ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ ရုပ်ရှင်အစည်းအရုံး သိစေရန်

သို့/ ရုပ်ရှင်အစည်းအရုံး သိစေရန်

“ဦးစောနိင်(ရှမ်းပြည်)ဟာတစ်ကောင်ကြွက်မဟုတ်ပါ”

ဈာပနကိစ္စတွေနဲ့လူမှုရေးအရ ရင်ထဲမှာ မျိုသိပ်ထားခဲ့ရတဲ့အကြောင်းလေးတွေ ပြောခွင့်ပြုပါတော့ခင်ဗျာ။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 1
တစ်ချိန်တစ်ခါက အနူပညာကို စွဲလန်းရူးသွပ်စွာမြတ်နိုးလွန်းလို့ မိသားစုကိုတောင် စွန့်ခွါပြီး အနူပညာလောကထဲရပ်တည်ခဲ့တဲ့ မင်းသားကြီး ဦးစောနိင်(ရှမ်းပြည်)။ သူပါဝင်ခဲ့တဲ့ ဇာတ်ကားပေါင်း(500)ကျော်ကို ခုချိန်ထိ မြတ်မြတ်နိုးနိုးသိမ်းဆည်းထားပြီး မပျံလွန်ခင်အချိန်အထိ အနူပညာသည်တွေအကြောင်းများပြောနေရရင် ပြုံးရွှင်ကြည်နူးနေတတ်တဲ့ မင်းသားကြီး ဦးစောနိင်(ရှမ်းပြည်)တဖြစ်လဲ ဆရာတော် ဦးစန္ဒိမာဟာ နယ်မြို့ လေးတစ်မြို့ ဖြစ်တဲ့

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 2

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 3

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 4
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့  ဈေးကျောင်းတိုက် မှာ (26.4.19) နေ့ ည(8:30)အချိန်မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့တယ်။ ဦးစောနိင် (ရှမ်းပြည်) ဟာ အုတ်တွင်းမြို့ ဈေးကျောင်းတိုက်ရဲ့ တိုက်အုပ်ဆရာတော်၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းကြီး၏ နာယကဆရာတော် တစ်ပါးဖြစ်တဲ့ ဦးတေဇသီရိ ရဲ့ ဘကြီးအရင်းပါ။ ဦးစောနိင်(ရှမ်းပြည်) ရဲ့  ဇနီး နဲ့ သမီးများဟာ လားရှိုးမြို့ မှာ နေထိုင်ကြပါတယ်။ တောင်ငူမြို့ မှာ လက်ရှိ ဦးစောနိင်(ရှမ်းပြည်) ရဲ့ ညီမအရင်း (2)ယောက်မိသားစုတွေနဲ့ မြေးတွေ တူ/တူမတွေရှိနေပါတယ်။တနည်းအားဖြင့် တစ်ကောင်ကြွက်မဟုတ်ပါဘူး။ရန်ကုန်မှာ လက်ရှိ ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာ ဥက္ကဌ ဦးဝင်းမြိုင် ဟာလဲ ဦးစောနိင်(ရှမ်းပြည်)ရဲ့ ညီအငယ်ဆုံးပါ။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 5

