YBS 21 မွ ယာဥ္ထိန္းရဲ ကားကို ၀င္တိုက္ရာမွ (၆) စီးဆင့္တိုက္မႈ ျဖစ္ပြား (ယဥ္ေမာင္းထြက္ေျပး)

အင္းစိန္ၿမိဳ႕နယ္၌ ယာဥ္ ၆ စီး ဆင့္တိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၆ ဦး ဒဏ္ရာရရွိမႈ

၂၀၁၉ ခုႏွစ္ ၊ ေမလ ၁၃ ရက္ေန႔ ၁၃:၅၀ အခ်ိန္ အင္းစိန္ၿမိဳ႕နယ္ အင္းစိန္လမ္းမႀကီး အတိုင္း ဘီအိုစီဘက္မွ သမိုင္းလမ္းဆုံဘက္သို႔ ေနမင္းခိုင္ (စိစစ္ဆဲ)ေ မာင္းႏွင္လာေသာ YGN 5N/×××× Hyundai (YBS 21) ယာဥ္သည္

YBS 21 မွ ယာဥ္ထိန္းရဲ ကားကို ၀င္တိုက္ရာမွ (၆) စီးဆင့္တိုက္မႈ ျဖစ္ပြား (ယဥ္ေမာင္းထြက္ေျပး) 1

ဘရိတ္ေပါက္၍ အရွိန္မထိန္းႏိုင္ဘဲ ဘီအိုစီမွတ္တိုင္ အေရာက္ လမ္း၏ ယာဘက္ေဘးတြင္ လားရာတူ ရပ္ထားသည့္ စသရ (ရန္ကုန္) စည္းကမ္းမဲ့ယာဥ္ ဖမ္းဆီးေရးအဖြဲ႕မွ

ရဲတပ္ၾကပ္ႀကီး ယဥ္ေထြး(၄၃)ႏွစ္ ကမာ႐ြတ္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္ေသာ ရဲတပ္ဖြဲ႕ပိုင္ YGN 8A/ ×××× Townace ယာဥ္အား ေနာက္မွ ဝင္ေရာက္ တိုက္မိခဲ့သျဖင့္

YGN 8A/×××× ယာဥ္မွ ၎ေရွ႕ တြင္ ရပ္ထားသည့္ ေအာင္ခ်မ္းမင္း(၃၄)ႏွစ္ (ဘ)ဦးေအာင္သိန္း (၁၃)ရပ္ကြက္ လႈိင္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္သည့္ YGN DD/×××× Caldina ယာဥ္၊

သန္းစိုးလင္း(၄၃)ႏွစ္ (ဘ)ဦးက်င္ေအာင္ (၂၀)ရပ္ကြက္ ျပင္ဦးလြင္ၿမိဳ႕ေနသူ ေမာင္းႏွင္သည့္ YGN AA/×××× Caldina ယာဥ္၊

YBS 21 မွ ယာဥ္ထိန္းရဲ ကားကို ၀င္တိုက္ရာမွ (၆) စီးဆင့္တိုက္မႈ ျဖစ္ပြား (ယဥ္ေမာင္းထြက္ေျပး) 2

မင္းမင္းထြန္း (၃၉)ႏွစ္ (ဘ)ဦးသူရစိုး ေမာင္းႏွင္သည့္ YGN CC/×××× Caldina ယာဥ္ႏွင့္ ေအာင္မင္းလႈိင္ (၃၆)ႏွစ္ (ဘ)ဦးၫြန႔္လႈိင္ ဇီးကုန္းေက်း႐ြာ ေညာင္ေလးပင္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္သည့္ BGO 5H/×××× Rosa ယာဥ္တို႔အား ထပ္မံတိုက္မိခဲ့ရာ ပ်က္စီးမႈမ်ား ျဖစ္ပြားခဲ့သည္။

ထို႕ျပင္ YGN 8A/×××× ယာဥ္ေပၚပါ စသရ (ရန္ကုန္)မွ ရဲအုပ္ သိန္းလႈိင္(၄၁)ႏွစ္တြင္ ယာလက္/ေပါင္ ဖူးေရာင္ ဒဏ္ရာမ်ား (စိုးရိမ္ရ)ႏွင့္

ရဲတပ္ၾကပ္ႀကီး ယဥ္ေထြးပါ ရဲတပ္ဖြဲ႕ဝင္ ၅ ဦးတြင္ ေနာက္ေစ့/ယာနံေဘး နာက်င္ ဒဏ္ရာမ်ား(မစိုးရိမ္ရ) ရရွိခဲ့သျဖင့္ အင္းစိန္ျပည္သူ ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ရသည္။

