ဖန်နီ မုန်တိုင်းရဲ့အဖျားခက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးမှာ နေအိမ်အချို့ ပျက်စီး ဆုံးရှုံး
မိုးညို မေ ၃
ဖန်နီ မုန်တိုင်းရဲ့အဖျားခက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးမှာ နေအိမ်အချို့ ပျက်စီး ဆုံးရှုံး 1
မြို့နယ်ပြန်/ဆက်
Unicode Version ဖြင့်ဖတ်ရန်
မိုးညို မေ ၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် မေ၂ရက်ညနေ ၄ နာရီခွဲက လပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားငူအုပ်စု၊ သရက်ကုန်းကျေးရွာနေ ဦးသက်ပိုင်၏ သက္ကယ်မိုး၊ ထရံကာ၊ ဝါးအိမ်မှာပြိုလဲပျက်စီးခြင်း ရွှေခဲရွာနေ ဒေါ်နွယ်နွယ်မြင့်၏ သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှသွပ်(၆)ချပ်အမိုးလန်ခြင်း၊ ဒေါ်ဝင်းစိန်၏သွပ်မိုး ထရံကာသစ်သားအိမ်မှသွပ်(၁၁)ချပ်၊ ထရံတစ်ချပ်အမိုး အကာများပျက်စီးခြင်း၊ မတော့ကုန်းအုပ်စု၊ ခွက်မကျေးရွာဦးကိုဝင်း၏သွပ်မိုး၊ထရံကာ၊ဝါးအိမ်မှသွပ်(၁၀)ချပ်ခန့်အမိုးလန်ခြင်း၊ ညောင်ဝိုင်းအုပ်စု၊ ဗောဓိကုန်းရွာဦးသန်းလှိုင်၏ သွပ်မိုး၊ထရံကာ၊ဝါးအိမ်ပြိုလဲပျက်စီးခြင်း၊ဇီးပင်အုပ်စု၊ဖုတ်လူးရွာ
ဦးမင်းမင်းထွန်း၏သွပ်မိုး၊ထရံကာဝါးအိမ်မှာပြိုလဲပျက်စီးခြင်းများ ဖြစ်ပေါ ်ခဲ့သည်။
ဖန်နီ မုန်တိုင်းရဲ့အဖျားခက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးမှာ နေအိမ်အချို့ ပျက်စီး ဆုံးရှုံး 1
လေပြင်းတိုက်ခတ်မှုကြောင့်ပြိုလဲနေအိမ်(၃)လုံး၊ အမိုးအကာ ပျက်စီးနေအိမ်(၃)လုံးနှင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းနှင့် ပျက်စီးနေအိမ်များအားပြန်လည်ပြုပြင်ခြင်း၊လိုအပ်သည်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်