယ္တြင္ အိမ္ေျခ ၂၀ ခန္႔ပ်က္စီးခဲ့ေၾကာင္း ၎ကေျပာသည္။

ေလာေလာဆယ္ ပုလဲနဲ႔ ကနီက အပ်က္အစီးစာရင္းပဲ ရေသးတယ္။ မင္းကင္းမွာလည္း ေလျပင္းတုိက္တယ္လို႔ ၾကား တယ္။ အပ်က္အစီးစာရင္းေတာ့ တက္မလာေသးဘူး။ က်န္တဲ့ ၿမိဳ႕ နယ္ေတြမွာလည္း ေလျပင္း ေၾကာင့္ ပ်က္စီးမႈ ရွိ၊ မရွိ စာရင္း ေကာက္ယူေနဆဲပါ’’ဟု ဦးစ၀ီလီ ဖရန္႔က ေမလ ၁၄ ရက္ နံနက္က ေျပာသည္။ကနီၿမိဳ႕နယ္အတြင္း ေလ ျပင္းတုိက္ခတ္မႈေၾကာင့္ ပ်က္စီး သြားေသာ ေနအိမ္မ်ားကုိ စစ္ ကိုင္းတုိင္းေဒသႀကီးအစိုးရအဖဲြ႕ ၀န္ႀကီးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ား က ေမလ ၁၄ ရက္တြင္ ကူညီ ကယ္ဆယ္ေရးပစၥည္းမ်ား သြား ေရာက္ေထာက္ပံ့ခဲ့ေၾကာင္း ဦးစ ၀ီလီဖရန္႔က ဆုိသည္။

ေလျပင္းေၾကာင့္ ပ်က္စီး တာက ရြာေပါင္း ၂၀ ခန္႔မွာ အိမ္ ေတြပ်က္စီးတယ္။ ေလကလည္း ျပင္းတယ္။ တခ်ဳိ႕ရြာေတြ မုိးသီး လည္းက်တယ္။ မႏွစ္က ေလျပင္းဒဏ္ေၾကာင့္ ပ်က္စီးခဲ့တဲ့ ရြာေတြ လည္းပါတယ္။ ခ်င္းတြင္းျမစ္ထဲ မွာ ညေန ၄ နာရီေလာက္က ကနီ ရစက ႐ုံးသတင္းပုိ႔သြားတဲ့ ကုန္ တင္ေရယာဥ္တစ္စီး မဲဒင္ေက်း ရြာအနီးမွာ ျမဳပ္သြားတယ္လုိ႔ ၾကားတယ္’’ဟု ဦးထြန္းထြန္း၀င္း က ေျပာသည္။ေလျပင္းတုိက္ခတ္မႈေၾကာင့္ ပ်က္စီးသြားေသာ ေနအိမ္မ်ား စာရင္းေကာက္ယူျခင္း၊ အပ်က္အစီး မ်ား ရွင္းလင္းျခင္းႏွင့္ နစ္ျမဳပ္ သြားေသာ ကုန္တင္ေရယာဥ္ေပၚ မွလူမ်ားကုိ ကူညီကယ္ဆယ္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း ဦးထြန္းထြန္း၀င္းက ေျပာသည္။

‘‘ေလျပင္းတုိက္ေတာ့ ျမစ္ထဲမွာ လႈိင္းႀကီးၿပီးျမဳပ္သြားတာပါ။ ညေန ၄ နာရီေလာက္က ကနီၿမိဳ႕ အထက္ မဲဒင္ရြာအနီးမွာ ျမဳပ္ သြားတာ။ ရစက (ပုဂၢလိကေရ ယာဥ္မ်ား စနစ္တက်ေျပးဆဲြႏုိင္ ေရး ေကာ္မတီ) အဖဲြ႕ေတြ သြား ေရယာဥ္ေပၚက ကုန္ေတြကို ေသာင္ျပင္ေပၚ ဆယ္ယူထားၿပီး တျခားေရယာဥ္တစ္စီးနဲ႔ သြားေရာက္ ကူညီေနပါၿပီ။ ျမဳပ္သြားတဲ့သယ္ဖုိ႔ ျပင္ဆင္ေနပါတယ္။ လူထိခိုက္ တာ မရွိဘူးလို႔ သိရပါတယ္’’ဟု ကနီၿမိဳ႕နယ္ ပုဂၢလိကေရယာဥ္ မ်ား စနစ္တက်ေျပးဆဲြႏုိင္ေရး ေကာ္မတီအဖဲြ႕၀င္ ဦးစိန္လႈိင္က ေမလ ၁၃ ရက္ ညက ေျပာသည္။