ထုိ႕ေနာက္ ေနမင္းခိုင္(ဖမ္းမမိ)အား အင္းစိန္ၿမိဳ႕မ ရဲစခန္းယာဥ္ (ပ) ၄၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/ ၃၃၇/ ၂၇၉/ ၂၀၂ (ေပါ့ေလ်ာ့မႈေၾကာင့္ျပင္းထန္/ သာမန္နာက်င္ေစမႈ / ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ/ သတင္းေပးရန္ပ်က္ကြက္မႈ) အမႈ (၄)မႈျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ ရွိေၾကာင္း သတင္းရရွိပါသည္။

Sources>> ျပည္ထဲေရး

 

Unicode Version ျဖင့္ဖတ္ရန္

 

အင်းစိန်မြို့နယ်၌ ယာဉ် ၆ စီး ဆင့်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိမှု

၂၀၁၉ ခုနှစ် ၊ မေလ ၁၃ ရက်နေ့ ၁၃:၅၀ အချိန် အင်းစိန်မြို့နယ် အင်းစိန်လမ်းမကြီး အတိုင်း ဘီအိုစီဘက်မှ သမိုင်းလမ်းဆုံဘက်သို့ နေမင်းခိုင် (စိစစ်ဆဲ)ေ မာင်းနှင်လာသော YGN 5N/×××× Hyundai (YBS 21) ယာဉ်သည်

ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ဘီအိုစီမှတ်တိုင် အရောက် လမ်း၏ ယာဘက်ဘေးတွင် လားရာတူ ရပ်ထားသည့် စသရ (ရန်ကုန်) စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့မှ

ရဲတပ်ကြပ်ကြီး ယဉ်ထွေး(၄၃)နှစ် ကမာရွတ်မြို့နယ်နေသူ မောင်းနှင်သော ရဲတပ်ဖွဲ့ပိုင် YGN 8A/ ×××× Townace ယာဉ်အား နောက်မှ ဝင်ရောက် တိုက်မိခဲ့သဖြင့်

YGN 8A/×××× ယာဉ်မှ ၎င်းရှေ့ တွင် ရပ်ထားသည့် အောင်ချမ်းမင်း(၃၄)နှစ် (ဘ)ဦးအောင်သိန်း (၁၃)ရပ်ကွက် လှိုင်မြို့နယ်နေသူ မောင်းနှင်သည့် YGN DD/×××× Caldina ယာဉ်၊

သန်းစိုးလင်း(၄၃)နှစ် (ဘ)ဦးကျင်အောင် (၂၀)ရပ်ကွက် ပြင်ဦးလွင်မြို့နေသူ မောင်းနှင်သည့် YGN AA/×××× Caldina ယာဉ်၊

မင်းမင်းထွန်း (၃၉)နှစ် (ဘ)ဦးသူရစိုး မောင်းနှင်သည့် YGN CC/×××× Caldina ယာဉ်နှင့် အောင်မင်းလှိုင် (၃၆)နှစ် (ဘ)ဦးညွန့်လှိုင် ဇီးကုန်းကျေးရွာ ညောင်လေးပင်မြို့နယ်နေသူ မောင်းနှင်သည့် BGO 5H/×××× Rosa ယာဉ်တို့အား ထပ်မံတိုက်မိခဲ့ရာ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် YGN 8A/×××× ယာဉ်ပေါ်ပါ စသရ (ရန်ကုန်)မှ ရဲအုပ် သိန်းလှိုင်(၄၁)နှစ်တွင် ယာလက်/ပေါင် ဖူးရောင် ဒဏ်ရာများ (စိုးရိမ်ရ)နှင့်

ရဲတပ်ကြပ်ကြီး ယဉ်ထွေးပါ ရဲတပ်ဖွဲ့ဝင် ၅ ဦးတွင် နောက်စေ့/ယာနံဘေး နာကျင် ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် အင်းစိန်ပြည်သူ ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

ထို့နောက် နေမင်းခိုင်(ဖမ်းမမိ)အား အင်းစိန်မြို့မ ရဲစခန်းယာဉ် (ပ) ၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉/ ၂၀၂ (ပေါ့လျော့မှုကြောင့်ပြင်းထန်/ သာမန်နာကျင်စေမှု / ယာဉ်မဆင်မခြင်မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု) အမှု (၄)မှုဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း သတင်းရရှိပါသည်။

Sources>> ပြည်ထဲရေး