ျမန္မာ့စီးပြားေရးဘဏ္မွ ၀န္ထမ္း တစ္ဦး အား ဘဏ္မွ ေငြက်ပ္ သိန္း (၄၀၀၀) ေပ်ာက္ဆံုးမႈ ျဖင့္ အမႈဖြင့္

ျမန္မာ့စီးပြားေရးဘဏ္မွ ၀န္ထမ္း တစ္ဦး အား ဘဏ္မွ ေငြက်ပ္ သိန္း (၄၀၀၀) ေပ်ာက္ဆံုးမႈ ျဖင့္ အမႈဖြင့္ တိုင္တန္းမႈ ျဖစ္ပြားေၾကာင္း ျပည္ထဲေရး ၀န္ၾကီးဌာန မွ ထုတ္ျပန္ေၾကျငာ ထားပါသည္။

ျမန္မာ့စီးပြားေရးဘဏ္မွ ၀န္ထမ္း တစ္ဦး အား ဘဏ္မွ ေငြက်ပ္ သိန္း (၄၀၀၀) ေပ်ာက္ဆံုးမႈ ျဖင့္ အမႈဖြင့္ 1

ျဖစ္စဥ္မွာ ေမလ ၁၄ ရက္ေန႔ ၀၈၃၀ အခ်ိန္ က်ိဳက္ထိုၿမိဳ႕၊ ေတာင္သူစု ရပ္ကြက္ရွိ ျမန္မာ့စီးပြားေရးဘဏ္ ေငြတိုက္မွ ေငြထုတ္ယူရန္ ေဆာင္႐ြက္စဥ္

ေငြတိုက္ေသာ့ကိုင္ တစ္ဦးျဖစ္သူ ေက်ာ္မိုးဝင္းမွာ ေရာက္မလာ သျဖင့္ ၎၏ ေနအိမ္သို႔ သြားေရာက္ ေခၚေဆာင္ခဲ့ရာ

၎အား ေနအိမ္၌ မေတြ႕ရွိဘဲ အိပ္ခန္း အတြင္းရွိ အိပ္ယာေပၚမွ ေငြတိုက္ေသာ့ အား ေတြ႕ရွိခဲ့ေၾကာင္း ႏွင့္

၎ေနာက္ မသကၤာသျဖင့္ ဘဏ္ေငြတိုက္အား ဖြင့္၍စစ္ေဆးရာ ေငြက်ပ္ ၄၀၀၀ သိန္း ေပ်ာက္ဆုံးေနေၾကာင္း စိစစ္ေတြ႕ရွိရ၍ အမႈဖြင့္ တိုင္တန္းျခင္းျဖစ္ေၾကာင္း သတင္းရရွိပါသည္။

ျမန္မာ့စီးပြားေရးဘဏ္မွ ၀န္ထမ္း တစ္ဦး အား ဘဏ္မွ ေငြက်ပ္ သိန္း (၄၀၀၀) ေပ်ာက္ဆံုးမႈ ျဖင့္ အမႈဖြင့္ 2

၂၀၁၉ ခုႏွစ္၊ ေမလ ၁၄ ရက္ေန႔ ၁၉:၃၀ အခ်ိန္ က်ိဳက္ထိုၿမိဳ႕၊ က်ိဳက္ထိုၿမိဳ႕မ ရဲစခန္းသို႔ ျမန္မာ့စီးပြားေရးဘဏ္ ခ႐ိုင္မန္ေနဂ်ာ ေဒၚရွင္ျမင့္ေထြး (၄၀ )ႏွစ္မွ လာေရာက္ တိုင္တန္းသျဖင့္

ျမန္မာ့စီးပြားေရးဘဏ္မွ ၀န္ထမ္း တစ္ဦး အား ဘဏ္မွ ေငြက်ပ္ သိန္း (၄၀၀၀) ေပ်ာက္ဆံုးမႈ ျဖင့္ အမႈဖြင့္ 3

ျမန္မာ့ စီးပြားေရးဘဏ္(က်ိဳက္ထို)မွ ေငြကိုင္(၃) ေက်ာ္မိုးဝင္း (၄၄ )ႏွစ္အား က်ိဳက္ထိုၿမိဳ႕မရဲစခန္း (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၄၀၉(ျပည္သူ႔ဝန္ထမ္းအား ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈ)ျဖင့္ အမႈဖြင့္ စုံစမ္း ခဲ့ပါသည္။

Sources>> ျပည္ထဲေရး၀န္ၾကီးဌာန

 

Unicode Version ျဖင့္ဖတ္ရန္

 

မြန်မာ့စီးပွားရေးဘဏ်မှ ၀န်ထမ်း တစ်ဦး အား ဘဏ်မှ ငွေကျပ် သိန်း (၄၀၀၀) ပျောက်ဆုံးမှု ဖြင့် အမှုဖွင့် တိုင်တန်းမှု ဖြစ်ပွားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မှ ထုတ်ပြန်ကြေငြာ ထားပါသည်။

ဖြစ်စဉ်မှာ မေလ ၁၄ ရက်နေ့ ၀၈၃၀ အချိန် ကျိုက်ထိုမြို့၊ တောင်သူစု ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ်

ငွေတိုက်သော့ကိုင် တစ်ဦးဖြစ်သူ ကျော်မိုးဝင်းမှာ ရောက်မလာ သဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက် ခေါ်ဆောင်ခဲ့ရာ

၎င်းအား နေအိမ်၌ မတွေ့ရှိဘဲ အိပ်ခန်း အတွင်းရှိ အိပ်ယာပေါ်မှ ငွေတိုက်သော့ အား တွေ့ရှိခဲ့ကြောင်း နှင့်

၎င်းနောက် မသင်္ကာသဖြင့် ဘဏ်ငွေတိုက်အား ဖွင့်၍စစ်ဆေးရာ ငွေကျပ် ၄၀၀၀ သိန်း ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရ၍ အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ၁၉:၃၀ အချိန် ကျိုက်ထိုမြို့၊ ကျိုက်ထိုမြို့မ ရဲစခန်းသို့ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေး (၄၀ )နှစ်မှ လာရောက် တိုင်တန်းသဖြင့်

မြန်မာ့ စီးပွားရေးဘဏ်(ကျိုက်ထို)မှ ငွေကိုင်(၃) ကျော်မိုးဝင်း (၄၄ )နှစ်အား ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉(ပြည်သူ့ဝန်ထမ်းအား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)ဖြင့် အမှုဖွင့် စုံစမ်း ခဲ့ပါသည်။

Sources>> ပြည်ထဲရေးဝန်ကြီးဌာန