 

Unicode Version ျဖင့္ဖတ္ရန္

 

စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၈၀၀ ခန့် ပျက်စီး

စစ်ကိုင်းတိုင်းအတွင်း မြို့ နယ်နှစ်ခုတွင် လေပြင်းတိုက်ခတ် မှုကြောင့် အိမ်ခြေ ၈၀၀ ခန့် ပျက် စီးခဲ့ကြောင်း တိုင်းဒေသကြီးဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောသည်။မေလ ၁၃ ရက် ညနေက လေပြင်းတိုက်ခတ်ခြင်းကြောင့် ယင်းမာပင်ခရိုင်အတွင်း ကနီမြို့နယ်တွင် အိမ်ခြေ ရ၈၀ ခန့်နှင့် ပုလဲမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။

လောလောဆယ် ပုလဲနဲ့ ကနီက အပျက်အစီးစာရင်းပဲ ရသေးတယ်။ မင်းကင်းမှာလည်း လေပြင်းတိုက်တယ်လို့ ကြား တယ်။ အပျက်အစီးစာရင်းတော့ တက်မလာသေးဘူး။ ကျန်တဲ့ မြို့ နယ်တွေမှာလည်း လေပြင်း ကြောင့် ပျက်စီးမှု ရှိ၊ မရှိ စာရင်း ကောက်ယူနေဆဲပါ’’ဟု ဦးစဝီလီ ဖရန့်က မေလ ၁၄ ရက် နံနက်က ပြောသည်။ကနီမြို့နယ်အတွင်း လေ ပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး သွားသော နေအိမ်များကို စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများ က မေလ ၁၄ ရက်တွင် ကူညီ ကယ်ဆယ်ရေးပစ္စည်းများ သွား ရောက်ထောက်ပံ့ခဲ့ကြောင်း ဦးစ ၀ီလီဖရန့်က ဆိုသည်။

လေပြင်းကြောင့် ပျက်စီး တာက ရွာပေါင်း ၂၀ ခန့်မှာ အိမ် တွေပျက်စီးတယ်။ လေကလည်း ပြင်းတယ်။ တချို့ရွာတွေ မိုးသီး လည်းကျတယ်။ မနှစ်က လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ရွာတွေ လည်းပါတယ်။ ချင်းတွင်းမြစ်ထဲ မှာ ညနေ ၄ နာရီလောက်က ကနီ ရစက ရုံးသတင်းပို့သွားတဲ့ ကုန် တင်ရေယာဉ်တစ်စီး မဲဒင်ကျေး ရွာအနီးမှာ မြုပ်သွားတယ်လို့ ကြားတယ်’’ဟု ဦးထွန်းထွန်းဝင်း က ပြောသည်။လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ စာရင်းကောက်ယူခြင်း၊ အပျက်အစီး များ ရှင်းလင်းခြင်းနှင့် နစ်မြုပ် သွားသော ကုန်တင်ရေယာဉ်ပေါ် မှလူများကို ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။

‘‘လေပြင်းတိုက်တော့ မြစ်ထဲမှာ လှိုင်းကြီးပြီးမြုပ်သွားတာပါ။ ညနေ ၄ နာရီလောက်က ကနီမြို့ အထက် မဲဒင်ရွာအနီးမှာ မြုပ် သွားတာ။ ရစက (ပုဂ္ဂလိကရေ ယာဉ်များ စနစ်တကျပြေးဆွဲနိုင် ရေး ကော်မတီ) အဖွဲ့တွေ သွား ရေယာဉ်ပေါ်က ကုန်တွေကို သောင်ပြင်ပေါ် ဆယ်ယူထားပြီး တခြားရေယာဉ်တစ်စီးနဲ့ သွားရောက် ကူညီနေပါပြီ။ မြုပ်သွားတဲ့သယ်ဖို့ ပြင်ဆင်နေပါတယ်။ လူထိခိုက် တာ မရှိဘူးလို့ သိရပါတယ်’’ဟု ကနီမြို့နယ် ပုဂ္ဂလိကရေယာဉ် များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးစိန်လှိုင်က မေလ ၁၃ ရက် ညက ပြောသည်။