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 6

ဘာကြောင့် ဒါတွေပြောနေရလဲ ဆိုရင် ရုပ်ရှင်အစည်းအရုံးရဲ့  လုပ်ရပ်တွေကို တနည်းအားဖြင့် မကျေနပ်လို့ပါ။ရွံလို့ပါ။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 7
ကျနော်တို့ ငွေ မလိုချင်ပါဘူး။ ဘဘ ရဲ့ ဈာပနကို လှပအောင် ကျနော်တို့ နယ်မြို့ လေးပေမယ့် ကျိုးစားဆောင်ရွက်ပေးနိင်ပါတယ်။ ငွေ လိုချင်လို့ ဒီစာ ဒီစကား ရေးခြင်းမဟုတ်ကြောင်း စာပြီးဆုံးရင် သဘောပေါက်ပါလိမ့်မယ်။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 8
ကျနော်တို့ မျှော်လင့်ခဲ့တယ်။ ဘဘဦးစောနိင်(ရှမ်းပြည်) အရမ်းမြတ်နိုးတန်ဖိုးထားခဲ့တဲ့ အနူပညာရှင်တွေ ရုပ်ရှင်အစည်းအရုံးဥက္ကဌတွေ ဘဘ နာရေးကို အသိအမှတ်ပြု ရောက်လာကြလိမ့်မယ် လို့။ (အသိအမှတ်ပြုရုံလေးသာ လိုချင်ခဲ့မိပါတယ်။ဘဘကအရမ်းမြတ်နိုးခဲ့ဘူးတဲ့လောကမို့)
လာတော့လာခဲ့ပါတယ်။ ဘဘရဲ့ ညီအရင်း သရုပ်ဆောင် ဦးဝင်းမြိုင် နဲ့ ဇာတ်ပို့သရုပ်ဆောင် ဇော်ဇော်အောင် နဲ့ ဇာတ်ညွှန်းရေးဆရာတစ်ဦး။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 9
ညီ အရင်းတော်စပ်တဲ့ ဦးဝင်မြိုင်ကို ဦးစောနိင်(ရှမ်းပြည်) အား ရုပ်ရှင်အစည်းအရုံးဝင် အဖြစ်မှ အပြီးတိုင် ထုတ်ပါယ်ကြောင်း အမိန့်စာပြန်ဖို့ တာဝန်ပေးလိုက်ပါတယ်။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 10
အို ! ရုပ်ရှင်လောကသား အပေါင်းတို့။
ညီ အရင်းက အစ်ကိုအရင်း ဈာပနမှာ အမိန့်စာပြန်ဖို့ ဘယ်လိုနှလုံးသားနဲ့ စေခိုင်းလိုက်လေသလဲ???
ရန်ကုန် နဲ့ အုတ်တွင်း (138)မိုင် ကားငှားလာရင်တောင် (3)နာရီခရီးလေးပဲရှိတဲ့ နေရာမှာ တချိန်က နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသား မင်းသမီးတွေ ရဲ့  အဖေမဖြစ်ဘူးခဲ့တာမရှိ၊ အဓိကဇာတ်ရုပ်၊ ပံ့ပိုးဇာတ်ရုပ်တွေမှာ အကောင်းမွန်ဆုံးနီးနီးသရုပ်ဆောင်ပေးခဲ့ပြီး သူအမြတ်နိုးဆုံး ရုပ်ရှင်လောကကြီးကနေ ကျမ္မာရေးလုံးလုံးမဟန်နိင်တော့မှ မတတ်သာလို့ ကျောခိုင်းခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီးတစ်ဦးရဲ့ နောက်ဆုံးခရီးကို သင်တို့ အစည်းအရုံးရဲ့ လုပ်ရပ်ဟာ နာကျဉ်းစရာပါ။
ဘဘ ရဲ့ နာရေးအတွက်တဲ့ (မကောင်းတတ်လို့လှုတဲ့အလှုမျိုး) အစည်းအရုံးက တစ်သိန်းခွဲကျပ်လှုဒါန်းပါတယ်။ ကျနော်တို့ငွေ မလိုပါဘူးဗျာ။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 11
ဦးစောနိင်(ရှမ်းပြည်) ရဲ့ ဈာပန ကို မိသားစုများ အုတ်တွင်း/တောင်ငူ (2)မြို့ ကအလှုရှင်များရဲ့ စေတနာအားတွေနဲ့ သိန်း(40)နီးပါးအကုန်ခံပြီး ကျနော်သဂြိုင်္လ်ပေးပြီးပါပြီ။ တစ်ကောင်ကြွက်မှမဟုတ်ပဲဗျာ။ ကျနော့်ကျောင်းက သံဃာ။ ကျနော်တစ်ဦးတည်းတာဝန်ယူဆိုလဲ ယူမှာပါပဲ။ကျနော်ကတော့တာဝန်ရှိရင်တာဝန်ယူရဲတယ်။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 12
ကျနော်တို့ မျှော်လင့်ခဲ့တယ်ဆိုတာ ဘဘ အရမ်းမြတ်နိုးတန်ဖိုးထားတဲ့ သူ့ရဲ့ ရုပ်ရှင်လောကသားတွေ သူ့အပေါ်လဲ သံယောဇဉ်ရှိပါလား ဆိုတာလေးကို ရင်ထဲ ဖြေသိမ့်ချင်တာပါ။လာကြပါတယ်ဆိုတဲ့စိတ်လေးနဲ့ ပူဆွေးမှုတွေကိုဖြေသိမ့်ချင်တာပါ။အလှုငွေ မလိုချင်ပါဘူး။ ဘဘ ကအရမ်းမြတ်နိုးလွန်းလို့ မိသားစုကိုတောင်ဥပေက္ခာပြုထားခဲ့တာပါ။

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 13

ခုတော့ဗျာ ညီအရင်းကို အစ်ကိုအရင်းဈာပနမှာ အစည်းအရုံးမှ အပြီးတိုင် ထုတ်ပါယ်ကြောင်း အမိန့်ပြန်ခိုင်းတဲ့ ခင်ဗျားတို့ လောကသားတွေကို ရွံလွန်းလို့ ခင်ဗျားတို့ လှုခဲ့တဲ့ အလှုငွေကို ခင်ဗျားတို့ ထပ်ပြီး ဥပေက္ဂာပြုထားသေးတဲ့ ဇာတ်ပို့ သရုပ်ဆောင် ကစ်ကစ် ထံသို့ ကျနော်ကိုယ်တိုင် ပြန်လှုပေးလိုက်ပါမယ်။(အလှုငွေလှုစဉ်က ဦးလေးကိုယ်တိုင်ဖြစ်နေ၍ အကြောင်းကြောင်းကြောင့်လက်ခံခဲ့သည်။ယခု အားလုံး သရုပ်ဆောင် ကစ်ကစ် အား ပြန်လည်လှုဒါန်းပါမည်)

ကွယ်လွန်သူ ဦးစောနိင် (ရှမ်းပြည်) ဟာတစ်ကောင်ကြွက်မဟုတ်ပါ  ရုပ်ရှင်အစည်းအရုံး သိစေရန် 14

ဘဘ လဲ မရှိတော့ပြီမို့ ခင်ဗျားတို့ ရုပ်ရှင်လောကသားတွေနဲ့လဲ ထပ်ပြီးပါတ်သက်စရာမရှိတော့ပါဘူးးးး။

 

စာနာစိတ်တွေ ကရုဏာတွေ အချင်းချင်းရိုင်းပင်းကူညီချင်စိတ်တွေ လျော့ပါးပျောက်ဆုံးနေတဲ့ ခင်ဗျား တို့ ရုပ်ရှင်အစည်းအရုံး အား ဒီနေရာမှနေ၍ ကျနော့်ဘဝထဲမှ အပြီးတိုင်ထုတ်ပါယ်လိုက်သည်။

မှတ်ချက်။ ။သတင်းစာထဲ ဝမ်းနည်းကြောင်းလေးထည့်ပေးရင်တောင်မှ မိသားစုတွေအတွက်ကျေနပ်စရာပါ။

(3.5.19) (10:00) အရှင်တေဇ(နာယကဆရာတော်)
ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း၊ ဈေးကျောင်းတိုက်၊အုတ်တွင်းမြို့ 